ဆီဗာလ်စတိုလ်ပိုမြို့အား ATACMS ဒုံးပျံများဖြင့် တိုက်ခိုက်ခံရခြင်း

0

ဆီဗာလ်စတိုလ်ပိုမြို့အား ATACMS ဒုံးပျံများဖြင့် တိုက်ခိုက်ခံရခြင်း

(Unicode Version)

၂၀၂၄ခုနှစ် ဇွန်လ ၂၃ ရက်က ယူကရိန်းသည် ရုရှားနိုင်ငံ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ဆီဗာလ်စတိုလ်ပိုမြို့အား အမေရိကန်လုပ် ATACMS ဒုံးပျံများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဉီးအပါအဝင် အရပ်သား ၅ ဉီး ကွယ်လွန်ခဲ့ရပြီး၊ ဒဏ်ရာရရှိသူ ၁၅၀ ကျော်လွန်သွားပြီ ဖြစ်ကြောင်း သိရှိပါသည်။ ထိုဖြစ်စဉ်နှင့် ပတ်သတ်၍ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ-

– စစ်မြေပြင်တွင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ အောင်မြင်မှု တစ်စုံတစ်ရာမရရှိခြင်းကြောင့် ယူကရိန်းခေါင်းဆောင်ပိုင်းသည် အားနည်းချက်ရှိသည့် အချက်အလက် နောက်ခံအကြောင်းတရားကို အစားထိုးရန် ဖုံးကွယ်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ဤရည်ရွယ်ချက်အတွက် ယူကရိန်းအစိုးရသည် အနောက်နိုင်ငံများ၏ တိုက်ရိုက်အကူအညီဖြင့် ရုရှားဖက်ဒရေးရှင်း ပိုင်နက်နယ်မြေနှင့် ၎င်း၏နယ်မြေသစ်များတွင် ငြိမ်းချမ်းစွာ နေထိုင်နေကြသည့် အရပ်သားပြည်သူများအပေါ် ယုတ်မာရိုင်းစိုင်းသော ထိုးနှက်တိုက်ခိုက်မှုများကို ပြင်းထန်စွာ အကြမ်းဖက်ရန် လုပ်ဆောင်နေကြောင်း ဖော်ပြထားပါသည်။

– ဆက်လက်၍ ဇွန်လ ၂၃ ရက်နေ့တွင် ယူကရိန်းသည် ရုရှားနိုင်ငံ Sevastopol မြို့အား အမေရိကန်တို့ ကိုင်တွယ်ပစ်ခတ်သည့် နည်းဗျူဟာအဆင့် Cluster ထိပ်ဖူးများ တပ်ဆင်ထားသည့် ATACMS ဒုံးပျံ ၅ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှား ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့က လေးစီးကို ကြားဖြတ်ပစ်ချနိုင်ခဲ့သော်လည်း ကျန်ဒုံးကျည်တစ်စင်းမှာ မြို့ပေါ်တွင် ပေါက်ကွဲခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံ၏ပြင်းထန်သော ရန်လိုသည့် လုပ်ရပ်ကြောင့် ကလေးငယ် သုံးဦးအပါအဝင် အရပ်သားငါးဦး ကွယ်လွန်ခဲ့ရပြီး၊ ဒဏ်ရာရသူဦးရေ ၁၅၀ ကျော်သွားပြီ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

– ဝါရှင်တန်ရှိ အုပ်ထိန်သူများထံမှ ခွင့်ပြုချက်ဖြင့် ယူကရိန်းအစိုးရ သည် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့် ကလေးများသူငယ်များအား အသက်အန္တရာယ်ဖြစ်စေသည့် ပြင်းထန်သော ရာဇ၀တ်မှုများအား လုပ်ဆောင်ခဲ့သည်မှာ သေချာပါကြောင်း၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်က ပေးအပ်ထားသည့် လက်နက်များဖြင့် ရုရှဒေသများကို ထိုးနှက်တိုက်ခိုက်ရန်ခွင့်ပြုချက်ပေးပြီးနောက် ယူကရိန်းတို့အနေဖြင့် အပြစ်မရှိကြောင်း အပြည့်အဝ ခံစားနေကြကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် အမေရိကန် စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများသည် လက်နက်များအား ပစ်ခတ်ရန် စီစဉ်ခြင်း၊ ဂြိုလ်တု ကင်းထောက်ခြင်းများ လုပ်ဆောင်ပြီး ယူကရိန်း တပ်မတော်အား ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များ တည်နေရာကို ပံ့ပိုးပေးရုံသာမက ဒုံးကျည်များ ပစ်ခတ်မှု လမ်းကြောင်း အစီအစဉ်များကို တိုက်ရိုက် ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် အိမ်ဖြူတော်အနေဖြင့် ပင်တဂွန်မှ ပံ့ပိုးပေးသော ဒုံးကျည်များသည် မည်ကဲ့သို့သော ပစ်မှတ်များအား ချိန်ရွယ်ထားကြောင်းပြီး၊ ထိုတိုက်ခိုက်မှုများကို တားဆီးနိုင်စွမ်း ရှိသော်လည်း လိမ်ညာကာ မျက်စိမှိတ်ထားသည်ဟု ဖော်ပြထားပါသည်။

