Pacific Forum CSIS ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

0

Pacific Forum CSIS ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

28-5-2017

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ Founder & Executive Director Dr. နိုင်ဆွေဦးသည် အမေရိကန်ပြည်ထောင်စု အခြေစိုက် Pacific Forum – Center for Strategic and International Studies (CSIS) ၏ ဥက္ကဌ အငြိမ်စား လေတပ်ဗိုလ်မှူးကြီး Ralph Cossa နှင့် ယမန်နေ့က သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ (TISS) ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အဖွဲ့အစည်း (၂)ခုကြား ပူးပေါင်းဆောင်ရွက်ရေး၊ Pacific Forum သို့ သုတေသနပညာရှင်များ စေလွှတ်လေ့ကျင့်ရေး၊ သေနင်္ဂရည်ညွှန်းစာကြည့်တိုက်သို့ စာအုပ်စာတမ်းများ ပေးအပ်ခြင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

နှစ်ပေါင်း (၅၀)ကျော် သက်တမ်းရှိ CSIS သည် ကာကွယ်ရေးနှင့် လုံခြုံရေး၊ ဒေသဆိုင်ရာလေ့လာရေး၊ နိုင်ငံဖြတ်ကျော် စိန်ခေါ်မှုများစသည့် ကဏ္ဍများကို လေ့လာသုတေသနပြုလုပ်နေသည့် ကမ္ဘာ့ထိပ်တန်း Institution တစ်ခုဖြစ်သည်။ ပန်ဆယ်လ်ဗေးနီးယား တက္ကသိုလ်၏ “GoTo Think Tank Index” အရ CSIS သည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကဏ္ဍတွင် ကမ္ဘာ့အဆင့် (၁) ဖြစ်သည်။

Thayninga Institute for Strategic Studies

Share.

About Author

Leave A Reply