ဂျပန်နိုင်ငံက စစ်လေယာဉ်များအား ဒရုန်းများနှင့် အစားထိုးသုံးရန် စီစဉ်နေ
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် လူလိုက်ပါသောမောင်းနှင်သော စစ်လေယာဉ် အများအပြားကို မောင်းသူမဲ့ပလက်ဖောင်းများဖြင့် အစားထိုးရန် စဉ်းစားနေသည်။
“အစိတ်အပိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ခြင်း” ချဉ်းကပ်မှုတွင် မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ AH-64D တိုက်ခိုက်ရေးရဟတ်ယာဉ် ၁၂ စင်း၊ AH-1S တင့်ဖျက်တိုက်ခိုက်ရေးရဟတ်ယာဉ် ၄၇ စင်းနှင့် OH-1 စူးစမ်းလေ့လာရေးရဟတ်ယာဉ် ၃၃ စင်းတို့ကို တပ်တော်ဝင်အသုံးပြုမှုမှ ဖျက်သိမ်းခြင်း ပါဝင်ကြောင်း ဂျပန်နိုင်ငံသတင်းစာ Yomiuri Shimbun က သတင်းရင်းမြစ်များအား ကိုးကားပြီး ထုတ် ဖော်ခဲ့ရေးသားခဲ့သည်။
အဆိုပါအစီစအဉ်တွင် တိုက်ခိုက်ရေးဒရုန်းများ အပါအဝင် ဒရုန်းတပ်ဖွဲ့တစ်ခု အနာဂတ်တွင် ထွက်ပေါ်လာနိုင်သည်ဟု သတင်းစာက ရေးသားထားသည်။
SeaGuardian ဒရုန်းများ ဖြန့်ကျက်အသုံးပြုခြင်း
ထို့အပြင် ဂျပန်နိုင်ငံ ကိုယ်ပိုင်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် ၎င်း၏ P-1 ကင်းလှည့်လေယာဉ် ၃၃ စင်းနှင့် SH-60K ကင်းလှည့်ရဟတ်ယာဉ် ၇၅ စင်းတို့ကို လျှော့ချအသုံးပြုနိုင်ရန် ကြိုးပမ်းနေသည်။
ဂျပန်နိုင်ငံ ကိုယ်ပိုင်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် Aomori စီရင်စုရှိ Hachinohe လေတပ်အခြေစိုက်စခန်းတွင် ယခုနှစ်အတွင်း အမေရိကန်လုပ် Sea Guardian မောင်းသူမဲ့လေယာဉ်များကို စတင်အသုံးပြုရန် စီစဉ်လျက်ရှိနေသည်။ အဆိုပါအစီအစဉ်အရ အနာဂတ်တွင် Sea Guardians တပ်ဖွဲ့ဝင်များမှတစ်ဆင့် စောင့်ကြည့်ထောက်လှမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။
ကိုယ်ပိုင်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ရှိ လေယာဉ်အုပ်များအား ဖျက်သိမ်းခြင်း
နောက်ဆုံးတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုနေသည့် လေတပ်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ U-125A လေယာဉ်ကိုလည်း တပ်တော်ဝင်အသုံးပြုနေမှုများမှ ဖျက်သိမ်းနိုင်ဖွယ်ရှိပြီး ရဟတ်ယာဉ်များဖြင့် လုပ်ဆောင်သည့် ရည်မှန်းတာဝန်များကိုတော့ ဆက်လက် လုပ်ဆောင်နိုင်သေးသည်။
ဂျပန်နိုင်ငံ (တိုကျို)သည် လာမည့်ငါးနှစ်အတွင်း ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို ၅၆ ရာခိုင် နှုန်း ဒေါ်လာ ၃၁၈ ဘီလီယံအထိ မြှင့်တင်သုံးစွဲရန် စီစဉ်နေချိန်တွင် ယခုလိုဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်မည့်သတင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
Japan Plans to Replace Military Aircraft with Drones: Report
သက်ထူးခန့်ပိုင်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့