GLSDB ဗုံးများကို Tor-M2, Buk-M3, S-350 လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ပစ်ချနိုင်သည်ဟု ကျွမ်းကျင်သူ ပြောကြား

0

GLSDB ဗုံးများကို Tor-M2, Buk-M3, S-350 လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ပစ်ချနိုင်သည်ဟု ကျွမ်းကျင်သူ ပြောကြား

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များအသုံးပြုသည့် GLSDB (Ground-Launched Small Diameter Bomb) ဗုံးသည် Tor-M2၊ Buk-M3 နှင့် S-350 ကဲ့သို့သော ရုရှားတာတိုနှင့် တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိသည်ဟု စစ်ရေး-နိုင်ငံရေး ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုဗျူရို အကြီးအကဲ Alexander Mikhaylov က ပြောကြားခဲ့သည်။

အင်္ဂါနေ့အစောပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Igor Konashe- nkov က GLSDB စမတ်ဗုံးကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ပထမဆုံးအကြိမ် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းကဲ့သို့ မြေပြင်ပစ်လွှတ်လိုက်သော အသေးစား စမတ်ဗုံးများ တင်ပို့ရောင်းချမှုကို ဖေဖော်ဝါရီ ၃ ရက်တွင် ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့သည်။

Mikhaylov က GLSDB စမတ်ဗုံးများသည် အကွာအဝေး ၁၅၀ ကီလိုမီတာခန့်အထိ ပစ်လွှတ် တိုက်ခိုက်နိုင်စွမ်းရှိပြီး ဘက်စုံသုံး HIMARS ဒုံးပစ်လောင်ချာများမှ တပ်ဆင်ပစ်လွှတ်နိုင်ကြောင်း မှတ် ချက်ပြုခဲ့သည်။ GLSBD စမတ်ဗုံးကို ယခင်မျိုးဆက် လမ်းညွှန်မဲ့ ဒုံးပျံအင်ဂျင်ဖြင့် တွဲဆက်အသုံးပြုထားသော စမတ်ဗုံးအမျိုးအစားအဖြစ် ရိုးရိုးရှင်းရှင်း ရှုမြင်နိုင်ကြောင်း ၎င်းကဆိုသည်။

“ဒါကြောင့် ဗုံးဟာ ဒီအင်ဂျင်ကို အသုံးပြုပြီး လိုအပ်သလို အရှိန်မြှင့်ပျံသန်းနိုင်ပါတယ်။ စမတ်ဗုံးဟာ လိုအပ်တဲ့ အမြင့်ပေကို ရောက်တဲ့အခါ အမှီအခိုကင်းစွာ ဆက်လက်ပျံသန်းပြီး လမ်းကြောင်းပြောင်းလဲနိုင်ကာ ပစ်မှတ်ကို ထိမှန်ဖျက်ဆီးနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။ “ဟုတ်ပါတယ်၊ ဒီဗုံးဟာ ပစ်မှတ်ကို ချဉ်းကပ်တဲ့အခါ ရွေ့လျားနေတဲ့ဗုံးကို ပစ်မှတ်နဲ့ ပိုနီးကပ်တဲ့ အကွာအဝေးအရောက်မှာ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ပစ်ချနိုင်မှာ ဖြစ်ပါတယ်”ဟု ကျွမ်းကျင်သူက ပြောကြားခဲ့သည်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ် Buk-M2 ၊Buk-M3 နှင့် S-350 တို့ ပါရှိသည့် အဆင့်မြှင့်ထားတဲ့ဆော့ဖ်ဝဲလ်တွေက HIMARS ဒုံးပျံတွေကို ပစ်ချနိုင်စွမ်းရှိပြီး အလားတူ စနစ်များကိုလည်း ကြားဖြတ်တိုက်ခိုက်နိုင်စွမ်း ရှိကြပါတယ်”ဟု Mikhaylov က ပြောကြားသွားပါသည်။ “စကားမစပ် S-300V4 ဒုံးကျည်တွေနဲ့လည်း HIMARS ဒုံးပျံများကို အခါအားလျော်စွာ ပစ်ချနိုင်ခဲ့ပါတယ်”ဟု Mikhaylov က ပြောကြားခဲ့သည်။ GLSDB စမတ်ဗုံးသည် ကီလိုမီတာ ၂၀ အမြင့်ထိ ပျံသန်းနိုင်သည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။ “ဒါပေမယ့် အမြင့်ပေ ကန့်သတ်ချက်နဲ့ ပတ်သက်ပြီး တိကျတဲ့အချက်အလက် မရှိသေးပါဘူး” ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။

GLSDB bombs can be intercepted by Tor-M2, Buk-M3, S-350 air defense systems, expert says

သက်ထူးခန့်ပိုင်

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply