ရေတပ်သုံး Tirkon ဟိုက်ပါဆောနစ် ဒုံးပျံကို ယခုနှစ်အတွင်း တပ်တော်ဝင်အသုံးပြု နိုင်ဖွယ်ရှိ
ပင်လယ်ရေပြင် စစ်သင်္ဘောများအတွက် နောက်ဆုံးပေါ် Tsirkon ဟိုက်ပါဆောနစ်ဒုံးပျံကို ၂၀၂၂ ခုနှစ်မကုန်မီ ရုရှားရေတပ်တွင် တာဝန်ပေးအပ်နိုင်ဖွယ်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက TASS သတင်းဌာနသို့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
“နိုင်ငံအဆင့်စမ်းသပ်မှုတွေ ပြီးသွားပါပြီ၊ Tsirkon ရဲ့ ရေတပ်သုံးဗားရှင်းကို နောက်ငါးလအတွင်းမှာ တပ်ဖြန့်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်”ဟု သတင်းရင်း မြစ်တွင် ရေးသားထားပါသည်။
အဆိုပါသတင်းရင်းမြစ်အရ NPO Mashinostroyeniya ကော်ပရေးရှင်းသည် ဒုံးပျံများကို ဆက်လက်ထုတ်လုပ်နေပြီး ၎င်း၏ အကွာအဝေးစွမ်းဆောင်ရည်ကို တိုးမြှင့်ရန် တပြိုင်နက်လုပ်ဆောင်နေကြောင်းလည်း သိရှိရသည်။
မေလ ၂၈ ရက်နေ့တွင် Tirkon ဟိုက်ပါဆောနစ်ဒုံးပျံအား Admiral Gorshkov ဖရီးဂိတ်စစ်သင်္ဘောမှ ပစ်လွှတ်စမ်းသပ်ခဲ့မှုတွင် ၎င်း၏ အများဆုံးအကွာအဝေးရှိ ပစ်မှတ်အား ထိမှန်ဖျက်ဆီးနိုင်ခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြခဲ့ကြသည်။
ဟိုက်ပါဆောနစ်ဒုံးပျံသည် ကီလိုမီတာ ၁၀၀၀ ခန့်အကွာ ပင်လယ်ဖြူရှိ ရေတပ်ဆိုင်ရာပစ်မှတ်တစ်ခုအား Barents ပင်လယ်ပြင်မှနေ၍ တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းလည်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
သက်ထူးခန့်ပိုင် (ရေနံချောင်း)