– ခရစ်ယာန်ဘာသာဝင်တို့၏ အဓိက အားလပ်ရက်များထဲမှ တစ်ခုဖြစ်သည့် Saint Trinity Sunday တွင် ဒုံးကျည်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်မှာ အံ့ဩဖွယ်ကောင်းကြောင်း၊ ယူကရိန်းအာဏာပိုင်များသည် ၎င်း၏ “ပြုလုပ်မြဲ ရိုးရာထုံးတမ်းဓလေ့ ရာဇ၀တ်မှု” ကို ကျူးလွန်ရန် ထိုနေ့ကို အထူးတလည်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကိယက်ဗ်အစိုးရ၏ ယနေ့အနှစ်သာရသည် ရုရှားနိုင်ငံနှင့် ဆက်နွှယ်နေသည့်အရာအားလုံးကို နက်ရှိုင်းစွာ မုန်းတီးနေခြင်းကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။

– လူသားဆန်မှုသည် ယူကရိန်းအစိုးရ၏ ထူးခြားသောအင်္ဂါရပ်တစ်ခုမဟုတ်ပါကြောင်း၊ သိသာ ထင်ရှားသည်မှာ ယူကရိန်းခေါင်းဆောင်များသည် အကြမ်းဖက်ဝါဒကို ငြင်းပယ်ခြင်းမပြုခြင်းနှင့် အမေရိကန် ခေါင်းကိုင်ဖခင်များ၏ တိုက်ရိုက်ပါဝင်မှုဖြင့် အများပြည်သူထံ အကြမ်းဖက်ဝါဒကို ဆောင်ကြဉ်းရန် ဆုံးဖြတ်ခဲ့သည်မှာ ထင်ရှားကြောင်း ဖော်ပြပါရှိပါသည်။

MGM-140 Army Tactical Missile System (ATACMS) သည် အမေရိကန် ကာကွယ်ရေးကုမ္ပဏီ Ling-Temco-Vought (LTV) မှ ဒီဇိုင်းထုတ်ပြီး ထုတ်လုပ်သည့် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး နောက်ပိုင်းတွင် Lockheed Martin က ဝယ်ယူခဲ့သည်။ ၎င်းတွင် လောင်စာခဲအသုံးပြုထားပြီး အရှည် ၁၃ ပေ (၄ မီတာ) နှင့် အချင်း ၂၄ လက်မ (၆၁၀ မီလီမီတာ) ရှိပြီး မျိုးကွဲအချို့သည် တာဝေး ၁၉၀ မိုင် (ကီလိုမီတာ ၃၀၀) အထိ ပစ်ခတ်နိုင်သည်။ ၎င်းဒုံးကျည်စနစ်အား M270 Multiple Launch Rocket System (MLRS) နှင့် ဘီးတပ် M142 High Mobility Artillery Rocket System (HIMARS) တို့မှ ပစ်ခတ်နိုင်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက တာဝေး ပိုမိုပစ်ခတ်နိုင်သည့် ATACMS ဒုံးကျည်မျိုးကွဲများအား အမေရိကန်က ယူကရိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ထိုမျိုးကွဲအား ပစ်ခတ်မည်ဆိုပါက အမေရိကန် ကျွမ်းကျင်သူများ လိုအပ်ကြောင်း ရုရှားတို့က ဆိုပါသည်။

