ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်အား သွားရောက် ဂါရဝပြု တွေ့ဆုံဆွေးနွေး

0

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်အား သွားရောက် ဂါရဝပြု တွေ့ဆုံဆွေးနွေး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ နှင့် Think Tank များမှ ပညာရှင်များပါဝင်သည့် အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာလ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်အား သွားရောက် ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး မြှင့်တင်ရေး၊ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ရုရှားနိုင်ငံရှိ တက္ကသိုလ်များမှ မြန်မာပညာတော်သင်များ ပိုမိုတိုးချဲ့ခေါ်ယူရေး၊ မြန်မာနိုင်ငံမှ အသိပညာရှင် Think Tanks အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

The courtesy call with H.E U Ko Ko Hlaing, Union Minister for International Cooperation

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply