(မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အဖွင့်အမှာစကားမှ ကောက်နှုတ်ချက်များ)
– မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးကို အရည်အသွေး ရှေးရှုကျန်းမာရေးစောင့်ရှောက်မှု (Quality Care in Medical Practice) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်၊
– နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်စဉ်ကတည်းက ရှေ့လုပ်ငန်းစဉ်ကြီး(၅)ရပ်ကို နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးကို ရှေးရှုပြီး ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ၊
– အရေးပေါ်ကာလ နှစ်နှစ်အတွင်းတွင် ရှေ့လုပ်ငန်းစဉ်အမှတ်(၂)အနေဖြင့် “လတ်တလောဖြစ်ပွား နေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆောင်ရွက်သွားမည်”ဆိုသည့် ဦးတည်ချက်နှင့်အညီ ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊
– ဆက်လက်တာဝန်ယူမည့်ကာလအတွက် ဦးတည်ချက်မှာ “တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်သွားမည်”ဟု ပြောင်းလဲချမှတ်ထားပြီး ကျန်းမာရေးကဏ္ဍအတွက် အားလုံးခြုံငုံပါဝင်ကြောင်း၊
– နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေး ဦးတည်ချက် (၄)ရပ်၊ စီးပွားရေးဦးတည်ချက် (၄)ရပ်နှင့် လူမှုရေးဦးတည်ချက်(၄)ရပ်တို့နှင့်အညီ ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
– နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များအနက်မှ တတိယအချက်ဖြစ်သည့် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေး” ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ နှီးနွှယ်ဆက်စပ်နေသည့် ဌာနဆိုင်ရာများ၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုး စီးပွားကို လိုလားသည့် စေတနာရှင်ပရဟိတလူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ပံ့ပိုးမှုများ၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်မှု စွမ်းအားများနှင့် ဦးတည်ချက်ကို အောင်မြင်မှု ရရှိလာသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်သည်ကို တိုက်တွန်းပြောကြားလိုကြောင်း၊
– အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၆)ခု၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(၅၃)ကျောင်းတို့ကို ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲပြီး သင်ကြားပေးလျက်ရှိကြောင်း၊
– ယခုဆေးပညာသင်ရိုးညွှန်းတမ်းကို နိုင်ငံတကာအဆင့်မီ ဖြစ်စေရန် မျှော်မှန်းရလဒ် အခြေခံသည့် စုစည်းချိတ်ဆက် သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားလျက်ရှိပြီး ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှု (Inter-Professional Education) နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကိုပါ ထည့်သွင်းသင်ကြားပေးလျက် ရှိသည်ကို သိရကြောင်း၊
– “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ် ဝန်ကြီးဌာနများတွင်ရှိသည့် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ ကျန်းမာရေးပညာရှင်များစသည့် ကျန်းမာရေးကဏ္ဍဆိုင်ရာပညာရှင် အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးကြရန် မှာကြားလိုကြောင်း။
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့