ရုရှား-ယူကရိန်းစစ်ပွဲသည် ယခုအခါ ၂၈ လတာ ကာလအတွင်း ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ ယူကရိန်းတို့အနေဖြင့် အမေရိကန်တို့ ကိုင်တွယ်ပစ်ခတ်သည့် ATACMS  အား အသုံးပြု၍ ရုရှားနိုင်ငံအတွင်းသို့ ပစ်ခတ်ခြင်းအားဖြင့် အမေရိကန်တို့ တိုက်ရိုက်ပါဝင် တိုက်ခိုက်မှုနှင့်အတူ စစ်ပွဲသည်လည်း နောက်တဆင့်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်ပါသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

(Zawgyi Version)

ဆီဗာလ္စတိုလ္ပိုၿမိဳ႕အား ATACMS ဒုံးပ်ံမ်ားျဖင့္ တိုက္ခိုက္ခံရျခင္း

၂၀၂၄ခုႏွစ္ ဇြန္လ ၂၃ ရက္က ယူကရိန္းသည္ ႐ုရွားႏိုင္ငံ ခ႐ိုင္းမီးယားကြၽန္းဆြယ္ရွိ ဆီဗာလ္စတိုလ္ပိုၿမိဳ႕အား အေမရိကန္လုပ္ ATACMS ဒုံးပ်ံမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ကေလးငယ္ ၃ ဉီးအပါအဝင္ အရပ္သား ၅ ဉီး ကြယ္လြန္ခဲ့ရၿပီး၊ ဒဏ္ရာရရွိသူ ၁၅၀ ေက်ာ္လြန္သြားၿပီ ျဖစ္ေၾကာင္း သိရွိပါသည္။ ထိုျဖစ္စဥ္ႏွင့္ ပတ္သတ္၍ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ရာ-

– စစ္ေျမျပင္တြင္ ယူကရိန္းလက္နက္ကိုင္တပ္ဖြဲ႕မ်ား ေအာင္ျမင္မႈ တစ္စုံတစ္ရာမရရွိျခင္းေၾကာင့္ ယူကရိန္းေခါင္းေဆာင္ပိုင္းသည္ အားနည္းခ်က္ရွိသည့္ အခ်က္အလက္ ေနာက္ခံအေၾကာင္းတရားကို အစားထိုးရန္ ဖုံးကြယ္ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း၊ ဤရည္႐ြယ္ခ်က္အတြက္ ယူကရိန္းအစိုးရသည္ အေနာက္ႏိုင္ငံမ်ား၏ တိုက္႐ိုက္အကူအညီျဖင့္ ႐ုရွားဖက္ဒေရးရွင္း ပိုင္နက္နယ္ေျမႏွင့္ ၎၏နယ္ေျမသစ္မ်ားတြင္ ၿငိမ္းခ်မ္းစြာ ေနထိုင္ေနၾကသည့္ အရပ္သားျပည္သူမ်ားအေပၚ ယုတ္မာ႐ိုင္းစိုင္းေသာ ထိုးႏွက္တိုက္ခိုက္မႈမ်ားကို ျပင္းထန္စြာ အၾကမ္းဖက္ရန္ လုပ္ေဆာင္ေနေၾကာင္း ေဖာ္ျပထားပါသည္။

– ဆက္လက္၍ ဇြန္လ ၂၃ ရက္ေန႔တြင္ ယူကရိန္းသည္ ႐ုရွားႏိုင္ငံ Sevastopol ၿမိဳ႕အား အေမရိကန္တို႔ ကိုင္တြယ္ပစ္ခတ္သည့္ နည္းဗ်ဴဟာအဆင့္ Cluster ထိပ္ဖူးမ်ား တပ္ဆင္ထားသည့္ ATACMS ဒုံးပ်ံ ၅ စီးျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း၊ ႐ုရွား ႐ုရွားေလေၾကာင္း ကာကြယ္ေရးတပ္ဖြဲ႕က ေလးစီးကို ၾကားျဖတ္ပစ္ခ်ႏိုင္ခဲ့ေသာ္လည္း က်န္ဒုံးက်ည္တစ္စင္းမွာ ၿမိဳ႕ေပၚတြင္ ေပါက္ကြဲခဲ့ေၾကာင္း၊ ယူကရိန္းႏိုင္ငံ၏ျပင္းထန္ေသာ ရန္လိုသည့္ လုပ္ရပ္ေၾကာင့္ ကေလးငယ္ သုံးဦးအပါအဝင္ အရပ္သားငါးဦး ကြယ္လြန္ခဲ့ရၿပီး၊ ဒဏ္ရာရသူဦးေရ ၁၅၀ ေက်ာ္သြားၿပီ ျဖစ္ေၾကာင္း ေဖာ္ျပထားပါသည္။

