(ကမ္ဘာ့ရေးရာ အမှတ် (၂၅) ဧပြီလ ၂၀၂၄ တွင် ဖ်ောပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)
ရုရှား – ယူကရိန်း စစ်ပွဲနှင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့၏ အခန်းကဏ္ဍအား လေ့လာခြင်း
ဒေါက်တာနိုင်ဆွေဉီး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
နိဒါန်း
ယူကရိန်းတွင် ဖြစ်ပွားနေသော စစ်ပွဲသည် ယနေ့အချိန်အခါ၌ အနောက်တိုင်း သတင်း မီဒီယာများတွင် စစ်ပွဲ အစောပိုင်းကကဲ့သို့ ထင်ထင်ရှားရှား ပေါ်လွင်ခြင်းမရှိတော့ပေ။ သို့သော်လည်း ရုရှား – ယူကရိန်းစစ်ပွဲသည် ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်စလုံးသည် သိသာထင်ရှားသော ဆုံးရှုံးမှုများကို ခံစားနေကြရပါသည်။ ရုရှားသည် စစ်မြေပြင်နှင့် စစ်မြေပြင် ပြင်ပတွင် တဖြည်းဖြည်းနှင့်အောင်မြင်များဖြင့် ခိုင်မာစွာရပ်တည်လာနေပြီ ဖြစ်ပါသည်။ မကြာသေးမီက ယူကရိန်းတပ်များသည် Avdiivka ရှိ အခိုင်အမာခြေကုပ်နယ်မြေမှ ဆုတ်ခွာသွားခြင်းမှာ ခေါင်းကြီးပိုင်းသတင်းများ ဖြစ်ခဲ့သည်။ Donetsk မြို့အနီးရှိ ထိုရှေ့တန်းနယ်မြေတွင် ရုရှားတပ်များသည် ယူကရိန်းတပ်များအား Avdiivka ၏ နောက်ဘက်သို့ ဆုတ်ခွာသွားစေနိုင်ခဲ့ပြီး ဆက်လက် အောင်မြေချဲ့ သိမ်းပိုက်နိုင်ခဲ့သည်။ ဤသည်မှာ ဖြစ်ပွားနေဆဲ ရုရှား – ယူကရိန်းစစ်ပွဲ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများ ဖြစ်ပါသည်။
ရုရှား – ယူကရိန်းစစ်ပွဲမှ လေ့လာသင့်သည့်အချက်များ
ယခုဖြစ်ပွားနေသော ရုရှား – ယူကရိန်းစစ်ပွဲ၏ အရေးကြီးဆုံး အလှည့်အပြောင်းမှာ ရုရှားသည် စစ်ပွဲအား စတင်ဆင်နွှဲစဉ်က အထူးစစ်ဆင်ရေး (Special Military Operation) အဖြစ် မိမိထက် အင်အားနည်းပါးသော ရန်သူကို ကာလတိုအတွက် စီမံချက်ရေးဆွဲ ဆင်နွှဲခဲ့ခြင်း ဖြစ်သော်လည်း တိုက်ပွဲများမှာ ပြင်းထန်လာပြီး နယ်မြေအရလည်း ကျယ်ပြန့်လာကာ စစ်ပွဲသည် ပိုမိုကြီးမားလာကြောင်း တွေ့ရှိလာရပါသည်။ အမေရိကန်က ၂၀၀၁ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်များတွင် တာလီဘန်နှင့် အီရတ်တို့အပေါ်ဆင်နွှဲခဲ့သော စစ်ဆင်ရေးများနှင့် နှိုင်းယှဉ်ပါက ယခုစစ်ပွဲသည် အောင်မြင်မှု ရရှိရန် ပိုမိုခက်ခဲကြောင်း နှစ်ဘက်လုံးက တွေ့ရှိလာကြပါသည်။ ဖော်ပြပါစစ်ပွဲများတွင် အမေရိကန်အနေဖြင့် ဆန့်ကျင့်ဖက် အစိုးရတစ်ရပ် ပြုတ်ကျသွားစေရန် တစ်လခန့်မျှသာ အချိန်ယူခဲ့ကြောင်း တွေ့နိုင်သည်။ ယခု ရုရှား – ယူကရိန်း စစ်ပွဲသည် ကိုရီးယားစစ်ပွဲ (၁၉၅၀ – ၅၃)၊ ဘော့စနီးယားစစ်ပွဲ (၁၉၉၂ – ၉၅) နှင့် အီရန် – အီရတ်စစ်ပွဲ (၁၉၈၀ – ၈၈) တို့နှင့် ပိုမိုဆင်တူနေပါသည်။ ယခုစစ်ပွဲ၏ ရလဒ်အနေဖြင့် ထွက်ပေါ်လာမည့် စစ်ပွဲ၏ အရွေ့ဒိုင်းနမစ်များနှင့် သင်ခန်းစာများသည် ကမ္ဘာလုံးဆိုင်ရာ စစ်ဘက်အတွေးအမြင်နှင့် တပ်မတော်များက အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲများအတွက် စစ်ဆင်ရေးစီမံချက်များ ရေးဆွဲရန် စဉ်းစားရာတွင် လွှမ်းမိုးနိုင်မှု ကြီးမားလာမည် ဖြစ်သည်။
ယခုအခါ ရုရှားတပ်များသည် ရှေ့တန်းစစ်မျက်နှာများတွင် အကန့်အသတ်ဖြင့် အမြတ်ထုတ် အောင်မြင်မှုများ ရယူနိုင်ပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ ရုရှားစီးပွားရေးသည်လည်း စစ်ပွဲအတွင်းမှာပင် ပိုမို တိုးတက်လာပါသည်။ အစိုးရသည် အခြားသောနိုင်ငံများမှ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များ ပံ့ပိုးမှုကိုလည်း ရယူနိုင်ခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲနိုင်ခဲ့သည်။ ဤအရာအားလုံးကို သုံးသပ်ကြည့်မည်ဆိုပါက စစ်ပွဲ၏ တတိယနှစ်သို့ ရောက်ရှိလာသည်နှင့်အမျှ ရုရှားသည် ယူကရိန်းနှင့် နှိုင်းယှဉ်ပါက ပိုမိုအားကောင်းသည့် အနေအထားတွင် ရှိနေသည်ကိုဆိုလိုပါသည်။ အရေးကြီးသည့် အချက်မှာ ရုရှားအနေဖြင့် ယူကရိန်းတစ်နိုင်ငံတည်းဖြင့်သာ ရင်ဆိုင် တိုက်ခိုက်နေရခြင်းမဟုတ်ပဲ အမေရိကန်အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြင့်ပါ ကိုယ်ပွားစစ်ပွဲ (Proxy War) တစ်ရပ်အား ပြင်းပြင်းထန်ထန် ရင်ဆိုင် ဆင်နွှဲနေရခြင်းလည်း ဖြစ်ပါသည်။ ထို့အတွက် နေတိုးအဖွဲ့က ယူကရိန်းအား မည်သို့ မည်ပုံ ထောက်ပံ့ကူညီမှုများ ပေးအပ်နေသည်ကို သေချာစွာ လေ့လာ သုတေသနပြုရန် လိုအပ်နေပါသည်။
မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့၏ သမိုင်းကြောင်းအား ပြန်လည်စေ့ငုကြည့်ခြင်း
