(သုတကမ္ဘာဂျာနယ် အတွဲ (၇) အမှတ် (၄) တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)
MiG-23 နှင့် MiG-27 တိုက်လေယာဥ်များ၏ ဒီဇိုင်းကို အခြေခံ၍ တိုက်လေယာဉ်အသစ်များ တီထွင်ရန် စီစဉ်နေသည့် ရုရှားနိုင်ငံ
နိဒါန်း
ရုရှားမီဒီယာ Kherson News က ၂၀၂၄ ခုနှစ် ဧပြီလ ၂ ရက်တွင် ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ ရုရှားသည် ၎င်း၏ သမိုင်းဝင် အထင်ကရတိုက်လေယာဥ်များဖြစ်သော MiG-23 နှင့် MiG-27 တို့၏ ဒီဇိုင်းများအပေါ်တွင်အခြေခံထားသည့် တိုက်လေယာဉ်အသစ်များ တီထွင်ခြင်းဖြင့် စစ်ဖက်လေကြောင်းစွမ်းအားကို မြှင့်တင်သွားရန် စီစဉ်နေကြောင်း သိရှိရပါသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ယူကရိန်းတွင် မကြာသေးမီက ထိတွေ့တိုက်ခိုက်မှု ဖြစ်စဉ်များမှ ရရှိလာသော စစ်ဆင်ရေးဆိုင်ရာ သုံးသပ်ချက်အမြင်များအရ တုံ့ပြန်လုပ်ဆောင်ခြင်းဖြစ်ပြီး၊ စစ်မြေပြင်တွင် တိကျသော ပဲ့ထိန်းလက်နက်စနစ်များ၏ သိသာထင်ရှားသော အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြခြင်းလည်း ဖြစ်သည်။
ခေတ်သစ်စစ်မြေပြင်နှင့် ကိုက်ညီသည့် တိုက်လေယာဉ်သစ် ဖန်တီးခြင်း
အဆိုပါ အစပျိုးလုပ်ဆောင်မှုသည် လက်နက်အများအပြား တပ်ဆင်ပစ်ခတ်နိုင်ပြီး၊ အစုလိုက်အပြုံလိုက် အလွယ်တကူ ထုတ်လုပ်နိုင်သည့် တိုက်လေယာဉ်များဖြင့် ရုရှားအာကသလေကြောင်းတပ်ဖွဲ့အား တိုးချဲ့ဖွဲ့စည်းကာ ၎င်း၏ လေကြောင်းစွမ်းအားကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ယူကရိန်းစစ်မြေပြင်တွင် ဆင်နွှဲနေသည့် စစ်ဆင်ရေးအတွေ့အကြုံများအရ ရှေ့တန်းစစ်မြေပြင်၌ ချီစစ်ဆင်နွှဲရာတွင်တိကျပဲ့ထိန်းလက်နက်စနစ်များ၏ အရေးပါသည့် အခန်းကဏ္ဍအား မီးမောင်းထိုးပြနေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့်များပြားလှသည့် လက်နက်ခဲယမ်းများအား သယ်ဆောင် တိုက်ပွဲဝင်နိုင်စွမ်းရှိခြင်းနှင့် အလွယ်တကူ ထုတ်လုပ်နိုင်စွမ်းရှိခြင်းစသည့် စွမ်းရည်များအား ပေါင်းစပ်ထားသည့် တိုက်လေယာဉ်အမျိုးအစားတစ်ခု လိုအပ်နေကြောင်း Kherson သတင်းဌာနက ၎င်းရရှိသည့် သတင်းအချက်အလက်များအား ကိုးကား၍ဖော်ပြထားပါသည်။
ဆိုဗီယက်ခေတ် MiG-23 နှင့် ၎င်းမှ ဆင်းသက်လာသော MiG-27 တိုက်လေယာဉ်တို့အား ပေါင်းစပ်ထားသည့် စိတ်ကူးစိတ်သန်းဖြင့် ဒီဇိုင်းထုတ် ရေးဆွဲထားသည့် အဆိုပါ တိုက်လေယာဉ်အသစ်ကို တီထွင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပါသည်။ ၎င်းပရောဂျက်သည် ခေတ်သစ် စစ်ပွဲဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ခေတ်မီလက်နက်နှင့် ပျံသန်းမှုစနစ်များအား အဆိုပါလေယာဉ်များ၏ ခန့်ညားထည်ဝါ ကြောက်မက်ဖွယ်ရာ အမွေအနှစ်တို့ဖြင့် ပေါင်းစပ်ရန် ကြိုးပမ်းထားခြင်း ဖြစ်သည်။
ရုရှားကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ တာဝန်ရှိသူတစ်ဉီးက “ဆိုဗီယက်တိုက်လေယာဉ်များဖြစ်သည့် MiG-23 နှင့် MiG-27 တို့၏ စစ်မြေပြင်တွင် နာမည်ကျော် ပွဲတွေ့ ဒီဇိုင်းအား ခေတ်မီနည်းပညာနှင့် လက်နက်စနစ်များဖြင့် ပေါင်းစပ် အသုံးချရန် လုပ်ဆောင်နေပါသည်။ ဤစွန့်စားလုပ်ဆောင်မှုသည် ယခင်တိုက်လေယာဉ်များ၏ အစဉ်အလာကို ဆက်ခံလျက် ခေတ်သစ်စစ်မြေပြင်အခြေအနေများဖြင့် ကိုက်ညီသော စနစ်များ ပြည့်စုံစွာ တပ်ဆင်ထားသည့် ဆန်းသစ်သော တိုက်လေယာဉ်သစ်အား ဖန်တီးခြင်းဖြစ်သည်”ဟု မှတ်ချက်ပြုပါသည်။
ဖော်ပြထားသည့်သတင်းအချက်အလက်များသည် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ ဝန်းကျင်ခန့်တွင် ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း ယုံကြည်စိတ်ချရမှု ရှိပါသည်။ ရုရှားတပ်မတော်သည် ဒုတိယကမ္ဘာစစ်ကာလအတွင်းက အစပျိုး ထုတ်လုပ်လာသည့် T-54 ပင်မတိုက်ပွဲဝင် တင့်ကားများနှင့် BTR-50 သံချပ်ကာလူသယ်ယာဉ်များအား ယခုစစ်ပွဲတွင် ဆက်လက် အသုံးပြုနေသည် ဟူသောအချက်အား သတိပြုရန်လည်း အရေးကြီးပါသည်။
