ရုရှားနိုင်ငံသည် ယူကရိန်းအထူးစစ်ဆင်ရေးတွင် Buk-M3 လေကြောင်းရန် ကာကွယ်ရေးစနစ်အား အသုံးပြုလျက်ရှိခြင်း
Zenger News သည် ရုရှားဖက်ဒရေးရှင်းကာကွယ်ရေးဝန်ကြီးဌာန (MoD) မှ (အင်္ဂလိပ်ဘာသာဖြင့်) “ယုံကြည်စိတ်ချရသောဒိုင်း-ရုရှား Buk-M3 တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင်လှုပ်ရှားမှုမှတ်တမ်း” ဗွီဒီယိုင်ဖိုင်ကို မေလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံပိုင်ရုပ်မြင်သံကြား Zvezda သတင်းဌာနက Buk-M3 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်သည် ယူကရိန်းစစ်တပ်မှ ပစ်ခတ်လာသော Tochka-U ပဲ့ထိန်းဒုံးကျည်များကို ဖျက်ဆီးပစ်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။
Buk-M3 သည် ဆိုဗီယက်ယူနီယံခေတ်ကတည်းက ထုတ်လုပ်ခဲ့သော Buk လေကြောင်းရန်ကာကွယ်ရေးစနစ်၏ ရုရှားတို့ ထပ်မံအဆင့်မြှင့် တီထွင်ထုတ်လုပ်ထားသည့် တာလတ်ပစ်မြေပြင်မှ ဝေဟင်ပစ် Buk ဒုံးခွင်းဒုံးစနစ်၏ နောက်ဆုံးထုတ်ဗားရှင်းလည်း ဖြစ်ပါသည်။ ခရုဇ်ဒုံးကျည်များ၊ စမတ်ဗုံးများ၊ fixed- (ပုံသေ) နှင့် rotary-wing တပ် လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များကို တန်ပြန်ရန် ဒီဇိုင်းထုတ်လုပ်ထားသည်။
သက်ထူးခန့်ပိုင်(ရေနံချောင်း)
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့