နေတိုးဟူ၍ အတိုကောက်ခေါ်လေ့ရှိသည့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization – NATO) အား အမေရိကန်၊ ကနေဒါနှင့် အနောက်ဥရောပနိုင်ငံ အများအပြားဖြင့် ၁၉၄၉ ခုနှစ်တွင် စတင်ဖွဲ့ခဲ့ပါသည်။ စစ်ပြီးကာလ ငြိမ်းချမ်းချိန်တွင် ဖွဲ့စည်းသည့် ထိုအဖွဲ့အစည်းသည် ဆိုဗီယက်ပြည်ထောင်စုနှင့် ၎င်းဉီးဆောင်သည့် ဝါဆောစစ်စာချုပ်အဖွဲ့အား ရင်ဆိုင်ရန် အဓိက ဉီးတည်ထားခြင်း ဖြစ်သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးနှင့် စစ်ရေးနည်းလမ်းများကို အသုံးပြု၍ အဖွဲ့ဝင်နိုင်ငံများ၏ လွတ်လပ်ရေးကို အာမခံချက် ပေးရန်ဖြစ်ပါသည်။
(က) နေတိုးအဖွဲ့ဝင်နိုင်ငံများ
နေတိုးအဖွဲ့အား ၁၉၄၉ ခုနှစ်တွင် စတင်ဖွဲ့စည်းစဉ်က စတင်တည်ထောင်သည့် နိုင်ငံ (၁၂) နိုင်ငံရှိပါသည်။ ၎င်းတို့မှာ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ အိုက်စ်လန်၊ အီတလီ၊ လူဇင်ဘာ့ဂ်၊ နယ်သာလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ ယူကေနှင့် အမေရိကန်တို့ ဖြစ်ပါသည်။ လက်ရှိတွင် နေတိုးအဖွဲ့ဝင် (၃၂)နိုင်ငံအထိ ရှိနေပါသည်။ နှစ်ပေါင်း (၇၀) ကျော်အတွင်း ထပ်မံဝင်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှာ ဂရိ၊ တူကီယေး၊ ဂျာမနီ၊ စပိန်၊ ချက်ဇ်၊ ဟန်ဂေရီ၊ ပိုလန်၊ ဘူလ်ဂေးရီးယား၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ ရိုမေးနီးယား၊ စလိုဗက်ကီးယားနှင့် စလိုဗေးနီးယား၊ အယ်လ်ဘေးနီးယားနှင့် ခရိုအေးရှား၊ မွန်တီနီဂရိုးနှင့် မြောက်မက်ဆီဒိုးနီးယားတို့ ဖြစ်သည်။
(ခ) နေတိုးအဖွဲ့၏ ကွပ်ကဲမှု ဖွဲ့စည်းပုံ
မတူညီသော တပ်မတော်များစွာ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရသည်ဖြစ်ရာ တိကျ ရှင်းလင်းပြတ်သားသော ကွပ်ကဲမှု ကွင်းဆက်ရှိရန် အရေးကြီးပါသည်။ အဖွဲ့ဝင်နိုင်ငံအားလုံးမှ စစ်ဘက်နှင့် အရပ်ဘက်ဝန်ထမ်းများသည် နေတိုး၏ ကွပ်ကဲမှုဖွဲ့စည်းပုံ (Command Structure) အရ နေ့စဉ်အတူတကွ ပူးတွဲ လုပ်ဆောင်ကြသည်။ ၎င်းတွင် ထိပ်ပိုင်းအားဖြင့် မဟာဗျူဟာအဆင့် ကွပ်ကဲမှုဌာနချုပ်နှစ်ခု ပါဝင်သည်။ တစ်ခုမှာ ဘယ်လ်ဂျီယမ်နိုင်ငံ Mons အခြေစိုက် Allied Command Operations နှင့် အမေရိကန်နိုင်ငံ Norfolk တွင်အခြေစိုက်သော Allied Command Transformation တို့ဖြစ်သည်။
(ဂ) နေတိုး၏ ကာကွယ်ရေးအသုံးစရိတ်
၂၀၁၄ ခုနှစ် ဝေးလ်စ်ထိပ်သီးအစည်းအဝေးတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများက ကာကွယ်ရေးဘတ်ဂျက် ဖြတ်တောက်မှုများကို ရပ်တန့်ရန်၊ ၂၀၂၄ ခုနှစ်အရောက်တွင် ကာကွယ်ရေးအတွက် GDP ၏ ၂ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲရန်နှင့်၎င်းမှ ၂၀ ရာခိုင်နှုန်းအား အရေးကြီး လက်နက်ပစ္စည်းများ တပ်ဆင်ရာတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုခဲ့ကြသည်။ ၂၀၂၄ ခုနှစ်သည် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများနှင့် ကနေဒါနိုင်ငံတို့၏ ဆယ်နှစ် ဆက်တိုက် ကာကွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာပါမည်။ ၂၀၂၃ ခုနှစ်အတွင်းက အဖွဲ့ဝင် ၁၂ နိုင်ငံသည် ၎င်းတို့ GDP ၏ အနည်းဆုံး ၂ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲခဲ့ကြသည်။
(ဃ) နေတိုးအဖွဲ့၏ ရန်ပုံငွေ
နေတိုးအဖွဲ့ဝင်နိုင်ငံတိုင်းသည် Gross National Income(GNI) ၏ ကုန်ကျစရိတ်ခွဲဝေမှု ပုံသေနည်းကို အခြေခံ၍ အဖွဲ့အား လည်ပတ်ရန် လိုအပ်သော ကုန်ကျစရိတ်များကို ပံ့ပိုးပေးရပါသည်။ ၎င်းတွင် နေတိုး၏ စစ်ဆင်ရေးနှင့် လုပ်ဆောင်ရမည့်တာဝန်များ၊ အဆောက်အဦများ၊ ကွပ်ကဲမှု အဖွဲ့ ဆောင်ရွက်ရန် တာဝန် ဝတ္တရားများနှင့် ထောက်လှမ်းရေးသုံး မောင်းသူမဲ့ လေယာဥ်များကဲ့သို့ နေတိုးက ပူးတွဲပိုင်ဆိုင်သည့် စက်ယန္တရား၏ ကုန်ကျစရိတ်များ အကျုံးဝင်ပါသည်။ နေတိုး၏ ဘုံရန်ပုံငွေသည် နှစ်စဉ် ယူရို သုံးဘီလီယံခန့် သို့မဟုတ် မဟာမိတ်ကာကွယ်ရေးအသုံးစရိတ် စုစုပေါင်း၏ သုည ဒဿမ သုံး ရာခိုင်နှုန်း ဝန်းကျင် ဖြစ်ပါသည်။
(င) နေတိုးသို့ အဖွဲ့ဝင်အဖြစ် ပေါင်းစည်းဝင်ရောက်ခြင်း
တံခါးဖွင့်မူဝါဒသည် နေတိုး၏ ထူထောင်ရေးမူဖြစ်သည်။ ဆိုလိုသည်မှာ ဥရောပတိုက်ရှိ မည်သည့်နိုင်ငံမဆို နေတိုးအဖွဲ့ဝင်ဖြစ်ခြင်းဆိုင်ရာ စံနှုန်းများနှင့် တာဝန်ဝတ္တရားများ ပြည့်မီရန် ပြင်ဆင်ထားပါက လွတ်လပ်စွာ ပါဝင်ခွင့်ရှိသည်။ စတင်ဖွဲ့စည်းသည့် ၁၉၄၉ ခုနှစ်ကတည်းက နေတိုးအဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံရှိခဲ့ရာမှ ယနေ့ခေတ်တွင် ၃၂ နိုင်ငံသို့ တိုးတက်လာခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ဖင်လန်ကို ၃၁ မြောက် အဖွဲ့ဝင်သစ်အဖြစ် လက်ခံခဲ့ပြီး၊ ၂၀၂၄ ခုနှစ် မတ်လတွင် ဆွီဒင်သည် ၃၂ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာပါသည်။
(စ) နေတိုးအဖွဲ့၏ အားသားချက်နှင့် အားနည်းချက်များ