ထို့အပြင် ၎င်းတို့သည် T-62 တင့်ကားများအား အဆင့်မြှင့်တင်ခြင်း၊ BTR-90 တိုက်ယာဉ်၏ ကနဦးရှေ့ပြေးပုံစံများအား တပ်ဖြန့်ချထားနိုင်ရန် ပြင်ဆင်ခြင်း၊ Tu-22 အသံထက်မြန်သော ဗုံးကြဲလေယာဉ်များအား ပြန်လည်ထုတ်လုပ်ရန် ပြင်ဆင်နေခြင်းနှင့် ၂၅ နှစ်ကြာ ရပ်နားထားသည့် Antonov An-124 Ruslan သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးအား ပြန်လည်အသုံးပြုရန် စီစဉ်နေခြင်း စသည်တို့ကို လုပ်ဆောင်နေပါသည်။
MiG-23 တိုက်လေယာဉ်
Mikoyan-Gurevich ဒီဇိုင်းဗျူရိုမှ ဒီဇိုင်းထုတ်ထားသည့် MiG-23 တိုက်လေယာဉ်အား ၁၉၆၉ ခုနှစ်တွင် စတင် မိတ်ဆက်အသုံးခဲ့ပြီး ၎င်း၏ ရှေ့က MiG-21 နှင့် နှိုင်းယှဉ်ပါက ဆိုဗီယက်စစ်ဖက် လေကြောင်း တိုးတက်မှုအား ထုတ်ဖော်ပြသနိုင်ခဲ့သည်။ ၎င်းတွင် ပိုမိုကောင်းမွန်သော လေကြောင်းပျံသန်းမှုဆိုင်ရာ ကိရိယာများနှင့် မြင်တာလွန် ထိတွေ့တိုက်ခိုက်ခြင်းတို့အတွက် အဆင့်မြင့်လက်နက်စနစ်များနှင့် ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်းတို့အား ပိုမိုအဆင်ပြေ ချောမွေ့စေနိုင်သော ပုံစံပြောင်းလဲနိုင်သည့် အတောင်ပံများ (Variable-Geometry Wings) တပ်ဆင်ပါရှိသည်။ General Dynamics F-111 နှင့် McDonnell Douglas F-4 Phantom II ကဲ့သို့သော အနောက်တိုင်းထုတ် တိုက်လေယာဉ်ဒီဇိုင်းများ လွှမ်းမိုးထားသည့် MiG-23 သည် ဆိုဗီယက်လေတပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော အင်ဂျင်တစ်လုံးတပ် တိုက်လေယာဉ် ဖြစ်သည်။
MiG-23 တွင် တပ်ဆင်နိုင်သော လက်နက်များတွင် ဒုံးကျည်များ၊ ဗုံးများနှင့် ၂၃ မီလီမီတာ စက်အမြောက်များ ပါဝင်ရာ ဝေဟင်မှ ဝေဟင် သို့မဟုတ် မြေပြင်တိုက်ခိုက်ရေး တာဝန်များအလိုက် ပြောင်းလဲ တပ်ဆင်နိုင်သည်။ MiG-23 သည်အသံထက် ၂ ဒဿမ ၃၅ ဆ အမြန်နှုန်းဖြင့် ပျံသန်း တိုက်ပွဲဝင်နိုင်ပါသည်။ နျူကလီးယားလက်နက် တပ်ဆင် တိုက်ခိုက်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း မရှိသော်လည်း ၎င်း၏ ဘက်စုံစွမ်းဆောင်နိုင်မှုသည် အီရန်-အီရတ်စစ်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲနှင့် လစ်ဗျားပြည်တွင်းစစ်ကဲ့သို့သော ပဋိပက္ခများတွင် လွန်စွာ အသုံးဝင်စေပါသည်။
MiG-27 တိုက်လေယာဥ်
၁၉၇၅ ခုနှစ်တွင် မိတ်ဆက်ခဲ့သည့် MiG-27 တိုက်လေယာဥ်သည် MiG-23 မှ ဆင်းသက်လာသော မြေပြင်တိုက်ခိုက်ရေးလေယာဉ် ဖြစ်သည်။ ၎င်းသည် ဆိုဗီယက်နှင့် ဝါဆောစာချုပ်အဖွဲ့ဝင် နိုင်ငံများ၏ လေတပ်များတွင် အဓိကတာဝန်ထမ်းဆောင်ခဲ့ပြီး MiG-23B/BN နှင့် Sukhoi Su-7 ကဲ့သို့သော မော်ဒယ်ဟောင်းများအား အစားထိုးရန် အသုံးပြုခဲ့သည်။ MiG-27 တွင်မြင်ကွင်း ပိုမိုကောင်းမွန်သော လေယာဉ်မောင်းခန်း၊ သံချပ်ကာအကာအကွယ်နှင့် ပြန်လည်ဒီဇိုင်းထုတ်ထားသော လေယာဉ် ဦးပိုင်းတို့ကဲ့သို့သော တိုးတက်မှုများ ပါရှိသည်။ ၎င်း၏လက်နက်များတွင် ဝေဟင်မှ မြေပြင်စစ်ဆင်ရေးများအတွက် အရေးပါသော ပစ်ခတ်မှု စွမ်းရည်မြင့်မားသည့် ၃၀ မီလီမီတာ စက်အမြောက်များ ပါရှိသည်။ ၎င်းတွင် တပ်ဆင်ထားသည့် ပြောင်း ၆ ခုတွဲ ၃၀ မီလီမီတာ GSh-6-30 စက်အမြောက်၏ နောက်ကန်အားကဲ့သို့ စိန်ခေါ်မှုများ ရင်ဆိုင်ရခြင်းနှင့် အာဖဂန်နစ္စတန်ကဲ့သို့သော စစ်နယ်ဝှမ်းများတွင် ပုခုံးထမ်း လေယာဉ်ပစ်လက်နက်များ (Man-Portable Air-Defence Systems –MANDAD) ၏ ခြိမ်းခြောက်မှုများကြောင့် အကန့်အသတ်များ ရှိသော်လည်း MiG-27 သည် အနိမ့်ပျံ တိုက်ခိုက်ရေးတာဝန်များအတွက် ယုံကြည်စိတ်ချရကြောင်း သက်သေပြနိုင်ခဲ့သည်။
MiG-23 နှင့် MiG-27 တိုက်လေယာဥ်များအား အဆင့်မြှင့်တင်ခြင်း
