Tu-214 နှစ်စဉ်ထုတ်လုပ်မှုကို ၂၀၂၆ ခုနှစ်တွင် အစီးရေ ၂၀ အထိ တိုးမြှင့်ထုတ်လုပ်သွားမည်

0

Tu-214 နှစ်စဉ်ထုတ်လုပ်မှုကို ၂၀၂၆ ခုနှစ်တွင် အစီးရေ ၂၀ အထိ တိုးမြှင့်ထုတ်လုပ်သွားမည်

ရုရှားလုပ် PS-90A အင်ဂျင်ပါရှိသော ရုရှားနိုင်ငံ၏ ပထမဆုံး Tu-214 လေယာဉ်အား လာမည့်နှစ်တွင် လွှဲပြောင်းပေးအပ်နိုင်တော့မည်ဖြစ်ကြောင်း ရုရှားအစိုးရတာဝန်ရှိသူက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ United Aircraft Corporation သည် ၎င်း၏ Tu-214 လေယာဉ်များကို နှစ်စဉ်ထုတ်လုပ်မှုကို ၂၀၂၆ ခုနှစ်တွင် အစီးရေ ၂၀ အထိ တိုးမြှင့်လုပ်ဆောင်သွား နိုင်ဖွယ်ရှိသည်ဟု ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Denis Manturov က TASS အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“အမှတ်စဉ်လိုက် ထုတ်လုပ်မှု တိုးမြှင့်နိုင်ခြေကို အခု စဉ်းစားနေပါတယ်။ ကျွန်တော်တို့က နှစ်စဉ် လေယာဉ် အစီးရေ ၁၀ မှ ၅၀ ကြားအထိ ထုတ်လုပ်မှုပမာဏ၏ ပုံစံအမျိုးမျိုးဖြင့် ရည်မှန်းလုပ်ဆောင်နေကြတာပါ။ တစ်နှစ်လျှင် လေယာဉ် အစီး ၂၀ အထိ လျာထားထုတ်လုပ်သွားနိုင်ဖို့ ရှိပါတယ်။ ဒီထက်ပိုများပြီး ထုတ်မယ်ဆိုရင်လည်း ကုန်ကျစရိတ်များပြီး MS-21 ပရောဂျက်နှင့် မျှခြေတစ်ခုရမှာ မဟုတ်ပါဘူး” ဟု ရုရှားစက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးလည်းဖြစ်သူ Manturov က ပြောကြားခဲ့ပါသည်။

အလားအလာရှိသော ဝယ်ယူသူများထဲတွင် ရုရှားနိုင်ငံ Volga ဒေသရှိ တာတာစတန်သမ္မတနိုင်ငံ အခြေစိုက်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် UVT AERO ပါဝင်နေပါသည်။ ၎င်းကုမ္ပဏီသည် Tu-214 လေယာဉ် လေးစင်းကို ဝယ်ယူရန် စီစဉ်ထားသည်။ ရုရှား၏ အထင်ကရ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Aeroflot နှင့် စာချုပ်အရ ၂၀၃၀ ခုနှစ်တွင် လေယာဉ် အစင်း ၄၀ ခန့် ပို့ဆောင်ပေးရန် မျှော်မှန်းထားသည်။

ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆိုအရေးယူမှုများကြားတွင် ဥရောပနိုင်ငံများနှင့် အမေရိကန်တို့က ဝယ်ယူထားပြီးသော နိုင်ငံခြားလုပ် လေယာဉ်များအသစ်များ ရောင်းချပေးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတိုကို ငြင်းဆန်ခဲ့သည့်အတွက် United Aircraft Corporation က Tu-214 အရပ်ဘက်လေကြောင်းလိုင်းများအတွက် လေယာဉ်ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ အခြေခံအားဖြင့် ပထမဦးဆုံး Tu-204 လေယာဉ်သည် ပထမဆုံးအကြိမ် ပျံသန်းမှုကို ၁၉၈၉ ခုနှစ်တွင် လုပ်ဆောင်နိုင်ခဲ့သော်လည်း ဆိုဗီယက်ပြည်ထောင်စု (USSR) ပြိုလဲခြင်းနှင့် နောက်ဆက်တွဲ ငွေကြေးမလုံလောက်မှုများကြောင့် လေယာဉ်လုပ်ငန်း၏ အကြီးစားထုတ်လုပ်မှုကို အတားအဆီးများ ဖြစ်ခဲ့ရသည်။ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် UAC အမှုဆောင်အရာရှိချုပ် Yuri Slyusar က TASS နှင့် အင်တာဗျူးတစ်ခုတွင် ကော်ပိုရေးရှင်းသည် Tu-214 လေယာဉ်များကို တစ်နှစ်လျှင် လေယာဉ်ဆယ်စင်းအထိ ဆက်တိုက်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားသွားခဲ့သည်။

အစောပိုင်းတွင် သယ်ယူပို့ဆောင်ရေးဝန်ကြီး Vitaly Savelyev က Rossiya-1 ရုပ်သံလိုင်းအား Aeroflot လေကြောင်းလိုင်းအနေဖြင့် Tu-214 လေယာဉ်များအား လေကြောင်းလိုင်းအတွက် ပင်မကျောရိုး လေယာဉ်အမျိုးအစားအဖြစ် သတ်မှတ်ထားကြောင်း Rossiya-1 ရုပ်သံလိုင်းသို ပြောကြားခဲ့သည်။

Tu-214 annual production to be increased to 20 aircraft by 2026

သက်ထူးခန့်ပိုင်

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ

Share.

About Author

Leave A Reply