တိုင္းျပည္ဖြံ႔ၿဖိဳးေရးအတြက္ အစိုးရတို႔၏ လုပ္ပုံကိုင္ပုံ အမ်ိဳးမ်ိဳး

0

တိုင္းျပည္ဖြံ႔ၿဖိဳးေရးအတြက္ အစိုးရတို႔၏ လုပ္ပုံကိုင္ပုံ အမ်ိဳးမ်ိဳး

ယခု တင္ျပမည့္ အေၾကာင္းအရာသည္ Political Economy ဟု ေခၚသည့္ ႏိုင္ငံေရးေဘာဂေဗဒ အေၾကာင္းပင္ ျဖစ္သည္။ ႏိုင္ငံေရးေဘာဂေဗဒဆိုသည္မွာ အဘယ္နည္း။ ႏိုင္ငံေရးေဘာဂေဗဒ ဟူသည္ Social Science ဟု ေခၚသည့္ လူမႈေရးသိပၸံဘာသာရပ္၏ ပညာရပ္ပိုင္းဆိုင္ရာ အခြဲဘာသာရပ္ တစ္ခုပဲ ျဖစ္သည္။ လူမႈေရးသိပၸံဘာသာရပ္မ်ား အတြင္းတြင္ လူတစ္ဦးတစ္ေယာက္ျခင္းမွစ၍ အစိုးရအဖြဲ႕အစည္းတစ္ရပ္ႏွင့္ ၄င္းအစိုးရမွ ခ်မွတ္မည္ျဖစ္ေသာ အမ်ားႏွင့္သက္ဆိုင္ေသာ ဥပေဒ၊ နည္းဥပေဒမ်ားအၾကား ဆက္ႏြယ္ ပတ္သတ္မႈမ်ားကို ေလ့လာေသာ ဘာသာရပ္ပင္ ျဖစ္သည္။

ထို႔အတြက္ေၾကာင့္ ႏိုင္ငံေရးေဘာဂေဗဒ ဘာသာရပ္ကို စီမံခန႔္ခြဲမႈ ဆုံးျဖတ္ခ်က္မ်ား ျပဳလုပ္ရာတြင္ ထည့္သြင္းစဥ္းစားျခင္းျဖင့္ ပိုမိုေကာင္းမြန္ မွန္ကန္ေသာ စီးပြားေရးဆုံးျဖတ္ခ်က္မ်ားကို ရရွိႏိုင္မည္ပင္ ျဖစ္သည္။ စီးပြားေရးသီအိုရီသည္ လူသားမ်ားအတြက္ အက်ိဳးရွိေစေသာ နည္းလမ္းမ်ားျဖင့္ အကန႔္အသတ္ရွိေသာ အရင္းအျမစ္မ်ားကို ျဖန႔္ျဖဴးရန္ ၫႊန္ၾကားသည့္ နည္းလမ္းတစ္ခုသာ ျဖစ္သည္။ ထို႔အတြက္ေၾကာင့္ လူသားမ်ားအတြက္ အက်ိဳးရွိေစေသာ နည္းလမ္းမ်ားစြာကို ႏိုင္ငံတကာတြင္ မည္သို႔ ေဆာင္ရြက္ေနသည္ကို ေလ့လာရန္ လိုအပ္ေပသည္။

ယခုအခါ စင္ကာပူႏိုင္ငံ၏ ေဆာက္လုပ္ေရးက႑ႏွင့္ပတ္သတ္ေသာ လုပ္ေဆာင္ခ်က္မ်ားကို တင္ျပပါမည္။ ပုံမွန္ဖြံ႕ၿဖိဳးဆဲႏိုင္ငံမွ မ်ိဳးဆက္သစ္တစ္ခုသို႔ ေျပာင္းလဲရာတြင္ စင္ကာပူႏိုင္ငံ၏ အသြင္ေျပာင္းလဲမႈဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားမွာ ႏိုင္ငံအတြက္လိုအပ္ေသာ အေျခခံအေဆာက္အအုံမ်ား ဖန္တီးျခင္းသည္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တိုက္ရိုက္အေထာက္အကူျပဳ႐ုံသာမက ဖြံ႕ၿဖိဳးဆဲႏိုင္ငံမွ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံ အဆင့္သို႔ ေျပာင္းလဲႏိုင္သည့္လမ္းစ ျဖစ္ခဲ့သည္။ စင္ကာပူႏိုင္ငံသည္ ေဆာက္လုပ္ေရးက႑ႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈတို႔အၾကား ပက္သက္ဆက္ႏြယ္မႈကို ရွာေဖြေတြ႕ရွိခဲ့သည္။ တိုင္းျပည္တစ္ျပည္၏ ျပည္သူလူထုအတြက္ လိုအပ္ေသာ အေျခခံအေဆာက္အဦမ်ားေဆာက္လုပ္ျခင္း၊ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာ အပန္းေျဖေနရာမ်ား ဖန္တီးျခင္း၊ အစိုးရႏွင့္သက္ဆိုင္ေသာ အေဆာက္အဦမ်ား ေဆာက္လုပ္ျခင္း၊ ဝန္ႀကီးဌာနဆိုင္ရာ အေဆာက္အဦမ်ား ေဆာက္လုပ္ျခင္း၊ ပုဂၢလိကပိုင္အေဆာက္အဦမ်ား ေဆာက္လုပ္ျခင္း စသည္တို႔အေပၚတြင္ ဘ႑ာေငြသုံးစြဲမႈမ်ား ျပဳလုပ္ခဲ့သည္။