MiG-23 နှင့် MiG-27 တို့ကို ခေတ်ပြိုင်စံနှုန်းများနှင့် အညီ အဆင့်မြှင့်တင်ခြင်းများတွင် တိုက်ခိုက်ရေးစွမ်းရည်၊ ရှင်သန်နိုင်မှုနှင့် စွမ်းဆောင်ရည်တို့ကို မြှင့်တင်ရန် အဓိကထားပြီး၊ တပ်ဆင်ထားသည့် စနစ်များအား အရေးပါသော အဆင့်မြှင့်တင်မှုများ လုပ်ဆောင်မည် ဖြစ်သည်။ ဤလေယာဉ်များ၏ သမိုင်းဝင် အဆင့်မြှင့်တင်မှုများနှင့် မျိုးကွဲများအပေါ် အခြေခံ၍ ပြည့်စုံသော အဆင့်မြှင့်တင်မှုအစီအစဉ်တွင် လေကြောင်းနည်းပညာ၊ လက်နက်တပ်ဆင်မှု၊ တွန်းကန်အားစနစ်၊ အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်၊ လေယာဉ်ကိုယ်ထည် အဆင့်မြှင့်တင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု ပရိုတိုကောများကဲ့သို့သော စနစ်ခွဲများ ပါဝင်နိုင်သည်။
MiG-23P မျိုးကွဲတွင် တပ်ဆင်ထားသည့်အတိုင်း ပိုမိုကောင်းမွန်သောစွမ်းရည်များရှိသည့် အဆင့်မြင့်ရေဒါစနစ်များကို ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် ဝေဟင်မှ ဝေဟင် တိုက်ခိုက်ရေး စွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါသည်။ Active Electronically Scanned Array (AESA) ရေဒါများကို တပ်ဆင်ခြင်းအားဖြင့် Sapfir-23 နှင့် High Lark ရေဒါစနစ်များကဲ့သို့ အစောပိုင်းစနစ်များထက် ပစ်မှတ်အား ပိုမို ထောက်လှမ်းတွေ့ရှိနိုင်ခြင်း၊ ခြေရာခံနိုင်ခြင်းနှင့် ထိတွေ့တိုက်ခိုက်မှုစွမ်းရည်များကို မြှင့်တင်ပေးခြင်းဖြင့် သိသာထင်ရှားသော အကျိုးကျေးဇူးကို ပေးစွမ်းမည် ဖြစ်ပါသည်။ အဆင့်မြှင့်တင်ထားသည့်လေကြောင်း ပျံသန်းမှု ကွန်ပြူတာများ၊ ဒစ်ဂျစ်တယ်မြေပုံများ၊ ဘက်စုံသုံးမျက်နှာပြင်များ (MFDs) နှင့် Head-up displays (HUDs) တို့ပါဝင်သည့် ဒစ်ဂျစ်တယ် ပျံသန်းမှုစနစ်သို့ ပြောင်းလဲ တပ်ဆင်လိုက်ခြင်းအားဖြင့် လေကြောင်း လမ်းညွှန်မှု၊ အခြေအနေဆိုင်ရာ သတိပြုမိမှုနှင့် စစ်ဆင်ရေးတာဝန် ထိရောက်စွာ ထမ်းဆောင်နိုင်မှုတို့ကို တိုးတက်စေမည် ဖြစ်သည်။ ဥပမာအားဖြင့် MiG-23P ကဲ့သို့သော မျိုးကွဲများတွင် မြေပြင်ထိန်းချုပ်ရေးနှင့် ပိုမိုကောင်းမွန်စွာ ဆက်သွယ်နိုင်ရန်အတွက်အဆင့်မြင့် ရေဒါနှင့် လေကြောင်းပျံသန်းမှုစနစ်များ ပါဝင်သည်။
MiG-23 နှင့် MiG-27 တိုက်လေယာဉ်များ၏ လက်နက်စနစ်တွင် ခေတ်မီ ဝေဟင်မှ ဝေဟင်ပစ်နှင့် ဝေဟင်မှ မြေပြင်ပစ်လက်နက်များ၊ တိကျစွာလမ်းညွှန် ပဲထိန်း လက်နက်စနစ်များအပြင် နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်များ အပါအဝင် ပိုမိုကျယ်ပြန့်သော လက်နက်များ တပ်ဆင်ခြင်းဖြင့် လေယာဉ်၏ ပစ်ခတ်တိုက်ခိုက်နိုင်မှုစွမ်းရည်ကို သိသိသာသာ တိုးမြင့်လာစေမည် ဖြစ်သည်။ အထူးသဖြင့် ပိုမိုခေတ်မီသော စက်အမြောက်များ တပ်ဆင်ခြင်းဖြင့်လည်း ၎င်းတို့၏ စွမ်းရည်ကို တိုးမြင့်လာစေမည် ဖြစ်သည်။ ဥပမာအားဖြင့် လေဆာလမ်းညွှန်ဗုံးများနှင့် မြင်တာလွန် ဒုံးများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် လေယာဉ်သည် ပစ်မှတ်များကို ပိုမိုတိကျစွာ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
အာဖဂန်နစ္စတန်တွင် တပ်ဖြန့်ချထားခဲ့ဘူးသော MiG-27 များအား တောတောင်ထူထပ် မြင့်မားသည့် မြေမျက်နှာသွင်ပြင်နှင့် လိုက်လျောညီထွေဖြစ်စေရန် အင်ဂျင်စွမ်းဆောင်ရည်နှင့် လေခွင်းအား ထိရောက်မှုတို့အား အဆင့်မြှင့်တင်သကဲ့သို့ပင်ထပ်မံတည်ဆောက်မည့် တိုက်လေယာဉ်သစ်များသည်လည်း မတူညီသော ပတ်ဝန်ကျင်အခြေအနေများ၏ ကန့်သတ်ချက်များအား ကျော်လွှား စစ်ဆင်နိုင်ရန် လိုအပ်ပါသည်။ အင်ဂျင်အဟောင်းများကို ပိုမိုခေတ်မီပြီး စွမ်းဆောင်ရည်မြင့်မားသည့်တာဘိုဖန်အင်ဂျင်များဖြင့် အစားထိုးရာတွင် ပိုမိုမြင့်မားသောတွန်းအား-အလေးချိန်အချိုး (Higher Thrust-to-Weight Ratios)၊ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ခြင်းနှင့် ယုံကြည်စိတ်ချရမှု မြှင့်တင်ပေးခြင်းတို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