အားသားချက်များအနေဖြင့် အဖွဲ့အား လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လစ်ဘရယ်အခွင့်အရေးတို့၏ တန်ဖိုးများဖြင့် ချည်နှောင်ထားသည်။ သမိုင်းကြောင်းအရ အဖွဲ့ဝင်နိုင်ငံများသည် ဆိုဗီယက်အား ဟန့်တားရန် ၎င်း၏ ရည်ရွယ်ချက် အောင်မြင်ခဲ့သည်။ အဖွဲ့သည် အချိန်နှင့်အမျှ ပြောင်းလဲခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို ထမ်းဆောင်ရန် ၎င်း၏ အခန်းကဏ္ဍအသစ်များကို တွေ့ရှိခဲ့သည်။ နေတိုးအဖွဲ့သည် ကမ္ဘာ့စစ်အသုံးစရိတ် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို သုံးစွဲနေပါသည်။ သမိုင်းအရ စစ်ရေးလှုပ်ရှားမှုတွင် စွမ်းရည်မြင့်မားကြောင်း သက်သေပြသနိုင်ခဲ့သည်။ တိုးတက်လာသော နည်းပညာများအား တိုးတက်သုံးစွဲနိုင်သော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
အားနည်းချက်များမှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် တိုက်ခိုက်ခံရပါက အခြားအဖွဲ့ဝင်နိုင်ငံများက အမှန်တကယ် ဝင်ရောက်ကူညီနိုင်မည်လားဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ အဖွဲ့ဝင်နိုင်ငံတိုင်းတွင် နိုင်ငံအလိုက် အမျိုးသားအကျိုးစီးပွားများ ကွဲပြားခြားနားစွာ ရှိနေကြပါသည်။ အီးယူအဖွဲ့ဝင်နိုင်ငံအားလုံးသည် နေတိုးအဖွဲ့ဝင်မဟုတ်ပေ။ နေတိုးအဖွဲ့အနေဖြင့် ဆုံးဖြတ်ချက်များချရန်အတွက် အဖွဲ့ဝင်အားလုံး တညီတညွတ်တည်း စုပေါင်းချမှတ်ရန် လိုအပ်သည်။ နေတိုးသည် အမေရိကန်၏ စစ်အင်အားကို အလွန်အမင်း အားကိုးနေပါသည်။ နေတိုးအဖွဲ့အား အမေရိကန်က ကြီးစိုးနေလျက် ရှိနေကြောင်း တွေ့နိုင်သည်။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အဖွဲ့ရန်ပုံငွေအတွက် သဘောတူညီထားသည့် ၎င်းတို့ GDP ၏ ၂ ရာခိုင်နှုန်းအား ထည့်ဝင်နိုင်ခြင်း မရှိချေ။
ယူကရိန်းနှင့် နေတိုးတို့၏ ဆက်ဆံရေး
ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ဝင် ဖြစ်လာရန် ကြိမ်ဖမ်များစွာ ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် NATO Membership Action Plan (MAP) အား လျှောက်ထားခဲ့ပါသည်။ သို့သော် ၂၀၁၀ ပြည့်နှစ်တွင် ရုရှားလိုလားသူ ဗစ်တာယာနျူကိုဗစ်ချ်အား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရချိန်တွင် ထိုအစီအစဉ်အား ပယ်ဖျက်ခဲ့ပါသည်။ ၎င်းက နိုင်ငံအား ဘက်မလိုက်နိုင်ငံအဖြစ် ရပ်တည်လိုခြင်းဖြစ်ကြောင်း မှတ်ချက်ပြုပါသည်။
၂၀၁၄ ခုနှစ် ပြည်တွင်း မငြိမ်မသက်မှုများ ဖြစ်ပွားပြီးနောက် ယာနျူကိုဗစ်ချ်သည် တိုင်းပြည်မှ ထွက်ပြေးသွားခဲ့ရပါသည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားသည် ခရိုင်းမီးယား ကျွန်းဆွယ်အား ပြန်လည် သိမ်းပိုက် ပေါင်းစည်းပေးနိုင်ခဲ့ပါသည်။ ထိုဖြစ်စဉ်က ယူကရိန်းအား မဟာမိတ်ဖွဲ့စည်းရန် ဉီးစားပေးအခြေအနေသို့ ရောက်ရှိသွားစေပါသည်။ ၂၀၁၇ ခုနှစ်သည် ယူကရိန်းသည် မဟာဗျူဟာမြောက် နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒ ဉီးတည်ချက်အဖြစ် နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ကြိုးပမ်းမှု ဥပဒေအား ပြန်လည် အတည်ပြုခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အရောက်တွင် ထိုအချက်မှာ ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တစ်ခုအဖြစ် ပါဝင်လာခဲ့သည်။
၂၀၀၈ ခုနှစ်က နေတိုးအဖွဲ့သည် ယူကရိန်းအား အနာဂတ်တွင် ဝင်ရောက်ခွင့်ပေးမည်ဟုသော ကတိပေးခဲ့ပါသည်။ သို့သော်လည်း ၎င်း၏ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ကြိုးပမ်းမှုသည် အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးငြင်းခုံနေကြဆဲ ဖြစ်သည်။
နေတိုးတွင် ပါဝင်ခြင်းဖြင့် ယူကရိန်းအနေဖြင့် ခံစစ်အင်အား လွန်စွာ တိုးတက်လာမည်ဖြစ်ရာ ရုရှားသည် ၎င်း၏ အိမ်နီးချင်းအား နေတိုး မဟာမိတ်အဖွဲ့ဝင်ဖြစ်ခွင့်ကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း အာမခံချက် လိုအပ်ပါသည်။ နေတိုး၏ စုပေါင်းကာကွယ်ရေးမူအရ မဟာမိတ်အဖွဲ့တွင် ပါဝင်ခြင်းသည် ယူကရိန်း၏ ခံစစ်အင်အားကို တိုးမြင့်စေမည့် ဖြစ်သည်။ နေတိုး တည်ထောင်ခြင်း သဘောတူစာချုပ် အပိုဒ် ၅ တွင် ပြဋ္ဌာန်းထားသောမူအရ မဟာမိတ်တစ်ဦးကို တိုက်ခိုက်ခြင်းသည် မဟာမိတ်အားလုံးကို တိုက်ခိုက်ခြင်းဟု ယူဆကာ အချင်းချင်းကာကွယ်ရန် ကတိကဝတ်ပြုခြင်းကို ဆိုလိုပါသည်။ ထို့အပြင် ရုရှားအနေဖြင့် နေတိုးနှင့် အနောက်နိုင်ငံများကို ထိုဒေသတွင် ၎င်းတို့၏ သြဇာချဲ့ထွင်ရန် မလိုလားပေ။ သမ္မတ ပူတင်က နေတိုးသည် တိုးချဲ့မှုကို ဟန့်တားသည့် သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ပူတင်က အခိုင်အမာဆိုသော်လည်း နေတိုးက ယင်းပြောဆိုချက်များကို ပယ်ချခဲ့ပါသည်။