စင္ကာပူႏိုင္ငံႏွင့္ ပတ္သတ္ေသာ ေဆာက္လုပ္ေရး သမိုင္းေၾကာင္းကို ေျပာရမည္ဆိုလွ်င္ စင္ကာပူႏိုင္ငံသည္ ပထမပိုင္းတြင္ ေဆာက္လုပ္ေရးက႑မွ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ပတ္သတ္ေသာ ဆက္ႏြယ္မႈကို သတိမထားမိခဲ့ေပ။ ပထမပိုင္းတြင္ စင္ကာပူႏိုင္ငံအေနျဖင့္ ေဆာက္လုပ္ေရးက႑သည္ ေဘးထြက္စြန႔္ပစ္ ပစၥည္းမ်ားေသာ လုပ္ငန္းအျဖစ္သာ ရႈျမင္ခဲ့သည္။ အျခားႏွစ္မ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ ၁၉၇၂ ခုႏွစ္တြင္ စင္ကာပူႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈသည္ ၃၂ ရာခိုင္ႏႈန္းခန႔္ ဆိုး႐ြားစြာ က်ဆင္းခဲ့သည္ကို ေလ့လာေတြ႕ရွိရသည္။ ၎ကို ၾကည့္ျခင္းအားျဖင့္ စင္ကာပူႏိုင္ငံသည္ ယေန႕မ်က္ေမွာက္ေခတ္ႏွင့္ယွဥ္လွ်င္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံသာ ျဖစ္ခဲ့ေၾကာင္း အထင္အရွားပင္ျဖစ္သည္။ ၁၉၈၅ ခုႏွစ္တြင္ ေဆာက္လုပ္ေရးနယ္ပယ္၏ ဖြံ႕ၿဖိဳးတိုးတက္မႈသည္ ထပ္မံက်ဆင္းခဲ့သည္။ ၎ကို ၾကည့္ျခင္းအားျဖင့္ ပထမပိုင္းတြင္ စင္ကာပူႏိုင္ငံသည္ တိုင္းျပည္ဖြံ႕ၿဖိဳးေရးကို ေဖာ္ေဆာင္ရာတြင္ ေဆာက္လုပ္ေရးနယ္ပယ္ကို ထည့္သြင္းစဥ္းစားခဲ့ျခင္း မရွိသည္မွာ အထင္အရွားပင္ ျဖစ္သည္။ သာမာန္ျပည္သူမ်ား ေနထိုင္ေသာ လူေနအိမ္မ်ား တိုးခ်ဲ႕ျခင္းက႑တြင္ ၅၉ ရာခိုင္ႏႈန္းမွ ၄၃ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့သည္။

ေနာက္ပိုင္းတြင္ လူေနအိမ္မ်ား ေဆာက္လုပ္ျခင္းသည္ အျခားလူေနအိမ္ မဟုတ္ေသာ အေဆာက္အဦမ်ားကို ေဆာက္လုပ္ျခင္းထက္ ပိုမိုတြင္က်ယ္လာခဲ့သည္။ လူေနအိမ္မ်ား ဝယ္ယူျခင္းကိစၥႏွင့္ ပတ္သတ္ၿပီး စင္ကာပူႏိုင္ငံအစိုးရအေနျဖင့္ အဓိကအေရးႀကီးေသာ မူဝါဒမ်ားေၾကာင့္ လူေနအိမ္မ်ား၏ ဝယ္လိုအားမွာ က်ဆင္းခဲ့သည္။ ၎ကို ၾကည့္ျခင္းအားျဖင့္ အစိုးရ၏ မူဝါဒခ်မွတ္ျခင္းသည္ အဆိုပါ မူဝါဒ ခ်မွတ္ျခင္းခံရေသာ နယ္ပယ္၏ ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚတြင္ မ်ားစြာ အက်ိဳးသက္ေရာက္မႈ ရွိေၾကာင္း ေတြ႕ျမင္ႏိုင္သည္။ အစိုးရသည္ ေဆာက္လုပ္ေရးက႑ႏွင့္ ပတ္သတ္ေသာ မူဝါဒမ်ားကို ခ်မွတ္ရာတြင္ အေဆာက္အဦ ဝယ္ယူခြင့္ႏွင့္ပတ္သတ္ေသာ မူဝါဒမ်ားကို ျပဳျပင္ခဲ့ျခင္းေၾကာင့္ လူေနအိမ္မ်ား၏ ဝယ္လိုအားမ်ား က်ဆင္းခဲ့ျခင္း ျဖစ္သည္။ ေနာက္ပိုင္းတြင္ စင္ကာပူႏိုင္ငံမွ စီးပြားေရး သုေတသနပညာရွင္မ်ားသည္ ႐ုရွားႏိုင္ငံ၏ လုပ္ေဆာင္ခ်က္တစ္ခုကို အမွတ္မထင္ ရွာေဖြေတြ႕ရွိခဲ့သည္။ ၎ကိစၥမွာ ႐ုရွားႏိုင္ငံ၏ ေဆာက္လုပ္ေရးက႑တြင္ ႏိုင္ငံ၏ စတုတၳေျမာက္အႀကီးဆုံး ေဆာက္လုပ္ေရး ကုမၸဏီသည္ ထိုေဆာက္လုပ္ေရး ကုမၸဏီ၏ တိုးတက္ေျပာင္းလဲမႈသည္ ႐ုရွားႏိုင္ငံ၏ ေဆာက္လုပ္ေရး က႑အေပၚ အက်ိဳးသက္ေရာက္မႈ ရွိေနျခင္းကို ေတြ႕ရွိခဲ့သည္။ ေဆာက္လုပ္ေရးက႑၏ ေျပာင္းလဲမႈသည္ ႏိုင္ငံေရးစီးပြားေရး အေပၚတြင္လည္း အက်ိဳးသက္ေရာက္မႈ ရွိေနျပန္သည္။

ထိုမွတဆင့္ စင္ကာပူႏိုင္ငံ၏ စီးပြားေရး ေစာင့္ၾကည့္ေလ့လာသူမ်ားသည္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ရန္ မူဝါဒမ်ား ခ်မွတ္ရာတြင္ ေဆာက္လုပ္ေရးက႑ကို ထည့္သြင္းစဥ္းစားသင့္ေၾကာင္း ေတြ႕ရွိခဲ့ၿပီး စင္ကာပူႏိုင္ငံကို ဖြံ႕ၿဖိဳးဆဲႏိုင္ငံမွ ယေန႔ကဲ့သို႔ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံကဲ့သို႔ ေျပာင္းလဲရာတြင္ အေထာက္အပံ့ျဖစ္ေသာ အေၾကာင္းအရာ တစ္ခုအျဖစ္ အသုံးျပဳခဲ့သည္။

အင္ဒိုနီးရွားႏိုင္ငံ၏ ႏိုင္ငံေရးေဘာဂေဗဒဆိုင္ရာ မူဝါဒမ်ား ခ်မွတ္ေဖာ္ေဆာင္ျခင္းဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သတ္ၿပီး ဆက္လက္ေဆြးေႏြးတင္ျပပါမည္။ လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားအခ်ိန္က အင္ဒိုနီးရွားႏိုင္ငံသည္ ၁၉၉၇ – ၁၉၉၈ ခုႏွစ္မ်ားအတြင္း အာရွဘ႑ာေရးပ်က္ကပ္ (Asia Financial Crisis (ASC)) ေၾကာင့္ ေငြေၾကးဆိုင္ရာ က႑မ်ားတြင္ အခက္ခဲဆုံး ရိုက္ခတ္မႈႀကီးႏွင့္ ရင္ဆိုင္ခဲ့ရသည္။ GDP က်ဆင္းျခင္းေၾကာင့္ ဘ႑ာေရးက႑တြင္ စီးပြားေရးအဖြဲ႕အစည္းမ်ားအေနျဖင့္ အလုံးစုံေဒဝါလီ ခံယူျခင္းကိစၥမ်ား၊ ဆင္းရဲမြဲေတမႈႏႈန္းမ်ား ျမင့္တက္လာျခင္း စသည့္ ႀကီးမားေသာ ျပႆနာမ်ားႏွင့္ ႀကဳံေတြ႕ရင္ဆိုင္ခဲ့ရသည္။

