The Hidden Reality of Rakhine Situation behind the Media Mask ဆွေးနွေးပွဲကျင်းပခြင်း

0

The Hidden Reality of Rakhine Situation behind the Media Mask ဆွေးနွေးပွဲကျင်းပခြင်း

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က စီစဉ်သည့် The Hidden Reality of Rakhine Situation behind the Media Mask ဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Novotel Hotel Max, Yangon တွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ရခိုင်ပြည်နယ်အရေးကျွမ်းကျင်သူ Mr. Rick Heizman က ရခိုင်ပြည်နယ်ဆိုင်ရာ မှတ်တမ်းတင် ရုပ်ရှင်ကားအား ပြသရှင်းလင်းခဲ့ပါသည်။ ဆက်လက်ပြီး သုတေသနပညာရှင် ဦးမောင်မောင်ငြိမ်းက ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မှတ်တမ်းတင်ခဲ့သည်များကို ရှင်းလင်းဆွေးနွေးပါသည်။

အခမ်းအနား ဒုတိယပိုင်းအဖြစ် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Mr. Rick Heizman၊ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနှင့် သုတေသနပညာရှင် ဦးမောင်မောင်ငြိမ်းတို့က ပါဝင်ဆွေးနွေးပါသည်။ Moderator အဖြစ် သုတေသနပညာရှင် ဦးသန်းအေးက ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတတိယပိုင်းအဖြစ် တက်ရောက်လာကြသူများ၏ မေးမြန်းမှုများကို ပါဝင်ဆွေးနွေးသူများက ဖြေကြားခဲ့ကြပြီး သတင်းစာရှင်းလင်းပွဲကို ဆက်လက်ပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။  

အခမ်းအနားသို့ ဒုတိယသမ္မတ (ငြိမ်း) ဦးဉာဏ်ထွန်း၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီးများ၊ သံတမန်များ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမီဒီယာများနှင့် အခြားစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Photos: Myanmar International TV and Miss Grand International 2018

 

Share.

About Author

Leave A Reply