ထို့အပြင် MiG-23ML မျိုးကွဲများတွင် အဆင့်မြှင့်တင်ထားမှုများနှင့် ဆင်တူသည့် နောက်ဆွဲအား လျှော့ချရန်နှင့် လှုပ်ရှား သွားလား စစ်ဆင်နိုင်မှုတို့ တိုးတက်လာစေရန် လေယာဉ်ကိုယ်အား ခေတ်မီရန် ပြုလုပ်ခြင်းဖြင့် MiG-23 နှင့် MiG-27 တို့အားအမြန်နှုန်း၊ လှုပ်ရှားသွားလာ တိုက်ခိုက်နိုင်မှုနှင့် ဆီစားနှုန်း သက်သာမှုတို့ကဲ့သို့သော နယ်ပယ်များတွင် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
MiG-23MLD မျိုးကွဲများတွင် တပ်ဆင်ထားသည့် အီလက်ထရွန်းနစ်စစ်ဆင်ရေးစနစ်များနှင့် Chaff နှင့် Flare Dispensers ကဲ့သို့သော Countermeasure Systems များအား ပေါင်းစပ်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်းသည် ယူကရိန်းကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်သည့် လေကြောင်းစစ်ဆင်ရေး နယ်ပယ်အတွင်း တိုက်လေယာဉ်၏ ရှင်သန်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ အနာဂတ်တိုက်လေယာဥ်အတွက် ဖြစ်နိုင်ချေရှိသော ရွေးချယ်မှုများတွင် ရေဒါလမ်းညွှန်နှင့် အနီအောက်ရောင်ခြည်သုံး ပဲ့ထိန်းဒုံးကျည်များ၏ ခြိမ်းခြောက်မှုများကို ကာကွယ်ရေးအတွက် BVP-50-60 Flare Dispensers နှင့် ဆင်တူသည့် စနစ်များ၊ သို့မဟုတ် ရန်သူရေဒါနှင့် ဒုံးကျည်စနစ်များကို ဖိဖျက် ဟန့်တားရန် အဆင့်မြင့် အီလက်ထရွန်နစ် တန်ပြန်မှု ဖိဖျက်မှုစနစ်များ (Electronic Countermeasures Suit – ECM) ပါဝင်နိုင်ပါသည်။
MiG-23 နှင့် MiG-27 တို့၏ လေယာဉ်မောင်းခန်း သံချပ်ကာများ တိုးမြှင့် တပ်ဆင်ခြင်းနှင့် မီးလောင်မှုဒဏ် ခံနိုင်ရည်ရှိသော လောင်စာဆီကန်များကို တပ်ဆင်ခြင်းဖြင့် လေယာဉ်မှူးအတွက်အကာအကွယ်ကို ပိုမိုကောင်းမွန်စေပြီး မြေပြင်တိုက်ခိုက်ရေးအတွက် ထုတ်လုပ်ထားသည့် MiG-23B နှင့် အဆင့်တူညီသွားမည် ဖြစ်ကာ လေယာဉ်၏ ရှင်သန်တိုက်ခိုက်နိုင်စွမ်းကို သိသာထင်ရှားစွာ တိုးတက်စေပါသည်။ မြေပြင်တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင်ရာတွင် လေကြောင်းလမ်းညွှန်မှု စနစ်များနှင့် ပစ်မှတ်ရှာဖွေမှုစနစ်များ၊ အနီအောက်ရောင်ခြည်းသုံး ပစ်မှာရှာစနစ် (Forward-Looking Infrared-FLIR) နှင့် လေဆာပစ်မှတ်ရှာစနစ်တို့အား အဆင့်မြှင့်တင်ခြင်းနှင့် အနီးကပ်လေကြောင်းပစ်ကူပေးတာဝန်များ ထမ်းဆောင်ရာတွင် ဗုံးကြဲခြင်း တိကျမှုကို မြှင့်တင်ရန်တို့အတွက် အလိုအလျောက်မောင်းနှင်သည့် စနစ်များလည်း ပါဝင်မည် ဖြစ်သည်။
နိဂုံး
Su-34 နှင့် Su-57 တိုက်လေယာဥ်တို့နှင့် နှိုင်းယှဉ်ပါက အဆင့်မြှင့်တင်ထားသော MiG-23 နှင့် MiG-27 တို့အတွက် မော်ဂျူလာဒီဇိုင်းပြုလုပ်ထားသည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် ပိုမိုရိုးရှင်းပါသည်။ ကုန်ကျစရိတ်သက်သာသော စစ်ဆင်ရေးနှင့် အထောက်အကူပြုမှုများအတွက် Lifecycle Management Solutions များကိုလည်း မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အကောင်းအထည်ဖော်ဆောင်သွားမည့် အစီအစဉ်တွင် လေယာဥ်ပျံသန်းမှုအတွက် သီးသန့် ဆင်မြူလေတာများ ထုတ်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်မှုများအား အကောင်းဆုံးအသုံးပြုနိုင်ရန်အတွက် လေသူရဲများအား ပြင်ဆင်ပေးရန် လေ့ကျင့်ရေး အစီအစဉ်များလည်း ပါဝင်ပါသည်။ ရုရှားတို့သည် စစ်ပွဲအတွင်း ရရှိလာသော သင်ခန်းစာများကို ချက်ချင်း ဖော်ထုတ်လျက် စစ်ပွဲအတွင်းမှာပင် လေ့လာသင်ယူခြင်း (Learn under Fire) ကို လက်တွေ့ကျကျ အသုံးကျပြုနေရာ အနာဂတ်တွင် စစ်ပွဲနှင့် ကိုက်ညီသည့် မည်သည့်တိုက်လေယာဥ်သစ်များ ထွက်ပေါ်လာမည်ကို ဆက်လက် စောင့်ကြည့်သွားရပါမည်။