ထိုအခ်ိန္တြင္ အင္ဒိုနီးရွားႏိုင္ငံကို AusAID မွ ႏိုင္ငံေရးႏွင့္ပတ္သတ္ေသာ နည္းပညာဗဟုသုတမ်ားကို ေထာက္ပံ့ေပးေသာ အစီအစဥ္မ်ားျဖင့္ ႏိုင္ငံတိုးတက္ဖြံ႕ၿဖိဳးေရးကို ကူညီခဲ့သည္။ အဓိက ရည္႐ြယ္ခ်က္မ်ား အေနျဖင့္ အင္ဒိုနီးရွားႏိုင္ငံအတြင္း မူဝါဒခ်က္မွတ္ေရးႏွင့္ဆိုင္ေသာ ကိစၥမ်ားကို အေကာင္ထည္ေဖာ္ ေဆာင္႐ြက္ျခင္း၊ ဒုတိယအခ်က္အေနျဖင့္ မူဝါဒခ်မွတ္ေရးလမ္းစဥ္ႏွင့္သက္ဆိုင္ေသာ ဗဟုသုတမ်ား အသုံးျပဳျခင္းႏွင့္ ပတ္သတ္ေသာ ကိစၥရပ္မ်ားကိုေဆာင္႐ြက္ျခင္းစသည့္ ကိစၥရပ္ႏွစ္ရပ္ကို AusAID မွ အင္ဒိုနီးရွား ႏိုင္ငံအေပၚသို႔ အဓိကကူညီပံ့ပိုးေပးခဲ့သည္။

အင္ဒိုနီးရွားႏိုင္ငံ၏ တရားဝင္မူဝါဒမ်ား ခ်မွတ္ျခင္းလမ္းစဥ္ႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာမ်ားကို ဆက္လက္ပီး ေဖာ္ျပပါမည္။ အင္ဒိုနီးရွားႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ သက္ဆိုင္ေသာ စီမံခ်က္မ်ား ခ်မွတ္ျခင္းဆိုင္ရာ လုပ္ထုံးလုပ္နည္းအဆင့္ဆင့္မွာ ပုံပါအတိုင္းျဖစ္သည္။

Figure 2: The Indonesian development planning hierarchy

အင္ဒိုနီးရွားႏိုင္ငံသည္ ဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္းမ်ား ခ်မွတ္ရာတြင္ ကာလတို၊ ကာလလတ္၊ ကာလရွည္ စီမံကိန္းမ်ားျဖင့္ အေကာင္အထည္ေဖာ္ခဲ့သည္။ အစိုးရတစ္ရပ္လုံးကိုလည္း ဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္းတြင္ ႏိုင္ငံေတာ္အဆင့္ ဝန္ႀကီးဌာနအဆင့္ သက္ဆိုင္ရာျပည္နယ္ေဒသ အဆင့္မ်ားအလိုက္ ခြဲျခမ္းစိတ္ျဖာၿပီး တာဝန္ယူေဆာင္႐ြက္ေစခဲ့သည္။ အစိုးရဌာန အဆင့္တစ္ခုျခင္းစီတြင္လည္း ကာလတို၊ ကာလလတ္၊ ကာလရွည္ဆိုင္ရာ လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ားကို သတ္မွတ္ထားၿပီး ျဖစ္သည္။ ကာလရွည္ ႏွစ္ (၂၀) စီမံကိန္းမ်ားကို (RPJPN) ႏိုင္ငံေတာ္ ႏွစ္ရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း အျဖစ္လည္းေကာင္း အစိုးရအဆင့္အသီးသီးကို စီမံေဆာင္႐ြက္ေစသည္။ (၅) ႏွစ္တာ ကာလလတ္စီမံကိန္းမ်ား အေနျဖင့္ အစိုးရဌာနအဆင့္ဆင့္ကို (RPJMN) ႏိုင္ငံေတာ္ ကာလလတ္စီမံကိန္းမ်ား အျဖစ္လည္းေကာင္း စီမံေဆာင္႐ြက္ေစသည္။ (၁) ႏွစ္တာ ႏွစ္စဥ္လုပ္ငန္းစဥ္မ်ား အေနျဖင့္လည္း (RKP) ႏိုင္ငံေတာ္ႏွစ္စဥ္ စီမံကိန္းမ်ားအျဖင့္ အေကာင္ထည္ေဖာ္ ေဆာင္႐ြက္ေစသည္။ ဆက္လက္ၿပီး ဝန္ႀကီးဌာနမ်ားအေနျဖင့္လည္း အထက္ေဖာ္ျပပါ (RPJPN, RPIMN, RKP, APPN) မ်ားကို ဝန္ႀကီးဌာနမ်ားဆိုင္ရာ လုပ္ေဆာင္ရမည့္ တာဝန္မ်ားအေနျဖင့္ အေကာင္ထည္ေဖာ္ ေဆာင္႐ြက္သည္။

ျပည္နယ္ေဒသမ်ားအလိုက္တြင္လည္း ကာလအလိုက္ တာဝန္ယူေဆာင္႐ြက္ျခင္းမ်ား ရွိသည္။

  • RKP Rencana Kerja Pemerintah (Annual Work Plan]
  • RPJMN – Rencana Pembangunan Jangka Menengah Nasional (National Medium-term

Development Plan]

  • RPJPN – Rencana Pembangunan Jangka Panjang Nasional (National Long-term

Development Plan]

ဆက္လက္ၿပီး (RPJMN) ကာလလတ္စီမံကိန္းႏွင့္ သက္ဆိုင္ေသာ အေသးစိတ္ကို ေအာက္ပါအတိုင္း ေဖာ္ျပပါသည္။

ထို႔ေနာက္ လႊတ္ေတာ္ဆိုင္ရာ ရသုံးမွန္းေျခေငြစာရင္း ခြင့္ျပဳမႈဆိုင္ရာ အခ်ိန္ဇယားမ်ား အေၾကာင္းကို ဆက္လက္ေဖာ္ျပပါမည္။