– ဝါရွင္တန္ရွိ အုပ္ထိန္သူမ်ားထံမွ ခြင့္ျပဳခ်က္ျဖင့္ ယူကရိန္းအစိုးရ သည္ လူသားမ်ိဳးႏြယ္စုအေပၚ ရာဇဝတ္မႈ က်ဴးလြန္ျခင္းႏွင့္ ကေလးမ်ားသူငယ္မ်ားအား အသက္အႏၲရာယ္ျဖစ္ေစသည့္ ျပင္းထန္ေသာ ရာဇ၀တ္မႈမ်ားအား လုပ္ေဆာင္ခဲ့သည္မွာ ေသခ်ာပါေၾကာင္း၊ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က အေမရိကန္က ေပးအပ္ထားသည့္ လက္နက္မ်ားျဖင့္ ႐ုရွေဒသမ်ားကို ထိုးႏွက္တိုက္ခိုက္ရန္ခြင့္ျပဳခ်က္ေပးၿပီးေနာက္ ယူကရိန္းတို႔အေနျဖင့္ အျပစ္မရွိေၾကာင္း အျပည့္အဝ ခံစားေနၾကေၾကာင္း ေဖာ္ျပထားပါသည္။ ထို႔အျပင္ အေမရိကန္ စစ္ဘက္ဆိုင္ရာကြၽမ္းက်င္သူမ်ားသည္ လက္နက္မ်ားအား ပစ္ခတ္ရန္ စီစဥ္ျခင္း၊ ၿဂိဳလ္တု ကင္းေထာက္ျခင္းမ်ား လုပ္ေဆာင္ၿပီး ယူကရိန္း တပ္မေတာ္အား ႐ုရွားပိုင္နက္အတြင္းရွိ ပစ္မွတ္မ်ား တည္ေနရာကို ပံ့ပိုးေပး႐ုံသာမက ဒုံးက်ည္မ်ား ပစ္ခတ္မႈ လမ္းေၾကာင္း အစီအစဥ္မ်ားကို တိုက္႐ိုက္ ႀကီးၾကပ္ကြပ္ကဲခဲ့ေၾကာင္း၊ တစ္ခ်ိန္တည္းမွာပင္ အိမ္ျဖဴေတာ္အေနျဖင့္ ပင္တဂြန္မွ ပံ့ပိုးေပးေသာ ဒုံးက်ည္မ်ားသည္ မည္ကဲ့သို႔ေသာ ပစ္မွတ္မ်ားအား ခ်ိန္႐ြယ္ထားေၾကာင္းၿပီး၊ ထိုတိုက္ခိုက္မႈမ်ားကို တားဆီးႏိုင္စြမ္း ရွိေသာ္လည္း လိမ္ညာကာ မ်က္စိမွိတ္ထားသည္ဟု ေဖာ္ျပထားပါသည္။

– ခရစ္ယာန္ဘာသာဝင္တို႔၏ အဓိက အားလပ္ရက္မ်ားထဲမွ တစ္ခုျဖစ္သည့္ Saint Trinity Sunday တြင္ ဒုံးက်ည္မ်ားျဖင့္ အၾကမ္းဖက္ တိုက္ခိုက္မႈကို ျပဳလုပ္ခဲ့သည္မွာ အံ့ဩဖြယ္ေကာင္းေၾကာင္း၊ ယူကရိန္းအာဏာပိုင္မ်ားသည္ ၎၏ “ျပဳလုပ္ၿမဲ ႐ိုးရာထုံးတမ္းဓေလ့ ရာဇ၀တ္မႈ” ကို က်ဴးလြန္ရန္ ထိုေန႔ကို အထူးတလည္ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ ကိယက္ဗ္အစိုးရ၏ ယေန႔အႏွစ္သာရသည္ ႐ုရွားႏိုင္ငံႏွင့္ ဆက္ႏႊယ္ေနသည့္အရာအားလုံးကို နက္ရႈိင္းစြာ မုန္းတီးေနျခင္းကို ဆိုလိုေၾကာင္း ေဖာ္ျပထားပါသည္။