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
#NaingSweOo
ရင်းမြစ်။ Russia plans to develop new fighter aircraft based on MiG-23 and MiG-27 designs, Army Recognition, 4 April 2024
(Zawgyi)
(သုတကမာၻဂ်ာနယ္ အတြဲ (၇) အမွတ္ (၄) တြင္ ေဖာ္ျပပါရွိေသာ ေဆာင္းပါး ျဖစ္ပါသည္။)
MiG-23 ႏွင့္ MiG-27 တိုက္ေလယာဥ္မ်ား၏ ဒီဇိုင္းကို အေျခခံ၍ တိုက္ေလယာဥ္အသစ္မ်ား တီထြင္ရန္ စီစဥ္ေနသည့္ ႐ုရွားႏိုင္ငံ
နိဒါန္း
႐ုရွားမီဒီယာ Kherson News က ၂၀၂၄ ခုႏွစ္ ဧၿပီလ ၂ ရက္တြင္ ထုတ္ျပန္သည့္ သတင္းအခ်က္အလက္မ်ားအရ ႐ုရွားသည္ ၎၏ သမိုင္းဝင္ အထင္ကရတိုက္ေလယာဥ္မ်ားျဖစ္ေသာ MiG-23 ႏွင့္ MiG-27 တို႔၏ ဒီဇိုင္းမ်ားအေပၚတြင္အေျခခံထားသည့္ တိုက္ေလယာဥ္အသစ္မ်ား တီထြင္ျခင္းျဖင့္ စစ္ဖက္ေလေၾကာင္းစြမ္းအားကို ျမႇင့္တင္သြားရန္ စီစဥ္ေနေၾကာင္း သိရွိရပါသည္။ အဆိုပါ ဆုံးျဖတ္ခ်က္သည္ ယူကရိန္းတြင္ မၾကာေသးမီက ထိေတြ႕တိုက္ခိုက္မႈ ျဖစ္စဥ္မ်ားမွ ရရွိလာေသာ စစ္ဆင္ေရးဆိုင္ရာ သုံးသပ္ခ်က္အျမင္မ်ားအရ တုံ႔ျပန္လုပ္ေဆာင္ျခင္းျဖစ္ၿပီး၊ စစ္ေျမျပင္တြင္ တိက်ေသာ ပဲ့ထိန္းလက္နက္စနစ္မ်ား၏ သိသာထင္ရွားေသာ အက်ိဳးသက္ေရာက္မႈကို မီးေမာင္းထိုးျပျခင္းလည္း ျဖစ္သည္။
ေခတ္သစ္စစ္ေျမျပင္ႏွင့္ ကိုက္ညီသည့္ တိုက္ေလယာဥ္သစ္ ဖန္တီးျခင္း
အဆိုပါ အစပ်ိဳးလုပ္ေဆာင္မႈသည္ လက္နက္အမ်ားအျပား တပ္ဆင္ပစ္ခတ္ႏိုင္ၿပီး၊ အစုလိုက္အၿပဳံလိုက္ အလြယ္တကူ ထုတ္လုပ္ႏိုင္သည့္ တိုက္ေလယာဥ္မ်ားျဖင့္ ႐ုရွားအာကသေလေၾကာင္းတပ္ဖြဲ႕အား တိုးခ်ဲ႕ဖြဲ႕စည္းကာ ၎၏ ေလေၾကာင္းစြမ္းအားကို ျမႇင့္တင္ရန္ ရည္႐ြယ္ျခင္း ျဖစ္သည္။ယူကရိန္းစစ္ေျမျပင္တြင္ ဆင္ႏႊဲေနသည့္ စစ္ဆင္ေရးအေတြ႕အႀကဳံမ်ားအရ ေရွ႕တန္းစစ္ေျမျပင္၌ ခ်ီစစ္ဆင္ႏႊဲရာတြင္တိက်ပဲ့ထိန္းလက္နက္စနစ္မ်ား၏ အေရးပါသည့္ အခန္းက႑အား မီးေမာင္းထိုးျပေနေၾကာင္း ေတြ႕ရွိရပါသည္။ ထို႔ေၾကာင့္မ်ားျပားလွသည့္ လက္နက္ခဲယမ္းမ်ားအား သယ္ေဆာင္ တိုက္ပြဲဝင္ႏိုင္စြမ္းရွိျခင္းႏွင့္ အလြယ္တကူ ထုတ္လုပ္ႏိုင္စြမ္းရွိျခင္းစသည့္ စြမ္းရည္မ်ားအား ေပါင္းစပ္ထားသည့္ တိုက္ေလယာဥ္အမ်ိဳးအစားတစ္ခု လိုအပ္ေနေၾကာင္း Kherson သတင္းဌာနက ၎ရရွိသည့္ သတင္းအခ်က္အလက္မ်ားအား ကိုးကား၍ေဖာ္ျပထားပါသည္။
ဆိုဗီယက္ေခတ္ MiG-23 ႏွင့္ ၎မွ ဆင္းသက္လာေသာ MiG-27 တိုက္ေလယာဥ္တို႔အား ေပါင္းစပ္ထားသည့္ စိတ္ကူးစိတ္သန္းျဖင့္ ဒီဇိုင္းထုတ္ ေရးဆြဲထားသည့္ အဆိုပါ တိုက္ေလယာဥ္အသစ္ကို တီထြင္ရန္ ႀကိဳးပမ္းမႈမ်ား လုပ္ေဆာင္ေနသည္ဟု သတင္းမ်ား ထြက္ေပၚလ်က္ရွိပါသည္။ ၎ပေရာဂ်က္သည္ ေခတ္သစ္ စစ္ပြဲဆိုင္ရာလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္သည့္ ေခတ္မီလက္နက္ႏွင့္ ပ်ံသန္းမႈစနစ္မ်ားအား အဆိုပါေလယာဥ္မ်ား၏ ခန႔္ညားထည္ဝါ ေၾကာက္မက္ဖြယ္ရာ အေမြအႏွစ္တို႔ျဖင့္ ေပါင္းစပ္ရန္ ႀကိဳးပမ္းထားျခင္း ျဖစ္သည္။
႐ုရွားကာကြယ္ေရး ပစၥည္းထုတ္လုပ္မႈဆိုင္ရာ တာဝန္ရွိသူတစ္ဉီးက “ဆိုဗီယက္တိုက္ေလယာဥ္မ်ားျဖစ္သည့္ MiG-23 ႏွင့္ MiG-27 တို႔၏ စစ္ေျမျပင္တြင္ နာမည္ေက်ာ္ ပြဲေတြ႕ ဒီဇိုင္းအား ေခတ္မီနည္းပညာႏွင့္ လက္နက္စနစ္မ်ားျဖင့္ ေပါင္းစပ္ အသုံးခ်ရန္ လုပ္ေဆာင္ေနပါသည္။ ဤစြန႔္စားလုပ္ေဆာင္မႈသည္ ယခင္တိုက္ေလယာဥ္မ်ား၏ အစဥ္အလာကို ဆက္ခံလ်က္ ေခတ္သစ္စစ္ေျမျပင္အေျခအေနမ်ားျဖင့္ ကိုက္ညီေသာ စနစ္မ်ား ျပည့္စုံစြာ တပ္ဆင္ထားသည့္ ဆန္းသစ္ေသာ တိုက္ေလယာဥ္သစ္အား ဖန္တီးျခင္းျဖစ္သည္”ဟု မွတ္ခ်က္ျပဳပါသည္။