မိမိနိုင်ငံ၏ အိမ်နောက်တံခါးဝတွင် တချိန်က တတိယကမ္ဘာစစ် ဖြစ်လုနီးနီး မိမိနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရသော ရန်သူ့အုပ်စုကြီးတစ်ခုက အခြေစိုက်ကာ အင်အား ဖြန့်ကျက်လာမည်ကို မည်သည့်နိုင်ငံကမျှ လိုလားမည် မဟုတ်ချေ။
နေတိုးက ယူကရိန်းအား ထောက်ပံ့ကူညီမှုများ
၂၀၂၂ ခုနှစ်တွင် Forbes မဂ္ဂဇင်းက နိုင်ငံပေါင်း (၂၀) ပါဝင်သော ယူကရိန်း၏ စစ်မှန်သော မိတ်ဆွေများစာရင်းအား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစာရင်းတွင် ပိုလန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ အမေရိကန်၊ လစ်သူယေးနီးယား၊ ပေါ်တူဂီ၊ ဗြိတိန်၊ အီတလီ၊ စပိန်၊ စလိုဗက်ကီးယား၊ ချက်သမ္မတနိုင်ငံ၊ ပြင်သစ်၊ ကနေဒါ၊ နယ်သာလန်၊ ဘူလ်ဂေးရီးယား၊ ဒိန်းမတ်၊ ဂျာမနီ၊ နော်ဝေနှင့် ရိုမေးနီးယားတို့ ပါဝင်သည်။ နိုင်ငံအများစုသည် အနောက်အုပ်စုဝင်များဖြစ်ပြီး မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဝင် နိုင်ငံများလည်း ပါဝင်နေကြောင်း တွေ့နိုင်သည်။ ထိုစာရင်းအရ ရုရှားသည် ယူကရိန်း တစ်နိုင်ငံတည်းနှင့် စစ်တိုက်နေရသည်မဟုတ်ဘဲ အနောက်အုပ်စုတစ်ခုလုံးနှင့် ရင်ဆိုင်နေရသည်ကို တွေ့နိုင်သည်။
အထက်ပါ နိုင်ငံအများစုသည် ယူကရိန်းကို ထောက်ခံသည့် အနေဖြင့် ရုရှားသံတမန်များအား ၎င်းတို့နိုင်ငံများမှ နှင်ထုတ်ခဲ့သည်။ ပိုလန်၊ ပြင်သစ်နှင့် ဂျာမနီတို့က ရုရှားသံတမန် (၄၀) ခန့်အား သက်ဆိုင်ရာနိုင်ငံများမှ နှင်ထုတ်ခဲ့ပြီး ဘူလ်ဂေးရီးယားသည်လည်း ရုရှား သံတမန် (၈၁) ဦးအား နှင်ထုတ်ခဲ့ကြောင်း တွေ့ရသည်။ အချို့သော နိုင်ငံ့ခေါင်းဆောင်များသည် ယူကရိန်းသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ရာ ဗြိတိန်နှင့် ပိုလန်ခေါင်းဆောင်များသည် စစ်ပွဲအတွင်း ယူကရိန်းသို့ အကြိမ်အများဆုံး သွားရောက်လည်ပတ်ခဲ့ပြီး တစ်ဦးလျှင် သုံးကြိမ်စီ ဖြစ်သည်။ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် ကနေဒါနိုင်ငံတို့မှ ခေါင်းဆောင်များသည် ယူကရိန်းထံသို့ နှစ်ကြိမ်စီ သွားရောက်လည်ပတ်ဘူး ကြသည်။
ယူကရိန်းသည် စစ်ရေး၊ ငွေကြေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှု အမျိုးမျိုးကိုလည်း လက်ခံရရှိနေသည်။ Kiel Institute ၏ လေ့လာချက်အရ ဥရောပသမဂ္ဂသည် ယူကရိန်းအား စစ်ရေး၊ ဘဏ္ဍာရေးနှင့် လူသားချင်းစာနာထောက်ထားမှုတို့အပါအဝင် စုစုပေါင်း ကူညီထောက်ပံ့မှု အများဆုံးဖြစ်သည်ကို တွေ့ရှိရသည်။ စစ်ရေးအကူအညီတွင်တော့ အမေရိကန်က ထိပ်ဆုံးဖြစ်သည်။ ဂျာမနီကဲ့သို့ နေတိုးအဖွဲ့ဝင်နိုင်ငံနှင့် ဆွီဒင်ကဲ့သို့ မဟာမိတ်များအနေဖြင့် ယူကရိန်းအား ထောက်ပံ့ကူညီမှုများ ပြုလုပ်ရန်အတွက် ထိုးစစ်လက်နက်များ တင်ပို့ခြင်း မပြုရဟူသော ယခင်က ချမှတ်ထားသည့် မူဝါဒများအား ပြောင်းလဲခဲ့သည်။ ဥရောပသမဂ္ဂသည် သမိုင်းတွင် ပထမဆုံးအဖြစ် သေစေနိုင်သောလက်နက်များ (Lethal Weapons) အား ထောက်ပံ့မှု ပေးခဲ့ကြောင်း တွေ့ရှိရသည်။
စစ်ပွဲဆိုင်ရာထောက်ပံ့ကူညီမှုများအတွက် နိုင်ငံ (၅၄) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် The Ukraine Defence Contact Group ၏ လစဉ်အစည်းအဝေးများတွင် ညှိုနှိုင်းဆွေးနွေးကြသည်။ ၎င်းအဖွဲ့တွင် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် အားလုံးနှင့် အခြား နိုင်ငံ ၂၄ နိုင်ငံတို့ ပါဝင်သည်။ ဥရောပသမဂ္ဂသည် တစ်နိုင်ငံခြင်းစီအလိုက်သော်လည်းကောင်း အီးယူအင်စတီကျူးရှင်းများမှတဆင့် စုပေါင်း၍သော်လည်းကောင်း ထောက်ပံ့ကူညီကြောင်း တွေ့ရသည်။
နေတိုးသည် အဖွဲ့အစည်းတစ်ခုအနေဖြင့် လောင်စာဆီ၊ ဆောင်းရာသီအဝတ်အစားများနှင့် မီးစက်များအပါအဝင် လူသေစေနိုင်ခြင်းမရှိသော အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိသည်။ တစ်နိုင်ငံခြင်းစီအနေဖြင့်မူ လက်နက်၊ ခဲယမ်း၊ ယာဉ်ယန္တရားများနှင့် အခြားစစ်ဘက်ဆိုင်ရာ အကူအညီများ ထောက်ပံ့ကူညီပေးနေသည်။ နေတိုးသည် ယူကရိန်းအား ရေရှည်တွင်၊ ဆိုဗီယက်ခေတ် စစ်လက်နက်ပစ္စည်းများ သုံးစွဲနေရာမှ ခေတ်မီ နေတိုးစံပြု လက်နက်ကိရိယာများဆီသို့ ကူးပြောင်းရန် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
အနောက်တိုင်း ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ ကာလအတန်ကြာကတည်းက ယူကရိန်းတွင် အခြေပြုလှုပ်ရှားနေကြောင်း ခိုင်မာသော သက်သေ အထောက်အထားများ ရှိပါသည်။ နေတိုး၏ သိသာထင်ရှားသော စစ်ရေး အထောက်အပံ့များကြောင့် ယူကရိန်းစစ်ပွဲသည် နေတိုးနှင့် ရုရှားတို့အကြားဖြစ်ပွားသော ကြားခံ (Proxy War) စစ်ပွဲ ဖြစ်သည်ဟူသော အချက်မှာလည်း ပိုမို ပေါ်လွင်လာပါသည်။