အစိုးရအေနျဖင့္ ရသုံးမွန္းေျခေငြစာရင္းဆိုင္ရာ ႀကိဳတင္ တင္ျပမႈမ်ားကို ေမလအလယ္တြင္ စတင္ပါသည္။ ေမလလယ္မွ ဇြန္လလယ္ကာလတြင္ ဘ႑ာေရးဝန္ႀကီးဌာနတြင္ ဘ႑ာေရးႏွင့္သက္ဆိုင္ေသာ ကိစၥရပ္မ်ားကိုလည္းေကာင္း၊ အစိုးရဝန္ႀကီးဌာနမ်ား ၎ႏွင့္ဆက္စပ္လ်က္ရွိေသာ က႑ခြဲအသီးသီးအလိုက္ ဘ႑ာေငြ ခြဲေဝအသုံးျပဳမႈမ်ားကို ေဆြးေႏြးညွိႏိႈင္း ၾကသည္။ ၾသဂုတ္လ (၁၆) ရက္ေန႕မွစတင္ၿပီး အစိုးရမွ ရသုံးမွန္းေျခေငြစာရင္း ေတာင္းခံမႈမ်ားကို လႊတ္ေတာ္ထံသို႔ တင္ျပသည္။ ထို႔ေနာက္တြင္ သမၼတမွ ရသုံးမွန္းေျခေငြစာရင္းႏွင့္သက္ဆိုင္ေသာ မိန႔္ခြန္းကို ေျပာၾကားသည္။

ဩဂုတ္လ (၁၆) ရက္မွ ေအာက္တိုဘာလကုန္ပိုင္းတြင္ ရသုံးမွန္းေျခေငြစာရင္းေကာ္မတီႏွင့္ က႑အလိုက္ ေကာ္မရွင္မ်ားသည္ ရသုံးမွန္းေျခေငြစာရင္း တင္ျပမႈမ်ားကို အခ်ိန္ယူစစ္ေဆးသည္။ ေအာက္တိုဘာ (၃၁)ရက္ေန႔တြင္ ႏွစ္စဥ္ရသုံးမွန္းေျခေငြစာရင္းမ်ားကို လႊတ္ေတာ္မွ ခြင့္ျပဳသည္။ ႏိုဝင္ဘာလမွ ဒီဇင္ဘာလအတြင္း အေသးစိတ္အသုံးစရိတ္မ်ားဆိုင္ရာ ေနာက္ဆုံးပိတ္ တင္ျပမႈမ်ားကို ျပဳလုပ္သည္။ ဇန္နဝါရီလ (၁)ရက္ေန႔တြင္ ဘ႑ာေရးႏွစ္ စတင္သည္။

အင္ဒိုနီးရွားႏိုင္ငံသည္ ဥပေဒႏွင့္လမ္းၫႊန္မႈမ်ားဆိုင္ရာ အေကာင္အထည္ေဖာ္မႈမ်ားႏွင့္ ပတ္သတ္ၿပီး စနစ္တက် လုပ္ေဆာင္ခဲ့သည္။ ဥပေဒႏွင့္ လမ္းၫႊန္မႈမ်ားဆိုင္ရာ ကိစၥမ်ားႏွင့္ပတ္သတ္ေသာ တရားဝင္ မူေဘာင္မ်ားႏွင့္ သက္ဆိုင္ေသာ လုပ္ငန္းစဥ္အဆင့္ဆင့္ကို ခ်မွတ္ခဲ့သည္။ ၎သည္ UUT1945 ဟု ေခၚတြင္သည္။ ထို UUT1945 တြင္ ဥပေဒႏွင့္ အစိုးရဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားကို ျပဌာန္းထားသည္။ အစိုးရဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ႏိုင္ငံေတာ္သမၼတဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ား ပါဝင္သည္။ ထို႔အျပင္ ဝန္ႀကီးဌာနမ်ားဆိုင္ရာ စည္းကမ္းသတ္မွတ္ခ်က္မ်ား၊ ျပည္နယ္ေဒသ အသီးသီးအလိုက္ လိုက္နာရမည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ေက်း႐ြာမ်ားဆိုင္ရာ လိုက္နာရမည့္ စည္းကမ္းမ်ား ပါဝင္သည္။

အစိုးရထိပ္သီးေခါင္းေဆာင္မ်ားအတြက္ မူဝါဒမ်ား ခ်မွတ္ျခင္းကိစၥရပ္လည္း ပါဝင္သည္။ မူဝါဒမ်ားခ်မွတ္ရာတြင္ အစိုးရအဖြဲ႕အစည္းအတြက္လည္းေကာင္း၊ ထို႔အျပင္ သမၼတႏွင့္ ဒုသမၼတမ်ား အတြက္လည္း ပါဝင္ေပသည္။ အစိုးရတြင္းမူဝါဒမ်ားခ်မွတ္ရာတြင္လည္း ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းမ်ားႏွင့္ ဝန္ႀကီးဌာနမ်ား အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈမ်ားအေပၚ အေျခခံၿပီး ခ်မွတ္သည္။ ဝန္ႀကီးဌာနတြင္း မူဝါဒမ်ားခ် မွတ္ရာတြင္လည္း ဝန္ႀကီးမ်ား၏ တာဝန္ယူမႈ တာဝန္ခံမႈမ်ား၊ ဒုဝန္ႀကီးမ်ားႏွင့္ အဖြဲ႕ဝင္ ဒါရိုက္တာမ်ား၏ တာဝန္ယူမႈ တာဝန္ခံမႈမ်ား ၎တို႔၏ အခန္းက႑မ်ားကို ထည့္သြင္းစဥ္းစားၿပီး ခ်မွတ္ခဲ့သည္။

အစိုးရထိပ္ပိုင္းေခါင္းေဆာင္မ်ား၏ အဖြဲ႕အစည္းဆိုင္ရာ ေနရာအဆင့္ သတ္မွတ္ခ်က္မ်ားႏွင့္ ပတ္သတ္ၿပီး ေအာက္ပါအတိုင္းျဖစ္သည္။

မူဝါဒမ်ားခ်မွတ္ရာတြင္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ပါလီမန္ဆိုင္ရာ အခ်က္မ်ားလဲပါဝင္သည္။

(၁) ႏိုင္ငံေရးပါတီမ်ား – DPR ၾသဇာလႊမ္းမိုး ႀကီးစိုးမႈမ်ား Dewan Perwakilan Rakyat Republik Indonesia ပါလီမန္ေကာ္မရွင္၏ အခန္းက႑ ႏိုင္ငံေရးပါတီမ်ားႏွင့္ DPRအဖြဲ႕ဝင္မ်ားၾကား ဆက္စပ္မႈ စသည္တို႔ပါဝင္သည္။