ေဖာ္ျပထားသည့္သတင္းအခ်က္အလက္မ်ားသည္ ၂၀၂၄ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔ ဝန္းက်င္ခန႔္တြင္ ထြက္ေပၚလာျခင္း ျဖစ္ေသာ္လည္း ယုံၾကည္စိတ္ခ်ရမႈ ရွိပါသည္။ ႐ုရွားတပ္မေတာ္သည္ ဒုတိယကမာၻစစ္ကာလအတြင္းက အစပ်ိဳး ထုတ္လုပ္လာသည့္ T-54 ပင္မတိုက္ပြဲဝင္ တင့္ကားမ်ားႏွင့္ BTR-50 သံခ်ပ္ကာလူသယ္ယာဥ္မ်ားအား ယခုစစ္ပြဲတြင္ ဆက္လက္ အသုံးျပဳေနသည္ ဟူေသာအခ်က္အား သတိျပဳရန္လည္း အေရးႀကီးပါသည္။
ထို႔အျပင္ ၎တို႔သည္ T-62 တင့္ကားမ်ားအား အဆင့္ျမႇင့္တင္ျခင္း၊ BTR-90 တိုက္ယာဥ္၏ ကနဦးေရွ႕ေျပးပုံစံမ်ားအား တပ္ျဖန႔္ခ်ထားႏိုင္ရန္ ျပင္ဆင္ျခင္း၊ Tu-22 အသံထက္ျမန္ေသာ ဗုံးႀကဲေလယာဥ္မ်ားအား ျပန္လည္ထုတ္လုပ္ရန္ ျပင္ဆင္ေနျခင္းႏွင့္ ၂၅ ႏွစ္ၾကာ ရပ္နားထားသည့္ Antonov An-124 Ruslan သယ္ယူပို႔ေဆာင္ေရးေလယာဥ္ႀကီးအား ျပန္လည္အသုံးျပဳရန္ စီစဥ္ေနျခင္း စသည္တို႔ကို လုပ္ေဆာင္ေနပါသည္။
MiG-23 တိုက္ေလယာဥ္
Mikoyan-Gurevich ဒီဇိုင္းဗ်ဴ႐ိုမွ ဒီဇိုင္းထုတ္ထားသည့္ MiG-23 တိုက္ေလယာဥ္အား ၁၉၆၉ ခုႏွစ္တြင္ စတင္ မိတ္ဆက္အသုံးခဲ့ၿပီး ၎၏ ေရွ႕က MiG-21 ႏွင့္ ႏႈိင္းယွဥ္ပါက ဆိုဗီယက္စစ္ဖက္ ေလေၾကာင္း တိုးတက္မႈအား ထုတ္ေဖာ္ျပသႏိုင္ခဲ့သည္။ ၎တြင္ ပိုမိုေကာင္းမြန္ေသာ ေလေၾကာင္းပ်ံသန္းမႈဆိုင္ရာ ကိရိယာမ်ားႏွင့္ ျမင္တာလြန္ ထိေတြ႕တိုက္ခိုက္ျခင္းတို႔အတြက္ အဆင့္ျမင့္လက္နက္စနစ္မ်ားႏွင့္ ပ်ံတက္ျခင္းႏွင့္ ဆင္းသက္ျခင္းတို႔အား ပိုမိုအဆင္ေျပ ေခ်ာေမြ႕ေစႏိုင္ေသာ ပုံစံေျပာင္းလဲႏိုင္သည့္ အေတာင္ပံမ်ား (Variable-Geometry Wings) တပ္ဆင္ပါရွိသည္။ General Dynamics F-111 ႏွင့္ McDonnell Douglas F-4 Phantom II ကဲ့သို႔ေသာ အေနာက္တိုင္းထုတ္ တိုက္ေလယာဥ္ဒီဇိုင္းမ်ား လႊမ္းမိုးထားသည့္ MiG-23 သည္ ဆိုဗီယက္ေလတပ္၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ေသာ အင္ဂ်င္တစ္လုံးတပ္ တိုက္ေလယာဥ္ ျဖစ္သည္။
MiG-23 တြင္ တပ္ဆင္ႏိုင္ေသာ လက္နက္မ်ားတြင္ ဒုံးက်ည္မ်ား၊ ဗုံးမ်ားႏွင့္ ၂၃ မီလီမီတာ စက္အေျမာက္မ်ား ပါဝင္ရာ ေဝဟင္မွ ေဝဟင္ သို႔မဟုတ္ ေျမျပင္တိုက္ခိုက္ေရး တာဝန္မ်ားအလိုက္ ေျပာင္းလဲ တပ္ဆင္ႏိုင္သည္။ MiG-23 သည္အသံထက္ ၂ ဒႆမ ၃၅ ဆ အျမန္ႏႈန္းျဖင့္ ပ်ံသန္း တိုက္ပြဲဝင္ႏိုင္ပါသည္။ န်ဴကလီးယားလက္နက္ တပ္ဆင္ တိုက္ခိုက္ႏိုင္ရန္ ဒီဇိုင္းထုတ္ထားျခင္း မရွိေသာ္လည္း ၎၏ ဘက္စုံစြမ္းေဆာင္ႏိုင္မႈသည္ အီရန္-အီရတ္စစ္ပြဲ၊ ပင္လယ္ေကြ႕စစ္ပြဲႏွင့္ လစ္ဗ်ားျပည္တြင္းစစ္ကဲ့သို႔ေသာ ပဋိပကၡမ်ားတြင္ လြန္စြာ အသုံးဝင္ေစပါသည္။
MiG-27 တိုက္ေလယာဥ္
၁၉၇၅ ခုႏွစ္တြင္ မိတ္ဆက္ခဲ့သည့္ MiG-27 တိုက္ေလယာဥ္သည္ MiG-23 မွ ဆင္းသက္လာေသာ ေျမျပင္တိုက္ခိုက္ေရးေလယာဥ္ ျဖစ္သည္။ ၎သည္ ဆိုဗီယက္ႏွင့္ ဝါေဆာစာခ်ဳပ္အဖြဲ႕ဝင္ ႏိုင္ငံမ်ား၏ ေလတပ္မ်ားတြင္ အဓိကတာဝန္ထမ္းေဆာင္ခဲ့ၿပီး MiG-23B/BN ႏွင့္ Sukhoi Su-7 ကဲ့သို႔ေသာ ေမာ္ဒယ္ေဟာင္းမ်ားအား အစားထိုးရန္ အသုံးျပဳခဲ့သည္။ MiG-27 တြင္ျမင္ကြင္း ပိုမိုေကာင္းမြန္ေသာ ေလယာဥ္ေမာင္းခန္း၊ သံခ်ပ္ကာအကာအကြယ္ႏွင့္ ျပန္လည္ဒီဇိုင္းထုတ္ထားေသာ ေလယာဥ္ ဦးပိုင္းတို႔ကဲ့သို႔ေသာ တိုးတက္မႈမ်ား ပါရွိသည္။ ၎၏လက္နက္မ်ားတြင္ ေဝဟင္မွ ေျမျပင္စစ္ဆင္ေရးမ်ားအတြက္ အေရးပါေသာ ပစ္ခတ္မႈ စြမ္းရည္ျမင့္မားသည့္ ၃၀ မီလီမီတာ စက္အေျမာက္မ်ား ပါရွိသည္။ ၎တြင္ တပ္ဆင္ထားသည့္ ေျပာင္း ၆ ခုတြဲ ၃၀ မီလီမီတာ GSh-6-30 စက္အေျမာက္၏ ေနာက္ကန္အားကဲ့သို႔ စိန္ေခၚမႈမ်ား ရင္ဆိုင္ရျခင္းႏွင့္ အာဖဂန္နစၥတန္ကဲ့သို႔ေသာ စစ္နယ္ဝွမ္းမ်ားတြင္ ပုခုံးထမ္း ေလယာဥ္ပစ္လက္နက္မ်ား (Man-Portable Air-Defence Systems –MANDAD) ၏ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ အကန႔္အသတ္မ်ား ရွိေသာ္လည္း MiG-27 သည္ အနိမ့္ပ်ံ တိုက္ခိုက္ေရးတာဝန္မ်ားအတြက္ ယုံၾကည္စိတ္ခ်ရေၾကာင္း သက္ေသျပႏိုင္ခဲ့သည္။
MiG-23 ႏွင့္ MiG-27 တိုက္ေလယာဥ္မ်ားအား အဆင့္ျမႇင့္တင္ျခင္း