ယူကရိန်းအတွက် ကြီးထွားလာနေသော စိန်ခေါ်မှုမှာ စစ်ရေးအကူအညီအတွက် အနောက်နိုင်ငံများတွင် လူထုထောက်ခံမှု လျော့ကျလာခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက အမေရိကန်တွင် ပြုလုပ်ခဲ့သော Gallup စစ်တမ်းတွင် ဖြေဆိုသူ ၄၁ ရာခိုင်နှုန်းက အမေရိကန်သည်ယူကရိန်းကို ထောက်ပံ့မှုများ အလွန်အကျွံလုပ်ဆောင်နေကြောင်း ဖြေဆိုခဲ့ကြသည်။ ဤသည်မှာ ရီပတ်ဘလီကန်မဲဆန္ဒရှင်များကြားတွင် ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသော သဘောထားတစ်ခု ဖြစ်သည်။ ၂၀၂၂ ခုနှစ်ဩဂုတ်လက ထိုကိန်းဂဏန်းများမှာ ၂၄ နှင့် ၄၃ ရာခိုင်နှုန်းအသီးသီး ဖြစ်ကြသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည် Pewကဲသို့သော စစ်တမ်းများတွင်လည်း အလားတူပင် မြင့်တက်လာကြောင်း ထင်ရှားစွာ မီးမောင်းထိုးပြနေပါသည်။
ယူကရိန်းအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် ဥရောပသမဂ္ဂအတွင်း ခိုင်မာသော အားပေးထောက်ခံမှုများ ရှိနေသော်လည်း၊စစ်တမ်းများအရ စစ်ရေးအကူအညီအတွက် အထောက်အပံ့များမှာမူ လျော့နည်းလာကြောင်း လေ့လာတွေ့ရှိရပါသည်။
ယူကရိန်းအစိုးရအနေဖြင့် ၎င်း၏ စစ်ရေးဆိုင်ရာ ပြဿနာများအား အနောက်တိုင်း လက်နက်များနှင့် ခဲယမ်းမီးကျောက်များဖြင့် ဖြေရှင်းနိုင်မည်ဟု ထုတ်ဖော်ပြောဆိုဖူးသည်။ သေချာသည့်အချက်မှာ အဆိုပါ နှစ်မျိုးလုံးသည် ယူကရိန်း၏ အခြေအနေအား တိုးတက်စေမည်ဖြစ်သည်။ သို့သော် ထိုအနောက်တိုင်းက ထောက်ပံ့သည့် လက်နက်ကိရိယာများသည် ယူကရိန်းပြဿနာများအတွက်(၉၆) ပါးသော ရောဂါ ပျောက်ဆေးကြီးတော့ မဟုတ်ပါ။ ရုရှားတပ်ဖွဲ့များသည် Avdiivka စစ်မြေပြင်တွင် ယူကရိန်းအားအမေရိကန်က ထောက်ပံ့ပေးထားသည့် M-1 Abrams တင့်ကားအများအပြားကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဖြစ်ရာ အနောက်တိုင်းလုပ် လက်နက်ကိရိယာများသည် အမှားအယွင်း မရှိနိုင်ဟူ ကြွားဝါမှုမှ သွေဖီနေသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။
ယူကရိန်းအား ထပ်မံ ထောက်ပံ့ပေးအပ်ရန် အမေရိကန် ကွန်ဂရက်လွှတ်တော်အတွင်း အခြေတင် ဆွေးနွေးနေကြဆဲ ဖြစ်သော်လည်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းအား စစ်ရေးအကူအညီများ ထပ်ဆောင်းပေးအပ်သွားရန် ကတိကဝတ် ပြုထားကြပါသည်။ မကြာသေးမီက ထွက်ပေါ်လာသော ကောလဟာလ သတင်းများအရ ဂျာမနီက ယူကရိန်းအား Taurus ဒုံးလိမ္မာများ ထောက်ပံ့ပေးရန် စဉ်းစားနေခြင်းအား ကြည့်ခြင်းအားဖြင့် နေတိုးအပါအဝင် အနောက်နိုင်ငံများက ယူကရိန်းအား ဆက်လက် အထောက်အပံ့ပေးရန်ဟူသော ကတိကဝတ်သည် လေထဲတွင် ပျောက်သွားသည် မဟုတ်ကြောင်း ပြသနေပါသည်။
သို့သော် နေတိုးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၎င်းတို့စစ်သည်များအား ယူကရိန်းစစ်မြေပြင်သို့ တပ်ဖြန့်ချထားကာ စစ်ပွဲအတွင်း ထဲထဲဝင်ဝင်ပါဝင်နိုင်သည်ဟူသောအချက်မှာမူ ရှင်းလင်းရေရာခြင်း မရှိသေးပေ။ ပြင်သစ်သမ္မတ မက်ခရွန်းက ၎င်း၏စစ်သည်များအား ယူကရိန်းသို့ စေလွှတ်ခြင်းသည် ရွေးချယ်စရာတစ်ခုအဖြစ် ကျန်နေသေးကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ မည်သူ့ပင်ဆိုစေကာမူ နေတိုးခေါင်းဆောင်အများစုက တိုက်ခိုက်ရေးတပ်များအား ယူကရိန်းသို့ တပ်ဖြန့်စေလွှတ်ခြင်းသည် မဖြစ်သင့်ဟူသောအချက်အား ပြတ်သားစွာ ရှုမြင်ကြသည်။ သို့သော် မက်ခရွန်းသည် ထိုစကားအား ၎င်းဘက်မှ ထောက်ခံသူ မရှိဘဲ ပြောခြင်း မဟုတ်ချေ။ ရုရှားနှင့် နေတိုး တိုက်ရိုက်ထိတွေ့မှု ဖြစ်လာလျှင်လည်းကောင်း၊ နျူကလီးယား လက်နက် အသုံးပြုလာလျှင်လည်းကောင်း ထိုအချက်အား ထည့်သွင်း စဉ်းစားရတော့မည် ဖြစ်သည်။
နေတိုးက မည်သည့်အတွက်ကြောင့် ယူကရိန်းထံ ၎င်း၏ တပ်များ တပ်ဖြန့်ချထားခြင်း မပြုသနည်း
နေတိုးအား ပဋိပက္ခကို နှိုးဆွရန်မဟုတ်ဘဲ ပဋိပက္ခကို တားဆီးရန် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်သည်။ ဤစစ်ပွဲသည် ယူကရိန်းအား ကျော်လွန်၍ မပြန့်ပွားစေရန် နေတိုးတွင် တာဝန်ရှိဟု အဖွဲ့ဝင်နိုင်ငံများက ခံယူကြောင်း တွေ့ရသည်သည်။ လေယာဉ်မပျံသန်းရဇုန်ကို ပြဋ္ဌာန်းခြင်း ပြုလုပ်မည်ဆိုပါက နေတိုးတပ်ဖွဲ့များအနေဖြင့် ရုရှားနှင့် တိုက်ရိုက် ပဋိပက္ခဖြစ်ပွားစေမည် ဖြစ်သည်။ ယင်းက စစ်ပွဲကို သိသိသာသာ အရှိန်တိုးမြင့်လာစေပြီး ပါဝင်သည့် နိုင်ငံအားလုံးမှ လူသားများအတွက် ဒုက္ခနှင့် ပျက်သုဉ်းခြင်းတို့ကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်ထိ နေတိုးတပ်ဖွဲ့များအား ယူကရိန်းစစ်မြေပြင်တွင် တိုက်ရိုက် တပ်ဖြန့်ချမှု မပြုလုပ်ခြင်းဟု သုံးသပ်ရပါသည်။
ယူကရိန်း လတ်တလော ရင်ဆိုင်နေရသည့် ပြဿနာများ