ဆူဟာတို သက္တမ္းကုန္ဆုံးၿပီး ေနာက္ပိုင္းတြင္ ႏိုင္ငံ၏ ဥပေဒျပဳေရးတြင္ DPR ၏ အရွိန္အဝါသည္ ပိုမိုႀကီးထြားလာခဲ့သည္။ သမၼတတြင္ အလုံးစုံဆုံးျဖတ္ႏိုင္ေသာ ဗီတိုအာဏာ မူဝါဒမ်ား ခ်မွတ္ေရးကိစၥႏွင့္ဥပေဒျပဳေရးဆိုင္ရာ အေသးစိတ္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရးကိစၥမ်ားအျပင္ အစိုးရထိပ္သီးေခါင္းေဆာင္မ်ားအေပၚ စီမံခန႔္ခြဲမႈမ်ားလည္း ပါဝင္သည္။ DPR သည္ အစိုးရအတြင္း ပါဝင္ေသာ အဓိကအေရးပါေသာ အဖြဲ႕အစည္းအားလုံးႏွင့္ ေကာ္မရွင္တြင္ပါဝင္ေသာ အဖြဲ႕အစည္းမ်ားအားလုံးေပၚတြင္ အာဏာသက္ေရာက္မႈရွိသည္။ DPR သည္ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရာတြင္ သေဘာတူညီမႈမ်ားႏွင့္ ခ်င့္ခ်ိန္မႈမ်ားေပၚတြင္ ေယဘုယ်အားျဖင့္ အေထာက္အကူျပဳေစသည္။

အခ်ဳပ္အားျဖင့္ဆိုရေသာ္ ပထမအေနျဖင့္ စင္ကာပူႏိုင္ငံသည္ တိုင္းျပည္၏ဝင္ေငြလည္ပတ္ စီးဆင္းမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္သက္ဆိုင္ေသာ မူဝါဒမ်ားကို ခ်မွတ္ျခင္းျဖင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ခဲ့သည္။ ထို႔နည္းတူစြာျဖင့္ပင္ အင္ဒိုနီးရွားႏိုင္ငံသည္လည္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို ေဆာင္႐ြက္ရာတြင္ အစိုးရတစ္ရပ္လုံးႏွင့္ ႏိုင္ငံေတာ္ကို အဆင့္ဆင့္စီမံခန႔္ခြဲၿပီး ေဆာင္႐ြက္ခဲ့သည္။

ရဲမင္းေအာင္

(ရဲမင္းေအာင္သည္ စီးပြားစီမံခန္႔ခြဲမႈအပိုင္းႏွင့္ပတ္သတ္ၿပီး ပါရဂူက်မ္းျပဳစုေနသူ တစ္ဦးျဖစ္သည္။ စီးပြားစီမံခန္႔ခြဲမႈ အပိုင္းႏွင့္ပတ္သတ္ၿပီး Project Management၊ Business Management ႏွင့္ Administration အစရွိသည့္ အေၾကာင္းအရာမ်ားကို ေလ့လာခဲ့သည္။ စာေရးသူသည္ စီးပြားစီမံခန္႔ခြဲမႈ (မဟာဘြဲ႕) ကို ရရွိထားသူ ျဖစ္သည္။ စီးပြားစီမံခန္႔ခြဲမႈဆိုင္ရာ ပါရဂူဘြဲ႕ကို တက္ေရာက္သင္ယူေနဆဲျဖစ္သည္။ ယခုေဖာ္ျပသည့္ တိုင္းျပည္ဖြံ႔ၿဖိဳးေရးအတြက္ အစိုးရတို႔၏ လုပ္ပုံကိုင္ပုံ အမ်ိဳးမ်ိဳး ေဆာင္းပါးသည္ စာေရးသူ၏ ပါရဂူဘြဲ႕အတြက္ တစ္စိတ္တစ္ပိုင္း လိုအပ္သည့္ ထုတ္ေဝမႈကို ျပဳလုပ္သည့္အေနျဖင့္ ေရးသားတင္ျပျခင္း ပင္ျဖစ္ပါသည္။)

 

Unicode

တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အစိုးရတို့၏ လုပ်ပုံကိုင်ပုံ အမျိုးမျိုး

ယခု တင်ပြမည့် အကြောင်းအရာသည်  Political Economy ဟု ခေါ်သည့် နိုင်ငံရေးဘောဂဗေဒ အကြောင်းပင် ဖြစ်သည်။ နိုင်ငံရေးဘောဂဗေဒဆိုသည်မှာ အဘယ်နည်း။ နိုင်ငံရေးဘောဂဗေဒ ဟူသည် Social Science ဟု ခေါ်သည့် လူမှုရေးသိပ္ပံဘာသာရပ်၏ ပညာရပ်ပိုင်းဆိုင်ရာ အခွဲဘာသာရပ် တစ်ခုပဲ ဖြစ်သည်။ လူမှုရေးသိပ္ပံဘာသာရပ်များ အတွင်းတွင် လူတစ်ဦးတစ်ယောက်ခြင်းမှစ၍ အစိုးရအဖွဲ့အစည်းတစ်ရပ်နှင့် ၄င်းအစိုးရမှ ချမှတ်မည်ဖြစ်သော အများနှင့်သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများအကြား ဆက်နွယ် ပတ်သတ်မှုများကို လေ့လာသော ဘာသာရပ်ပင် ဖြစ်သည်။

ထို့အတွက်ကြောင့် နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်ကို စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားခြင်းဖြင့် ပိုမိုကောင်းမွန် မှန်ကန်သော စီးပွားရေးဆုံးဖြတ်ချက်များကို ရရှိနိုင်မည်ပင် ဖြစ်သည်။ စီးပွားရေးသီအိုရီသည် လူသားများအတွက် အကျိုးရှိစေသော နည်းလမ်းများဖြင့် အကန့်အသတ်ရှိသော အရင်းအမြစ်များကို ဖြန့်ဖြူးရန် ညွှန်ကြားသည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ထို့အတွက်ကြောင့် လူသားများအတွက် အကျိုးရှိစေသော နည်းလမ်းများစွာကို နိုင်ငံတကာတွင် မည်သို့ ဆောင်ရွက်နေသည်ကို လေ့လာရန် လိုအပ်ပေသည်။