MiG-23 ႏွင့္ MiG-27 တို႔ကို ေခတ္ၿပိဳင္စံႏႈန္းမ်ားႏွင့္ အညီ အဆင့္ျမႇင့္တင္ျခင္းမ်ားတြင္ တိုက္ခိုက္ေရးစြမ္းရည္၊ ရွင္သန္ႏိုင္မႈႏွင့္ စြမ္းေဆာင္ရည္တို႔ကို ျမႇင့္တင္ရန္ အဓိကထားၿပီး၊ တပ္ဆင္ထားသည့္ စနစ္မ်ားအား အေရးပါေသာ အဆင့္ျမႇင့္တင္မႈမ်ား လုပ္ေဆာင္မည္ ျဖစ္သည္။ ဤေလယာဥ္မ်ား၏ သမိုင္းဝင္ အဆင့္ျမႇင့္တင္မႈမ်ားႏွင့္ မ်ိဳးကြဲမ်ားအေပၚ အေျခခံ၍ ျပည့္စုံေသာ အဆင့္ျမႇင့္တင္မႈအစီအစဥ္တြင္ ေလေၾကာင္းနည္းပညာ၊ လက္နက္တပ္ဆင္မႈ၊ တြန္းကန္အားစနစ္၊ အီလက္ထ႐ြန္နစ္စစ္ဆင္ေရးစနစ္၊ ေလယာဥ္ကိုယ္ထည္ အဆင့္ျမႇင့္တင္မႈႏွင့္ ျပဳျပင္ထိန္းသိမ္းမႈ ပ႐ိုတိုေကာမ်ားကဲ့သို႔ေသာ စနစ္ခြဲမ်ား ပါဝင္ႏိုင္သည္။
MiG-23P မ်ိဳးကြဲတြင္ တပ္ဆင္ထားသည့္အတိုင္း ပိုမိုေကာင္းမြန္ေသာစြမ္းရည္မ်ားရွိသည့္ အဆင့္ျမင့္ေရဒါစနစ္မ်ားကို ေပါင္းစပ္ထည့္သြင္းျခင္းျဖင့္ ေဝဟင္မွ ေဝဟင္ တိုက္ခိုက္ေရး စြမ္းရည္ကို သိသိသာသာ ျမႇင့္တင္ေပးႏိုင္ပါသည္။ Active Electronically Scanned Array (AESA) ေရဒါမ်ားကို တပ္ဆင္ျခင္းအားျဖင့္ Sapfir-23 ႏွင့္ High Lark ေရဒါစနစ္မ်ားကဲ့သို႔ အေစာပိုင္းစနစ္မ်ားထက္ ပစ္မွတ္အား ပိုမို ေထာက္လွမ္းေတြ႕ရွိႏိုင္ျခင္း၊ ေျခရာခံႏိုင္ျခင္းႏွင့္ ထိေတြ႕တိုက္ခိုက္မႈစြမ္းရည္မ်ားကို ျမႇင့္တင္ေပးျခင္းျဖင့္ သိသာထင္ရွားေသာ အက်ိဳးေက်းဇူးကို ေပးစြမ္းမည္ ျဖစ္ပါသည္။ အဆင့္ျမႇင့္တင္ထားသည့္ေလေၾကာင္း ပ်ံသန္းမႈ ကြန္ျပဴတာမ်ား၊ ဒစ္ဂ်စ္တယ္ေျမပုံမ်ား၊ ဘက္စုံသုံးမ်က္ႏွာျပင္မ်ား (MFDs) ႏွင့္ Head-up displays (HUDs) တို႔ပါဝင္သည့္ ဒစ္ဂ်စ္တယ္ ပ်ံသန္းမႈစနစ္သို႔ ေျပာင္းလဲ တပ္ဆင္လိုက္ျခင္းအားျဖင့္ ေလေၾကာင္း လမ္းၫႊန္မႈ၊ အေျခအေနဆိုင္ရာ သတိျပဳမိမႈႏွင့္ စစ္ဆင္ေရးတာဝန္ ထိေရာက္စြာ ထမ္းေဆာင္ႏိုင္မႈတို႔ကို တိုးတက္ေစမည္ ျဖစ္သည္။ ဥပမာအားျဖင့္ MiG-23P ကဲ့သို႔ေသာ မ်ိဳးကြဲမ်ားတြင္ ေျမျပင္ထိန္းခ်ဳပ္ေရးႏွင့္ ပိုမိုေကာင္းမြန္စြာ ဆက္သြယ္ႏိုင္ရန္အတြက္အဆင့္ျမင့္ ေရဒါႏွင့္ ေလေၾကာင္းပ်ံသန္းမႈစနစ္မ်ား ပါဝင္သည္။
MiG-23 ႏွင့္ MiG-27 တိုက္ေလယာဥ္မ်ား၏ လက္နက္စနစ္တြင္ ေခတ္မီ ေဝဟင္မွ ေဝဟင္ပစ္ႏွင့္ ေဝဟင္မွ ေျမျပင္ပစ္လက္နက္မ်ား၊ တိက်စြာလမ္းၫႊန္ ပဲထိန္း လက္နက္စနစ္မ်ားအျပင္ နည္းဗ်ဴဟာေျမာက္ န်ဴးကလီးယားလက္နက္မ်ား အပါအဝင္ ပိုမိုက်ယ္ျပန႔္ေသာ လက္နက္မ်ား တပ္ဆင္ျခင္းျဖင့္ ေလယာဥ္၏ ပစ္ခတ္တိုက္ခိုက္ႏိုင္မႈစြမ္းရည္ကို သိသိသာသာ တိုးျမင့္လာေစမည္ ျဖစ္သည္။ အထူးသျဖင့္ ပိုမိုေခတ္မီေသာ စက္အေျမာက္မ်ား တပ္ဆင္ျခင္းျဖင့္လည္း ၎တို႔၏ စြမ္းရည္ကို တိုးျမင့္လာေစမည္ ျဖစ္သည္။ ဥပမာအားျဖင့္ ေလဆာလမ္းၫႊန္ဗုံးမ်ားႏွင့္ ျမင္တာလြန္ ဒုံးမ်ားကို ေပါင္းစပ္အသုံးျပဳျခင္းျဖင့္ ေလယာဥ္သည္ ပစ္မွတ္မ်ားကို ပိုမိုတိက်စြာ တိုက္ခိုက္ႏိုင္မည္ ျဖစ္သည္။
အာဖဂန္နစၥတန္တြင္ တပ္ျဖန႔္ခ်ထားခဲ့ဘူးေသာ MiG-27 မ်ားအား ေတာေတာင္ထူထပ္ ျမင့္မားသည့္ ေျမမ်က္ႏွာသြင္ျပင္ႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစရန္ အင္ဂ်င္စြမ္းေဆာင္ရည္ႏွင့္ ေလခြင္းအား ထိေရာက္မႈတို႔အား အဆင့္ျမႇင့္တင္သကဲ့သို႔ပင္ထပ္မံတည္ေဆာက္မည့္ တိုက္ေလယာဥ္သစ္မ်ားသည္လည္း မတူညီေသာ ပတ္ဝန္က်င္အေျခအေနမ်ား၏ ကန႔္သတ္ခ်က္မ်ားအား ေက်ာ္လႊား စစ္ဆင္ႏိုင္ရန္ လိုအပ္ပါသည္။ အင္ဂ်င္အေဟာင္းမ်ားကို ပိုမိုေခတ္မီၿပီး စြမ္းေဆာင္ရည္ျမင့္မားသည့္တာဘိုဖန္အင္ဂ်င္မ်ားျဖင့္ အစားထိုးရာတြင္ ပိုမိုျမင့္မားေသာတြန္းအား-အေလးခ်ိန္အခ်ိဳး (Higher Thrust-to-Weight Ratios)၊ ေလာင္စာဆီသုံးစြဲမႈ ေလွ်ာ့ခ်ႏိုင္ျခင္းႏွင့္ ယုံၾကည္စိတ္ခ်ရမႈ ျမႇင့္တင္ေပးျခင္းတို႔ကို ထည့္သြင္းစဥ္းစားသင့္ပါသည္။