စစ်သည်အင်အား စုဆောင်းရရှိမှု နည်းပါးလာခြင်းသည် ယူကရိန်းအတွက် ပြဿနာကြီးတစ်ခု ဖြစ်ပါသည်။ နေတိုးအပါအဝင် အနောက်နိုင်ငံများက မည်မျှ ထောက်ပံ့သည်ဖြစ်စေ၊ ထိုထောက်ပံ့ပေးထားသော ယာဉ်ယန္တရား၊ လေယာဉ်နှင့် ရဟတ်ယာဉ်များအား ကိုင်တွယ် မောင်းနှင်ရန် လေ့ကျင့်ပေးထားသည့် လူသားအရင်းအမြစ် အမြောက်အများ လိုအပ်နေပါသည်။ သမ္မတ ဇလန်းစကီးက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ယခုအချိန်အထိ ယူကရိန်းစစ်သည် ၃၁၀၀၀ ကျဆုံးခဲ့ကြောင်း မကြာသေးမီက ပြောကြားခဲ့ပါသည်။ ထိုကိန်းဂဏန်းသည် အမေရိကန်၏ ခန့်မှန်းချက်ထက် ထက်ဝက်ခန့် နည်းပါးနေပြီး စစ်ဆင်ရေးအတွင်း ပျောက်ဆုံးနေသူများ၊ ရုရှားက ဖမ်းဆီးထားသည့် စစ်အကျဉ်းသားများနှင့် ဒဏ်ရာရသူ ထောင်ပေါင်းများစွာ ပါဝင်ခြင်း မရှိပါ။။ ထိုသို့သော ဆုံးရှုံးမှုများကို အစားထိုးရန်မှာ အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိလာပါသည်။
ဇလန်းစကီးသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်မှုမထမ်းမနေရ စနစ်ဖြင့် တာဝန်ထမ်းဆောင်နေသော စစ်သည်များအား တန်းပြည့်စစ်မှုထမ်းများအဖြစ် စစ်မြေပြင်သို့ ပြန်လည် ခေါ်ယူခြင်းမပြုဘဲ အရန်တပ်ဖွဲ့များသို့ အနည်းဆုံး ၁၂လကြာ ပြောင်းရွှေ့ခွင့်အား မကြာသေးမီက ခွင့်ပြုခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် စစ်သည်များနှင့် မိသားစုများ၏ စိတ်ဓာတ် မြှင့်တင်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်သော်လည်း စစ်သား စုဆောင်းရေး အကျပ်အတည်းအား ပြေလည်သွားစေမည် မဟုတ်ပေ။ မည်သို့ပင် ခေတ်မီသော လက်နက်ကိရိယာများ ပိုင်ဆိုင်ထားသည်ဖြစ်စေ၊ လူစွမ်းအားအရင်းအမြစ်သည်သာ အရေးအကြီးဆုံး ဖြစ်ကြောင်း ဤဖြစ်စဉ်က ညွှန်းဆိုနေပါသည်။
စစ်ပွဲ၏ အနာဂတ်
ဖြစ်နိုင်ခြေအရှိဆုံးရလဒ်မှာ ကာလရှည်ကြာစွာနှင့် ငွေးကြေးအကုန်အကျများပြားစွာ အသုံးပြုပြီးနောက် ရုရှားအနေဖြင့် အောင်ပွဲဆင်နိုင်လိမ့်မည် ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်မည့် အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီ အနိုင်ရရှိမည် ဆိုပါက ယူကရိန်းသို့ ၎င်း၏ စစ်ရေးအကူအညီများ ရပ်ဆိုင်းသွားမည်ဟု သုံးသပ်ရပြီး ရုရှားအနေဖြင့် အောင်မြင်မှုဆီသို့ ပိုမိုနီးကပ်သွားပါမည်။ နေတိုးအဖွဲ့ဝင် အခြားနိုင်ငံများအနေဖြင့် ယူကရိန်းဆိုင်ရာ မူဝါဒများအား အနာဂတ်တွင် မည်သို့ဆက်လက် ချမှတ်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အမေရိကန်၏ လက်နက်ခဲယမ်းထောက်ပံ့မှု ပမာဏကို အစားထိုးရန်မှာမူ မဖြစ်နိုင်ပေ။
ဒုတိယဖြစ်နိုင်ခြေမှာ အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ပြည်တွင်းမှ အတိုက်အခံပြုမှုများကို ကျော်လွှားနိုင်ပြီး ယူကရိန်းထံ လက်နက်ခဲယမ်း ထောက်ပံ့မှုများ ဆက်လက် ပြုလုပ်ပေးခြင်း ဖြစ်သည်။ ဤသို့ လုပ်ဆောင်ပေးနိုင်မည်ဆိုပါက ယူကရိန်းအား ပျက်စီး ဆုံးရှုံးသွားခြင်းမှ ကယ်တင်ရန် လုံလောက်နိုင်သော်လည်း ယူကရိန်းအနေဖြင့် ရုရှားအပေါ် အနိုင်ရရှိရန် လုံလောက်ခြင်းမရှိဟူသည်ကို ပြီးခဲ့သည့် နှစ်နှစ်ကြာ စစ်ပွဲရလဒ်များက ပြသနေပါသည်။
နိဂုံး
ပင်လယ်နက်တွင် Sergei Kotov ကဲ့သို့သော ရုရှား စစ်ရေယာဉ်ကြီးများသည် ယူကရိန်း၏ လူမဲရေယာဉ်နှင့် လူမဲ့လေယာဉ်များ၏ တိုက်ခိုက်ခံရမှုကြောင့် နစ်မြှုပ်သွားရခြင်းမှာ ရုရှားရေတပ်အတွက် ဆုံးရှုံးမှုကြီးများ ဖြစ်သော်လည်း ယူကရိန်းအတွက် မဟာဗျူဟာအကျိုးအမြတ် များစွာ ရခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဒွန်းဘာ့စ်အတွက် စစ်ပွဲသည် ကုန်းမြေပေါ်တွင်သာ အဓိက တိုက်ခိုက်နေပြီး ယင်းကဲ့သို့ အောင်ပွဲများသည် မြေပြင်စစ်ပွဲအပေါ် အဓိပ္ပါယ်များစွာ သက်ရောက်မှုရှိမည် မဟုတ်ပေ။ ရုရှတပ်မတော်၏ ထိုးစစ်သည် ရှေ့သို့ တဖြည်းဖြည်းချင်း တိုးလာနိုင်သည်ဖြစ်သော်လည်း အထောက်အထားများအရ ရုရှားနှင့် ယူကရိန်း နှစ်ဘက်စလုံးသည် ကြံ့ကြံခံ ခိုင်မာစွာ တိုက်ခိုက်နေကြဆဲဖြစ်ကြောင်း ပြသနေသည်။ အပြင်ပန်းအားဖြင့် နေတိုးအဖွဲ့ဝင် နိုင်ငံခေါင်းဆောင် အများစုသည် ယူကရိန်းကို ထောက်ပံ့ရန် ကတိကဝတ်များကို ဆက်လက် ထိန်းသိမ်းထားကြပါသည်။ သို့သော် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ထောက်ပံ့မှုများ လျော့နည်းလာပြီ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အနာဂတ်တွင် နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းအား မည်သည့်အချိန်အထိ ဆက်လက် ထောက်ပံ့နေနိုင်မည် ဆိုသည်မှာ ဆွေးနွေးငြင်းခုံဖွယ်ရာ အခြေအနေတစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။
ရင်းမြစ်။
– NATO and the Ukraine-Russia crisis: Five key things to know, Al Jazeera, 15 Feb 2022.