– လူသားဆန္မႈသည္ ယူကရိန္းအစိုးရ၏ ထူးျခားေသာအဂၤါရပ္တစ္ခုမဟုတ္ပါေၾကာင္း၊ သိသာ ထင္ရွားသည္မွာ ယူကရိန္းေခါင္းေဆာင္မ်ားသည္ အၾကမ္းဖက္ဝါဒကို ျငင္းပယ္ျခင္းမျပဳျခင္းႏွင့္ အေမရိကန္ ေခါင္းကိုင္ဖခင္မ်ား၏ တိုက္႐ိုက္ပါဝင္မႈျဖင့္ အမ်ားျပည္သူထံ အၾကမ္းဖက္ဝါဒကို ေဆာင္ၾကဥ္းရန္ ဆုံးျဖတ္ခဲ့သည္မွာ ထင္ရွားေၾကာင္း ေဖာ္ျပပါရွိပါသည္။

MGM-140 Army Tactical Missile System (ATACMS) သည္ အေမရိကန္ ကာကြယ္ေရးကုမၸဏီ Ling-Temco-Vought (LTV) မွ ဒီဇိုင္းထုတ္ၿပီး ထုတ္လုပ္သည့္ နည္းဗ်ဴဟာေျမာက္ ပဲ့ထိန္းဒုံးက်ည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ Lockheed Martin က ဝယ္ယူခဲ့သည္။ ၎တြင္ ေလာင္စာခဲအသုံးျပဳထားၿပီး အရွည္ ၁၃ ေပ (၄ မီတာ) ႏွင့္ အခ်င္း ၂၄ လက္မ (၆၁၀ မီလီမီတာ) ရွိၿပီး မ်ိဳးကြဲအခ်ိဳ႕သည္ တာေဝး ၁၉၀ မိုင္ (ကီလိုမီတာ ၃၀၀) အထိ ပစ္ခတ္ႏိုင္သည္။ ၎ဒုံးက်ည္စနစ္အား M270 Multiple Launch Rocket System (MLRS) ႏွင့္ ဘီးတပ္ M142 High Mobility Artillery Rocket System (HIMARS) တို႔မွ ပစ္ခတ္ႏိုင္သည္။

ၿပီးခဲ့သည့္ ဧၿပီလအတြင္းက တာေဝး ပိုမိုပစ္ခတ္ႏိုင္သည့္ ATACMS ဒုံးက်ည္မ်ိဳးကြဲမ်ားအား အေမရိကန္က ယူကရိန္းအား ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။ ထိုမ်ိဳးကြဲအား ပစ္ခတ္မည္ဆိုပါက အေမရိကန္ ကြၽမ္းက်င္သူမ်ား လိုအပ္ေၾကာင္း ႐ုရွားတို႔က ဆိုပါသည္။

႐ုရွား-ယူကရိန္းစစ္ပြဲသည္ ယခုအခါ ၂၈ လတာ ကာလအတြင္း ေရာက္ရွိလာေနၿပီ ျဖစ္ပါသည္။ ယူကရိန္းတို႔အေနျဖင့္ အေမရိကန္တို႔ ကိုင္တြယ္ပစ္ခတ္သည့္ ATACMS  အား အသုံးျပဳ၍ ႐ုရွားႏိုင္ငံအတြင္းသို႔ ပစ္ခတ္ျခင္းအားျဖင့္ အေမရိကန္တို႔ တိုက္႐ိုက္ပါဝင္ တိုက္ခိုက္မႈႏွင့္အတူ စစ္ပြဲသည္လည္း ေနာက္တဆင့္သို႔ ေရာက္ရွိသြားၿပီဟု ဆိုႏိုင္ပါသည္။

ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕

The M57A1 Army Tactical Missile System missile is fired over the cab of an M142 High Mobility Artillery Rocket System launcher. New battle conditions call for the Army to have precision lethal and nonlethal fires that can be fired from land to produce effects in all domains, as joint, multidomain operations are expected to be increasingly common. (U.S. Army photo)

Share.

About Author

Leave A Reply