ယခုအခါ စင်ကာပူနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍနှင့်ပတ်သတ်သော လုပ်ဆောင်ချက်များကို တင်ပြပါမည်။ ပုံမှန်ဖွံ့ဖြိုးဆဲနိုင်ငံမှ မျိုးဆက်သစ်တစ်ခုသို့ ပြောင်းလဲရာတွင် စင်ကာပူနိုင်ငံ၏ အသွင်ပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်များမှာ နိုင်ငံအတွက်လိုအပ်သော အခြေခံအဆောက်အအုံများ ဖန်တီးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တိုက်ရိုက်အထောက်အကူပြုရုံသာမက ဖွံ့ဖြိုးဆဲနိုင်ငံမှ ဖွံ့ဖြိုးပြီးနိုင်ငံ အဆင့်သို့ ပြောင်းလဲနိုင်သည့်လမ်းစ ဖြစ်ခဲ့သည်။ စင်ကာပူနိုင်ငံသည် ဆောက်လုပ်ရေးကဏ္ဍနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အကြား ပက်သက်ဆက်နွယ်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။ တိုင်းပြည်တစ်ပြည်၏ ပြည်သူလူထုအတွက် လိုအပ်သော အခြေခံအဆောက်အဦများဆောက်လုပ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော အပန်းဖြေနေရာများ ဖန်တီးခြင်း၊ အစိုးရနှင့်သက်ဆိုင်သော အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ဝန်ကြီးဌာနဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ ဆောက်လုပ်ခြင်း စသည်တို့အပေါ်တွင် ဘဏ္ဍာငွေသုံးစွဲမှုများ ပြုလုပ်ခဲ့သည်။

စင်ကာပူနိုင်ငံနှင့် ပတ်သတ်သော ဆောက်လုပ်ရေး သမိုင်းကြောင်းကို ပြောရမည်ဆိုလျှင် စင်ကာပူနိုင်ငံသည် ပထမပိုင်းတွင် ဆောက်လုပ်ရေးကဏ္ဍမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သတ်သော ဆက်နွယ်မှုကို သတိမထားမိခဲ့ပေ။ ပထမပိုင်းတွင် စင်ကာပူနိုင်ငံအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍသည် ဘေးထွက်စွန့်ပစ် ပစ္စည်းများသော လုပ်ငန်းအဖြစ်သာ ရှုမြင်ခဲ့သည်။ အခြားနှစ်များနှင့် နှိုင်းယှဉ်လျှင် ၁၉၇၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၃၂ ရာခိုင်နှုန်းခန့် ဆိုးရွားစွာ ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် စင်ကာပူနိုင်ငံသည် ယနေ့မျက်မှောက်ခေတ်နှင့်ယှဉ်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံသာ ဖြစ်ခဲ့ကြောင်း အထင်အရှားပင်ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ဆောက်လုပ်ရေးနယ်ပယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထပ်မံကျဆင်းခဲ့သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ပထမပိုင်းတွင် စင်ကာပူနိုင်ငံသည် တိုင်းပြည်ဖွံ့ဖြိုးရေးကို ဖော်ဆောင်ရာတွင် ဆောက်လုပ်ရေးနယ်ပယ်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသည်မှာ အထင်အရှားပင် ဖြစ်သည်။ သာမာန်ပြည်သူများ နေထိုင်သော လူနေအိမ်များ တိုးချဲ့ခြင်းကဏ္ဍတွင် ၅၉ ရာခိုင်နှုန်းမှ ၄၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

နောက်ပိုင်းတွင် လူနေအိမ်များ ဆောက်လုပ်ခြင်းသည် အခြားလူနေအိမ် မဟုတ်သော အဆောက်အဦများကို ဆောက်လုပ်ခြင်းထက် ပိုမိုတွင်ကျယ်လာခဲ့သည်။ လူနေအိမ်များ ဝယ်ယူခြင်းကိစ္စနှင့် ပတ်သတ်ပြီး စင်ကာပူနိုင်ငံအစိုးရအနေဖြင့် အဓိကအရေးကြီးသော မူဝါဒများကြောင့် လူနေအိမ်များ၏ ဝယ်လိုအားမှာ ကျဆင်းခဲ့သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် အစိုးရ၏ မူဝါဒချမှတ်ခြင်းသည် အဆိုပါ မူဝါဒ ချမှတ်ခြင်းခံရသော နယ်ပယ်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာ အကျိုးသက်ရောက်မှု ရှိကြောင်း တွေ့မြင်နိုင်သည်။ အစိုးရသည် ဆောက်လုပ်ရေးကဏ္ဍနှင့် ပတ်သတ်သော မူဝါဒများကို ချမှတ်ရာတွင် အဆောက်အဦ ဝယ်ယူခွင့်နှင့်ပတ်သတ်သော မူဝါဒများကို ပြုပြင်ခဲ့ခြင်းကြောင့် လူနေအိမ်များ၏ ဝယ်လိုအားများ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် စင်ကာပူနိုင်ငံမှ စီးပွားရေး သုတေသနပညာရှင်များသည် ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက်တစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကိစ္စမှာ ရုရှားနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီသည် ထိုဆောက်လုပ်ရေး ကုမ္ပဏီ၏ တိုးတက်ပြောင်းလဲမှုသည် ရုရှားနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍအပေါ် အကျိုးသက်ရောက်မှု ရှိနေခြင်းကို တွေ့ရှိခဲ့သည်။ ဆောက်လုပ်ရေးကဏ္ဍ၏ ပြောင်းလဲမှုသည် နိုင်ငံရေးစီးပွားရေး အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိနေပြန်သည်။

ထိုမှတဆင့် စင်ကာပူနိုင်ငံ၏ စီးပွားရေး စောင့်ကြည့်လေ့လာသူများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများ ချမှတ်ရာတွင် ဆောက်လုပ်ရေးကဏ္ဍကို ထည့်သွင်းစဉ်းစားသင့်ကြောင်း တွေ့ရှိခဲ့ပြီး စင်ကာပူနိုင်ငံကို ဖွံ့ဖြိုးဆဲနိုင်ငံမှ ယနေ့ကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံကဲ့သို့ ပြောင်းလဲရာတွင် အထောက်အပံ့ဖြစ်သော အကြောင်းအရာ တစ်ခုအဖြစ် အသုံးပြုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးဘောဂဗေဒဆိုင်ရာ မူဝါဒများ ချမှတ်ဖော်ဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်ပြီး ဆက်လက်ဆွေးနွေးတင်ပြပါမည်။ လွန်ခဲ့သော ဆယ်စုနှစ်များအချိန်က အင်ဒိုနီးရှားနိုင်ငံသည် ၁၉၉၇ – ၁၉၉၈ ခုနှစ်များအတွင်း အာရှဘဏ္ဍာရေးပျက်ကပ် (Asia Financial Crisis (ASC)) ကြောင့် ငွေကြေးဆိုင်ရာ ကဏ္ဍများတွင် အခက်ခဲဆုံး ရိုက်ခတ်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ GDP ကျဆင်းခြင်းကြောင့် ဘဏ္ဍာရေးကဏ္ဍတွင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် အလုံးစုံဒေဝါလီ ခံယူခြင်းကိစ္စများ၊ ဆင်းရဲမွဲတေမှုနှုန်းများ မြင့်တက်လာခြင်း စသည့် ကြီးမားသော ပြဿနာများနှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။