– NATO’s Stance in the Russia-Ukraine War, Ayşe Süreyya PEKÇETİN, Ankara Center for Crisis and Policy Studies, 7 Oct 2023.
– NATO’s response to Russia’s invasion of Ukraine, Official Website of North Atlantic Treaty Organization, 22 Feb 2024.
– Recent gains point to a growing Russian advantage in the Ukraine war, The Conversation, 11 Mar 2024.
– Strengths and weaknesses of NATO, Get Revising, 10 Dec 2021.
– Success or Failure in Ukraine? Ambassador Thomas Graham Jr. and David Bernell, Just Security, 12 January2024.
(Zawgyi)
(ကမာၻ႔ေရးရာ အမွတ္ (၂၅) ဧၿပီလ ၂၀၂၄ တြင္ ဖ္ောျပပါရွိေသာ ေဆာင္းပါး ျဖစ္ပါသည္။)
႐ုရွား – ယူကရိန္း စစ္ပြဲႏွင့္ ေျမာက္အတၱလႏၲိတ္စစ္စာခ်ဳပ္အဖြဲ႕၏ အခန္းက႑အား ေလ့လာျခင္း
ေဒါက္တာႏိုင္ေဆြဉီး
ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕
နိဒါန္း
ယူကရိန္းတြင္ ျဖစ္ပြားေနေသာ စစ္ပြဲသည္ ယေန႔အခ်ိန္အခါ၌ အေနာက္တိုင္း သတင္း မီဒီယာမ်ားတြင္ စစ္ပြဲ အေစာပိုင္းကကဲ့သို႔ ထင္ထင္ရွားရွား ေပၚလြင္ျခင္းမရွိေတာ့ေပ။ သို႔ေသာ္လည္း ႐ုရွား – ယူကရိန္းစစ္ပြဲသည္ ျပင္းထန္စြာ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ၿပီး ႏွစ္ဖက္စလုံးသည္ သိသာထင္ရွားေသာ ဆုံးရႈံးမႈမ်ားကို ခံစားေနၾကရပါသည္။ ႐ုရွားသည္ စစ္ေျမျပင္ႏွင့္ စစ္ေျမျပင္ ျပင္ပတြင္ တျဖည္းျဖည္းႏွင့္ေအာင္ျမင္မ်ားျဖင့္ ခိုင္မာစြာရပ္တည္လာေနၿပီ ျဖစ္ပါသည္။ မၾကာေသးမီက ယူကရိန္းတပ္မ်ားသည္ Avdiivka ရွိ အခိုင္အမာေျခကုပ္နယ္ေျမမွ ဆုတ္ခြာသြားျခင္းမွာ ေခါင္းႀကီးပိုင္းသတင္းမ်ား ျဖစ္ခဲ့သည္။ Donetsk ၿမိဳ႕အနီးရွိ ထိုေရွ႕တန္းနယ္ေျမတြင္ ႐ုရွားတပ္မ်ားသည္ ယူကရိန္းတပ္မ်ားအား Avdiivka ၏ ေနာက္ဘက္သို႔ ဆုတ္ခြာသြားေစႏိုင္ခဲ့ၿပီး ဆက္လက္ ေအာင္ေျမခ်ဲ႕ သိမ္းပိုက္ႏိုင္ခဲ့သည္။ ဤသည္မွာ ျဖစ္ပြားေနဆဲ ႐ုရွား – ယူကရိန္းစစ္ပြဲ၏ လတ္တေလာ ျဖစ္ေပၚတိုးတက္မႈမ်ား ျဖစ္ပါသည္။
႐ုရွား – ယူကရိန္းစစ္ပြဲမွ ေလ့လာသင့္သည့္အခ်က္မ်ား
ယခုျဖစ္ပြားေနေသာ ႐ုရွား – ယူကရိန္းစစ္ပြဲ၏ အေရးႀကီးဆုံး အလွည့္အေျပာင္းမွာ ႐ုရွားသည္ စစ္ပြဲအား စတင္ဆင္ႏႊဲစဥ္က အထူးစစ္ဆင္ေရး (Special Military Operation) အျဖစ္ မိမိထက္ အင္အားနည္းပါးေသာ ရန္သူကို ကာလတိုအတြက္ စီမံခ်က္ေရးဆြဲ ဆင္ႏႊဲခဲ့ျခင္း ျဖစ္ေသာ္လည္း တိုက္ပြဲမ်ားမွာ ျပင္းထန္လာၿပီး နယ္ေျမအရလည္း က်ယ္ျပန႔္လာကာ စစ္ပြဲသည္ ပိုမိုႀကီးမားလာေၾကာင္း ေတြ႕ရွိလာရပါသည္။ အေမရိကန္က ၂၀၀၁ ခုႏွစ္ႏွင့္ ၂၀၀၃ ခုႏွစ္မ်ားတြင္ တာလီဘန္ႏွင့္ အီရတ္တို႔အေပၚဆင္ႏႊဲခဲ့ေသာ စစ္ဆင္ေရးမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ယခုစစ္ပြဲသည္ ေအာင္ျမင္မႈ ရရွိရန္ ပိုမိုခက္ခဲေၾကာင္း ႏွစ္ဘက္လုံးက ေတြ႕ရွိလာၾကပါသည္။ ေဖာ္ျပပါစစ္ပြဲမ်ားတြင္ အေမရိကန္အေနျဖင့္ ဆန႔္က်င့္ဖက္ အစိုးရတစ္ရပ္ ျပဳတ္က်သြားေစရန္ တစ္လခန႔္မွ်သာ အခ်ိန္ယူခဲ့ေၾကာင္း ေတြ႕ႏိုင္သည္။ ယခု ႐ုရွား – ယူကရိန္း စစ္ပြဲသည္ ကိုရီးယားစစ္ပြဲ (၁၉၅၀ – ၅၃)၊ ေဘာ့စနီးယားစစ္ပြဲ (၁၉၉၂ – ၉၅) ႏွင့္ အီရန္ – အီရတ္စစ္ပြဲ (၁၉၈၀ – ၈၈) တို႔ႏွင့္ ပိုမိုဆင္တူေနပါသည္။ ယခုစစ္ပြဲ၏ ရလဒ္အေနျဖင့္ ထြက္ေပၚလာမည့္ စစ္ပြဲ၏ အေ႐ြ႕ဒိုင္းနမစ္မ်ားႏွင့္ သင္ခန္းစာမ်ားသည္ ကမာၻလုံးဆိုင္ရာ စစ္ဘက္အေတြးအျမင္ႏွင့္ တပ္မေတာ္မ်ားက အနာဂတ္တြင္ ျဖစ္ပြားလာႏိုင္သည့္ စစ္ပြဲမ်ားအတြက္ စစ္ဆင္ေရးစီမံခ်က္မ်ား ေရးဆြဲရန္ စဥ္းစားရာတြင္ လႊမ္းမိုးႏိုင္မႈ ႀကီးမားလာမည္ ျဖစ္သည္။
