About Us
၁။ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ (ThayNinGa Institute for Strategic Studies) အား သေနင်္ဂမဂ္ဂဇင်းထုတ်ဝေရန် ၂၀၁၅ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် အလွတ်သဘောစတင်၍ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် ရန်ကုန်မြို့၌ ရုံးခန်းဖွင့်လှစ်ပြီး Institute အဖြစ်စတင် တည်ထောင်သည်။
၂။ အဖွဲ့၏ အမည်အား သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ (ThayNinGa Institute for Strategic Studies) (TISS)ဟု အမည်ဖြင့်ခေါ်တွင်စေခဲ့သည်။
၃။ ရည်မှန်းချက်။ မြန်မာနိုင်ငံရှိ စစ်မှုထမ်းဟောင်းလူငယ်အချို့နှင့် မဟာဗျူဟာစိတ်ဝင်စားသည့် လူငယ်များ စုပေါင်းထားသည့် တစ်ခုတည်းသော ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အရပ်ဘက် သုတေသနအဖွဲ့အစည်းအဖြစ် တည်ထောင်သွားရန် ဖြစ်သည်။
၎။ ရည်ရွယ်ချက်။ အောက်ပါအတိုင်း ဖြစ်သည်-
(က) နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီပါဝင်ဆောင်ရွက်သွားရန်။
(ခ) နိုင်ငံတစ်နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သော စစ်မဟာဗျူဟာဆိုင်ရာ အသိပညာများနှင်ပြောင်းလဲတိုးတက်လာသော စစ်ဖက်နည်းပညာများအား ဖြန့်ဝေပေးသွားရန်။
(ဂ) မျိုးဆက်သစ် လူငယ်များအကြား စစ်ပညာစာပေ လေ့လာမှု ပိုမိုထွန်းကားလာစေရန်။
(ဃ) ဒေသတွင်းနှင့် နိုင်ငံတကာ တပ်မတော်များ၏ ပြုပြင်ပြောင်းလဲမှုများအား သုတေသနပြု လေ့လာရန်။
(င) ပိုမိုကောင်းမွန်သော စစ်ဖက် – အရပ်ဖက် ဆက်ဆံရေး တည်ဆောက်ရေးကို သုတေသန ပြုခြင်းအားဖြင့် မြန်မာ့တပ်မတော်နှင့် ပြည်သူများအကြား ပေါင်းကူးသဖွယ် ဖြစ်စေရန်။
(စ) ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ရည်ညွှန်းစာကြည့်တိုက်တစ်ခုနှင့် သတင်းအချက်အလက်စင်တာ တစ်ခု တည်ထောင်သွားရန်။
(ဆ) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနပညာရှင်များ မွေးထုတ်ရန်။
(ဇ) နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကို အထောက်အကူဖြစ်စေမည့် အမျိုးသားလုံခြုံရေး၊ငြိမ်းချမ်းရေး၊မဟာဗျူဟာလေ့လာရေး တို့နှင့် စပ်လျဉ်းသည့် Strategic Review Talk အစီအစဉ်ကို အခါအားလျော်စွာ ပြင်ပ လူငယ်များ၊ပညာရှင်များ နှင့် ဆွေးနွေးခြင်းအစီအစဉ်ကို Institute ၏ Facebook Page နှင့် You Tube တို့တွင်ထုတ်လွှင့်ရန်။
(ဈ) နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကို အထောက်အကူဖြစ်စေမည့် အမျိုးသားလုံခြုံရေး၊ငြိမ်းချမ်းရေး၊မဟာဗျူဟာလေ့လာရေး တို့နှင့် စပ်လျဉ်းသည့် ဆောင်းပါးများကို ပြင်ပညာရှင်များ၊လူငယ်များ နှင့် Institute မှ လူငယ်များ စုစည်းရေးသားပြီး ထုတ်ဝေရန်။
၅။ အဖွဲ့၏ ဆောင်ပုဒ်မှာ- Knowledge, Strategy & Union (ဗဟုသုတ၊ မဟာဗျူဟာ နှင့် ပြည်ထောင်စု) ဖြစ်ပြီး ဗဟုသုတရှာမှီးခြင်းမှသည် မဟာဗျူဟာမြောက် ဝေဖန်ဆန်းစစ်ခြင်းသို့ တက်လှမ်းနိုင်ကြပြီး ပြည်ထောင်စုကြီး တည်မြဲခိုင်မာ အင်အားတောင့်တင်းနေစေရန် ရည်သန်အားထုတ်မည် ဖြစ်သည်။