ထိုအချိန်တွင် အင်ဒိုနီးရှားနိုင်ငံကို AusAID မှ နိုင်ငံရေးနှင့်ပတ်သတ်သော နည်းပညာဗဟုသုတများကို ထောက်ပံ့ပေးသော အစီအစဉ်များဖြင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို ကူညီခဲ့သည်။ အဓိက ရည်ရွယ်ချက်များ အနေဖြင့် အင်ဒိုနီးရှားနိုင်ငံအတွင်း မူဝါဒချက်မှတ်ရေးနှင့်ဆိုင်သော ကိစ္စများကို အကောင်ထည်ဖော် ဆောင်ရွက်ခြင်း၊ ဒုတိယအချက်အနေဖြင့် မူဝါဒချမှတ်ရေးလမ်းစဉ်နှင့်သက်ဆိုင်သော ဗဟုသုတများ အသုံးပြုခြင်းနှင့် ပတ်သတ်သော ကိစ္စရပ်များကိုဆောင်ရွက်ခြင်းစသည့် ကိစ္စရပ်နှစ်ရပ်ကို AusAID မှ အင်ဒိုနီးရှား နိုင်ငံအပေါ်သို့ အဓိကကူညီပံ့ပိုးပေးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ တရားဝင်မူဝါဒများ ချမှတ်ခြင်းလမ်းစဉ်နှင့် ပတ်သက်သော အကြောင်းအရာများကို ဆက်လက်ပီး ဖော်ပြပါမည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သော စီမံချက်များ ချမှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်မှာ ပုံပါအတိုင်းဖြစ်သည်။

Figure 2: The Indonesian development planning hierarchy

အင်ဒိုနီးရှားနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ချမှတ်ရာတွင် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများဖြင့် အကောင်အထည်ဖော်ခဲ့သည်။ အစိုးရတစ်ရပ်လုံးကိုလည်း ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် နိုင်ငံတော်အဆင့် ဝန်ကြီးဌာနအဆင့် သက်ဆိုင်ရာပြည်နယ်ဒေသ အဆင့်များအလိုက် ခွဲခြမ်းစိတ်ဖြာပြီး တာဝန်ယူဆောင်ရွက်စေခဲ့သည်။ အစိုးရဌာန အဆင့်တစ်ခုခြင်းစီတွင်လည်း ကာလတို၊ ကာလလတ်၊ ကာလရှည်ဆိုင်ရာ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို သတ်မှတ်ထားပြီး ဖြစ်သည်။ ကာလရှည် နှစ် (၂၀) စီမံကိန်းများကို (RPJPN) နိုင်ငံတော် နှစ်ရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဖြစ်လည်းကောင်း အစိုးရအဆင့်အသီးသီးကို စီမံဆောင်ရွက်စေသည်။ (၅) နှစ်တာ ကာလလတ်စီမံကိန်းများ အနေဖြင့် အစိုးရဌာနအဆင့်ဆင့်ကို (RPJMN) နိုင်ငံတော် ကာလလတ်စီမံကိန်းများ အဖြစ်လည်းကောင်း စီမံဆောင်ရွက်စေသည်။ (၁) နှစ်တာ နှစ်စဉ်လုပ်ငန်းစဉ်များ အနေဖြင့်လည်း (RKP) နိုင်ငံတော်နှစ်စဉ် စီမံကိန်းများအဖြင့် အကောင်ထည်ဖော် ဆောင်ရွက်စေသည်။ ဆက်လက်ပြီး ဝန်ကြီးဌာနများအနေဖြင့်လည်း အထက်ဖော်ပြပါ (RPJPN, RPIMN, RKP, APPN) များကို ဝန်ကြီးဌာနများဆိုင်ရာ လုပ်ဆောင်ရမည့် တာဝန်များအနေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်သည်။

ပြည်နယ်ဒေသများအလိုက်တွင်လည်း ကာလအလိုက် တာဝန်ယူဆောင်ရွက်ခြင်းများ ရှိသည်။

–          RKP Rencana Kerja Pemerintah (Annual Work Plan]

–          RPJMN – Rencana Pembangunan Jangka Menengah Nasional (National Medium-term

Development Plan]

–          RPJPN – Rencana Pembangunan Jangka Panjang Nasional (National Long-term

Development Plan]

ဆက်လက်ပြီး (RPJMN) ကာလလတ်စီမံကိန်းနှင့် သက်ဆိုင်သော အသေးစိတ်ကို အောက်ပါအတိုင်း ဖော်ပြပါသည်။

ထို့နောက် လွှတ်တော်ဆိုင်ရာ ရသုံးမှန်းခြေငွေစာရင်း ခွင့်ပြုမှုဆိုင်ရာ အချိန်ဇယားများ အကြောင်းကို ဆက်လက်ဖော်ပြပါမည်။

အစိုးရအနေဖြင့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ကြိုတင် တင်ပြမှုများကို မေလအလယ်တွင် စတင်ပါသည်။ မေလလယ်မှ ဇွန်လလယ်ကာလတွင် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဘဏ္ဍာရေးနှင့်သက်ဆိုင်သော ကိစ္စရပ်များကိုလည်းကောင်း၊ အစိုးရဝန်ကြီးဌာနများ ၎င်းနှင့်ဆက်စပ်လျက်ရှိသော ကဏ္ဍခွဲအသီးသီးအလိုက် ဘဏ္ဍာငွေ ခွဲဝေအသုံးပြုမှုများကို ဆွေးနွေးညှိနှိုင်း ကြသည်။ သြဂုတ်လ (၁၆) ရက်နေ့မှစတင်ပြီး အစိုးရမှ ရသုံးမှန်းခြေငွေစာရင်း တောင်းခံမှုများကို လွှတ်တော်ထံသို့ တင်ပြသည်။ ထို့နောက်တွင် သမ္မတမှ ရသုံးမှန်းခြေငွေစာရင်းနှင့်သက်ဆိုင်သော မိန့်ခွန်းကို ပြောကြားသည်။