ထို႔အျပင္ MiG-23ML မ်ိဳးကြဲမ်ားတြင္ အဆင့္ျမႇင့္တင္ထားမႈမ်ားႏွင့္ ဆင္တူသည့္ ေနာက္ဆြဲအား ေလွ်ာ့ခ်ရန္ႏွင့္ လႈပ္ရွား သြားလား စစ္ဆင္ႏိုင္မႈတို႔ တိုးတက္လာေစရန္ ေလယာဥ္ကိုယ္အား ေခတ္မီရန္ ျပဳလုပ္ျခင္းျဖင့္ MiG-23 ႏွင့္ MiG-27 တို႔အားအျမန္ႏႈန္း၊ လႈပ္ရွားသြားလာ တိုက္ခိုက္ႏိုင္မႈႏွင့္ ဆီစားႏႈန္း သက္သာမႈတို႔ကဲ့သို႔ေသာ နယ္ပယ္မ်ားတြင္ တိုက္ခိုက္ေရးစြမ္းရည္ကို ျမႇင့္တင္ေပးႏိုင္မည္ ျဖစ္သည္။
MiG-23MLD မ်ိဳးကြဲမ်ားတြင္ တပ္ဆင္ထားသည့္ အီလက္ထ႐ြန္းနစ္စစ္ဆင္ေရးစနစ္မ်ားႏွင့္ Chaff ႏွင့္ Flare Dispensers ကဲ့သို႔ေသာ Countermeasure Systems မ်ားအား ေပါင္းစပ္ျခင္း သို႔မဟုတ္ အဆင့္ျမႇင့္တင္ျခင္းသည္ ယူကရိန္းကဲ့သို႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္သည့္ ေလေၾကာင္းစစ္ဆင္ေရး နယ္ပယ္အတြင္း တိုက္ေလယာဥ္၏ ရွင္သန္ႏိုင္စြမ္းကို ျမႇင့္တင္ရန္အတြက္ မရွိမျဖစ္လိုအပ္ပါသည္။ အနာဂတ္တိုက္ေလယာဥ္အတြက္ ျဖစ္ႏိုင္ေခ်ရွိေသာ ေ႐ြးခ်ယ္မႈမ်ားတြင္ ေရဒါလမ္းၫႊန္ႏွင့္ အနီေအာက္ေရာင္ျခည္သုံး ပဲ့ထိန္းဒုံးက်ည္မ်ား၏ ၿခိမ္းေျခာက္မႈမ်ားကို ကာကြယ္ေရးအတြက္ BVP-50-60 Flare Dispensers ႏွင့္ ဆင္တူသည့္ စနစ္မ်ား၊ သို႔မဟုတ္ ရန္သူေရဒါႏွင့္ ဒုံးက်ည္စနစ္မ်ားကို ဖိဖ်က္ ဟန႔္တားရန္ အဆင့္ျမင့္ အီလက္ထ႐ြန္နစ္ တန္ျပန္မႈ ဖိဖ်က္မႈစနစ္မ်ား (Electronic Countermeasures Suit – ECM) ပါဝင္ႏိုင္ပါသည္။
MiG-23 ႏွင့္ MiG-27 တို႔၏ ေလယာဥ္ေမာင္းခန္း သံခ်ပ္ကာမ်ား တိုးျမႇင့္ တပ္ဆင္ျခင္းႏွင့္ မီးေလာင္မႈဒဏ္ ခံႏိုင္ရည္ရွိေသာ ေလာင္စာဆီကန္မ်ားကို တပ္ဆင္ျခင္းျဖင့္ ေလယာဥ္မႉးအတြက္အကာအကြယ္ကို ပိုမိုေကာင္းမြန္ေစၿပီး ေျမျပင္တိုက္ခိုက္ေရးအတြက္ ထုတ္လုပ္ထားသည့္ MiG-23B ႏွင့္ အဆင့္တူညီသြားမည္ ျဖစ္ကာ ေလယာဥ္၏ ရွင္သန္တိုက္ခိုက္ႏိုင္စြမ္းကို သိသာထင္ရွားစြာ တိုးတက္ေစပါသည္။ ေျမျပင္တိုက္ခိုက္မႈစြမ္းရည္ကို ျမႇင့္တင္ရာတြင္ ေလေၾကာင္းလမ္းၫႊန္မႈ စနစ္မ်ားႏွင့္ ပစ္မွတ္ရွာေဖြမႈစနစ္မ်ား၊ အနီေအာက္ေရာင္ျခည္းသုံး ပစ္မွာရွာစနစ္ (Forward-Looking Infrared-FLIR) ႏွင့္ ေလဆာပစ္မွတ္ရွာစနစ္တို႔အား အဆင့္ျမႇင့္တင္ျခင္းႏွင့္ အနီးကပ္ေလေၾကာင္းပစ္ကူေပးတာဝန္မ်ား ထမ္းေဆာင္ရာတြင္ ဗုံးႀကဲျခင္း တိက်မႈကို ျမႇင့္တင္ရန္တို႔အတြက္ အလိုအေလ်ာက္ေမာင္းႏွင္သည့္ စနစ္မ်ားလည္း ပါဝင္မည္ ျဖစ္သည္။
နိဂုံး
Su-34 ႏွင့္ Su-57 တိုက္ေလယာဥ္တို႔ႏွင့္ ႏႈိင္းယွဥ္ပါက အဆင့္ျမႇင့္တင္ထားေသာ MiG-23 ႏွင့္ MiG-27 တို႔အတြက္ ေမာ္ဂ်ဴလာဒီဇိုင္းျပဳလုပ္ထားသည့္ ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းစဥ္မ်ားသည္ ပိုမို႐ိုးရွင္းပါသည္။ ကုန္က်စရိတ္သက္သာေသာ စစ္ဆင္ေရးႏွင့္ အေထာက္အကူျပဳမႈမ်ားအတြက္ Lifecycle Management Solutions မ်ားကိုလည္း မိတ္ဆက္ေပးသြားမည္ ျဖစ္ပါသည္။ အေကာင္းအထည္ေဖာ္ေဆာင္သြားမည့္ အစီအစဥ္တြင္ ေလယာဥ္ပ်ံသန္းမႈအတြက္ သီးသန႔္ ဆင္ျမဴေလတာမ်ား ထုတ္လုပ္ျခင္းႏွင့္ အဆင့္ျမႇင့္တင္မႈမ်ားအား အေကာင္းဆုံးအသုံးျပဳႏိုင္ရန္အတြက္ ေလသူရဲမ်ားအား ျပင္ဆင္ေပးရန္ ေလ့က်င့္ေရး အစီအစဥ္မ်ားလည္း ပါဝင္ပါသည္။ ႐ုရွားတို႔သည္ စစ္ပြဲအတြင္း ရရွိလာေသာ သင္ခန္းစာမ်ားကို ခ်က္ခ်င္း ေဖာ္ထုတ္လ်က္ စစ္ပြဲအတြင္းမွာပင္ ေလ့လာသင္ယူျခင္း (Learn under Fire) ကို လက္ေတြ႕က်က် အသုံးက်ျပဳေနရာ အနာဂတ္တြင္ စစ္ပြဲႏွင့္ ကိုက္ညီသည့္ မည္သည့္တိုက္ေလယာဥ္သစ္မ်ား ထြက္ေပၚလာမည္ကို ဆက္လက္ ေစာင့္ၾကည့္သြားရပါမည္။
ေဒါက္တာႏိုင္ေဆြဦး
ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕
#NaingSweOo
ရင္းျမစ္။ Russia plans to develop new fighter aircraft based on MiG-23 and MiG-27 designs, Army Recognition, 4 April 2024