ဩဂုတ်လ (၁၆) ရက်မှ အောက်တိုဘာလကုန်ပိုင်းတွင် ရသုံးမှန်းခြေငွေစာရင်းကော်မတီနှင့် ကဏ္ဍအလိုက် ကော်မရှင်များသည် ရသုံးမှန်းခြေငွေစာရင်း တင်ပြမှုများကို အချိန်ယူစစ်ဆေးသည်။ အောက်တိုဘာ (၃၁)ရက်နေ့တွင် နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်းများကို လွှတ်တော်မှ ခွင့်ပြုသည်။ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း အသေးစိတ်အသုံးစရိတ်များဆိုင်ရာ နောက်ဆုံးပိတ် တင်ပြမှုများကို ပြုလုပ်သည်။ ဇန်နဝါရီလ (၁)ရက်နေ့တွင် ဘဏ္ဍာရေးနှစ် စတင်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ဥပဒေနှင့်လမ်းညွှန်မှုများဆိုင်ရာ အကောင်အထည်ဖော်မှုများနှင့် ပတ်သတ်ပြီး စနစ်တကျ လုပ်ဆောင်ခဲ့သည်။ ဥပဒေနှင့် လမ်းညွှန်မှုများဆိုင်ရာ ကိစ္စများနှင့်ပတ်သတ်သော တရားဝင် မူဘောင်များနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်အဆင့်ဆင့်ကို ချမှတ်ခဲ့သည်။ ၎င်းသည် UUT1945 ဟု ခေါ်တွင်သည်။ ထို UUT1945 တွင် ဥပဒေနှင့် အစိုးရဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြဌာန်းထားသည်။ အစိုးရဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတော်သမ္မတဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်။ ထို့အပြင် ဝန်ကြီးဌာနများဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်နယ်ဒေသ အသီးသီးအလိုက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ကျေးရွာများဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများ ပါဝင်သည်။

အစိုးရထိပ်သီးခေါင်းဆောင်များအတွက် မူဝါဒများ ချမှတ်ခြင်းကိစ္စရပ်လည်း ပါဝင်သည်။ မူဝါဒများချမှတ်ရာတွင် အစိုးရအဖွဲ့အစည်းအတွက်လည်းကောင်း၊ ထို့အပြင် သမ္မတနှင့် ဒုသမ္မတများ အတွက်လည်း ပါဝင်ပေသည်။ အစိုးရတွင်းမူဝါဒများချမှတ်ရာတွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ဝန်ကြီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံပြီး ချမှတ်သည်။ ဝန်ကြီးဌာနတွင်း မူဝါဒများချ မှတ်ရာတွင်လည်း ဝန်ကြီးများ၏ တာဝန်ယူမှု တာဝန်ခံမှုများ၊ ဒုဝန်ကြီးများနှင့် အဖွဲ့ဝင် ဒါရိုက်တာများ၏ တာဝန်ယူမှု တာဝန်ခံမှုများ ၎င်းတို့၏ အခန်းကဏ္ဍများကို ထည့်သွင်းစဉ်းစားပြီး ချမှတ်ခဲ့သည်။

အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၏ အဖွဲ့အစည်းဆိုင်ရာ နေရာအဆင့် သတ်မှတ်ချက်များနှင့် ပတ်သတ်ပြီး အောက်ပါအတိုင်းဖြစ်သည်။

မူဝါဒများချမှတ်ရာတွင် နိုင်ငံရေးပါတီများနှင့် ပါလီမန်ဆိုင်ရာ အချက်များလဲပါဝင်သည်။ (၁) နိုင်ငံရေးပါတီများ – DPR သြဇာလွှမ်းမိုး ကြီးစိုးမှုများ Dewan Perwakilan Rakyat Republik Indonesia ပါလီမန်ကော်မရှင်၏ အခန်းကဏ္ဍ နိုင်ငံရေးပါတီများနှင့် DPRအဖွဲ့ဝင်များကြား ဆက်စပ်မှု စသည်တို့ပါဝင်သည်။

ဆူဟာတို သက်တမ်းကုန်ဆုံးပြီး နောက်ပိုင်းတွင် နိုင်ငံ၏ ဥပဒေပြုရေးတွင် DPR ၏ အရှိန်အဝါသည် ပိုမိုကြီးထွားလာခဲ့သည်။ သမ္မတတွင် အလုံးစုံဆုံးဖြတ်နိုင်သော ဗီတိုအာဏာ မူဝါဒများ ချမှတ်ရေးကိစ္စနှင့်ဥပဒေပြုရေးဆိုင်ရာ အသေးစိတ်အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စများအပြင် အစိုးရထိပ်သီးခေါင်းဆောင်များအပေါ် စီမံခန့်ခွဲမှုများလည်း ပါဝင်သည်။ DPR သည် အစိုးရအတွင်း ပါဝင်သော အဓိကအရေးပါသော အဖွဲ့အစည်းအားလုံးနှင့် ကော်မရှင်တွင်ပါဝင်သော အဖွဲ့အစည်းများအားလုံးပေါ်တွင် အာဏာသက်ရောက်မှုရှိသည်။ DPR သည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သဘောတူညီမှုများနှင့် ချင့်ချိန်မှုများပေါ်တွင် ယေဘုယျအားဖြင့် အထောက်အကူပြုစေသည်။

အချုပ်အားဖြင့်ဆိုရသော် ပထမအနေဖြင့် စင်ကာပူနိုင်ငံသည် တိုင်းပြည်၏ဝင်ငွေလည်ပတ် စီးဆင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေးလုပ်ငန်းနှင့်သက်ဆိုင်သော မူဝါဒများကို ချမှတ်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ ထို့နည်းတူစွာဖြင့်ပင် အင်ဒိုနီးရှားနိုင်ငံသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်လုံးနှင့် နိုင်ငံတော်ကို အဆင့်ဆင့်စီမံခန့်ခွဲပြီး ဆောင်ရွက်ခဲ့သည်။

ရဲမင်းအောင်

(ရဲမင်းအောင်သည် စီးပွားစီမံခန့်ခွဲမှုအပိုင်းနှင့်ပတ်သတ်ပြီး ပါရဂူကျမ်းပြုစုနေသူ တစ်ဦးဖြစ်သည်။ စီးပွားစီမံခန့်ခွဲမှု အပိုင်းနှင့်ပတ်သတ်ပြီး Project Management၊ Business Management နှင့် Administration အစရှိသည့် အကြောင်းအရာများကို လေ့လာခဲ့သည်။ စာရေးသူသည် စီးပွားစီမံခန့်ခွဲမှု (မဟာဘွဲ့) ကို ရရှိထားသူ ဖြစ်သည်။ စီးပွားစီမံခန့်ခွဲမှုဆိုင်ရာ ပါရဂူဘွဲ့ကို တက်ရောက်သင်ယူနေဆဲဖြစ်သည်။ ယခုဖော်ပြသည့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အစိုးရတို့၏ လုပ်ပုံကိုင်ပုံ အမျိုးမျိုး ဆောင်းပါးသည် စာရေးသူ၏ ပါရဂူဘွဲ့အတွက် တစ်စိတ်တစ်ပိုင်း လိုအပ်သည့် ထုတ်ဝေမှုကို ပြုလုပ်သည့်အနေဖြင့် ရေးသားတင်ပြခြင်း ပင်ဖြစ်ပါသည်။)

Share.

About Author

Leave A Reply