ယခုအခါ ႐ုရွားတပ္မ်ားသည္ ေရွ႕တန္းစစ္မ်က္ႏွာမ်ားတြင္ အကန႔္အသတ္ျဖင့္ အျမတ္ထုတ္ ေအာင္ျမင္မႈမ်ား ရယူႏိုင္ၿပီ ျဖစ္သည္။ တစ္ခ်ိန္တည္းတြင္၊ ႐ုရွားစီးပြားေရးသည္လည္း စစ္ပြဲအတြင္းမွာပင္ ပိုမို တိုးတက္လာပါသည္။ အစိုးရသည္ အျခားေသာႏိုင္ငံမ်ားမွ စစ္ဘက္ဆိုင္ရာ အရင္းအျမစ္မ်ား ပံ့ပိုးမႈကိုလည္း ရယူႏိုင္ခဲ့ၿပီး အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားကို ေရွာင္လႊဲႏိုင္ခဲ့သည္။ ဤအရာအားလုံးကို သုံးသပ္ၾကည့္မည္ဆိုပါက စစ္ပြဲ၏ တတိယႏွစ္သို႔ ေရာက္ရွိလာသည္ႏွင့္အမွ် ႐ုရွားသည္ ယူကရိန္းႏွင့္ ႏႈိင္းယွဥ္ပါက ပိုမိုအားေကာင္းသည့္ အေနအထားတြင္ ရွိေနသည္ကိုဆိုလိုပါသည္။ အေရးႀကီးသည့္ အခ်က္မွာ ႐ုရွားအေနျဖင့္ ယူကရိန္းတစ္ႏိုင္ငံတည္းျဖင့္သာ ရင္ဆိုင္ တိုက္ခိုက္ေနရျခင္းမဟုတ္ပဲ အေမရိကန္အပါအဝင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားျဖင့္ပါ ကိုယ္ပြားစစ္ပြဲ (Proxy War) တစ္ရပ္အား ျပင္းျပင္းထန္ထန္ ရင္ဆိုင္ ဆင္ႏႊဲေနရျခင္းလည္း ျဖစ္ပါသည္။ ထို႔အတြက္ ေနတိုးအဖြဲ႕က ယူကရိန္းအား မည္သို႔ မည္ပုံ ေထာက္ပံ့ကူညီမႈမ်ား ေပးအပ္ေနသည္ကို ေသခ်ာစြာ ေလ့လာ သုေတသနျပဳရန္ လိုအပ္ေနပါသည္။
ေျမာက္အတၱလႏၲိတ္စစ္စာခ်ဳပ္အဖြဲ႕၏ သမိုင္းေၾကာင္းအား ျပန္လည္ေစ့ငုၾကည့္ျခင္း
ေနတိုးဟူ၍ အတိုေကာက္ေခၚေလ့ရွိသည့္ ေျမာက္အတၱလႏၲိတ္စစ္စာခ်ဳပ္အဖြဲ႕ (North Atlantic Treaty Organization – NATO) အား အေမရိကန္၊ ကေနဒါႏွင့္ အေနာက္ဥေရာပႏိုင္ငံ အမ်ားအျပားျဖင့္ ၁၉၄၉ ခုႏွစ္တြင္ စတင္ဖြဲ႕ခဲ့ပါသည္။ စစ္ၿပီးကာလ ၿငိမ္းခ်မ္းခ်ိန္တြင္ ဖြဲ႕စည္းသည့္ ထိုအဖြဲ႕အစည္းသည္ ဆိုဗီယက္ျပည္ေထာင္စုႏွင့္ ၎ဉီးေဆာင္သည့္ ဝါေဆာစစ္စာခ်ဳပ္အဖြဲ႕အား ရင္ဆိုင္ရန္ အဓိက ဉီးတည္ထားျခင္း ျဖစ္သည္။ အဖြဲ႕၏ ရည္႐ြယ္ခ်က္မွာ ႏိုင္ငံေရးႏွင့္ စစ္ေရးနည္းလမ္းမ်ားကို အသုံးျပဳ၍ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ လြတ္လပ္ေရးကို အာမခံခ်က္ ေပးရန္ျဖစ္ပါသည္။
(က) ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ား
ေနတိုးအဖြဲ႕အား ၁၉၄၉ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းစဥ္က စတင္တည္ေထာင္သည့္ ႏိုင္ငံ (၁၂) ႏိုင္ငံရွိပါသည္။ ၎တို႔မွာ ဘယ္လ္ဂ်ီယမ္၊ ကေနဒါ၊ ဒိန္းမတ္၊ ျပင္သစ္၊ အိုက္စ္လန္၊ အီတလီ၊ လူဇင္ဘာ့ဂ္၊ နယ္သာလန္၊ ေနာ္ေဝ၊ ေပၚတူဂီ၊ ယူေကႏွင့္ အေမရိကန္တို႔ ျဖစ္ပါသည္။ လက္ရွိတြင္ ေနတိုးအဖြဲ႕ဝင္ (၃၂)ႏိုင္ငံအထိ ရွိေနပါသည္။ ႏွစ္ေပါင္း (၇၀) ေက်ာ္အတြင္း ထပ္မံဝင္ေရာက္လာသည့္ အဖြဲ႕ဝင္ႏိုင္ငံမ်ားမွာ ဂရိ၊ တူကီေယး၊ ဂ်ာမနီ၊ စပိန္၊ ခ်က္ဇ္၊ ဟန္ေဂရီ၊ ပိုလန္၊ ဘူလ္ေဂးရီးယား၊ အက္စ္တိုးနီးယား၊ လတ္ဗီးယား၊ လစ္သူေရးနီးယား၊ ႐ိုေမးနီးယား၊ စလိုဗက္ကီးယားႏွင့္ စလိုေဗးနီးယား၊ အယ္လ္ေဘးနီးယားႏွင့္ ခ႐ိုေအးရွား၊ မြန္တီနီဂ႐ိုးႏွင့္ ေျမာက္မက္ဆီဒိုးနီးယားတို႔ ျဖစ္သည္။
(ခ) ေနတိုးအဖြဲ႕၏ ကြပ္ကဲမႈ ဖြဲ႕စည္းပုံ
မတူညီေသာ တပ္မေတာ္မ်ားစြာ အတူတကြ ပူးေပါင္းလုပ္ေဆာင္ၾကရသည္ျဖစ္ရာ တိက် ရွင္းလင္းျပတ္သားေသာ ကြပ္ကဲမႈ ကြင္းဆက္ရွိရန္ အေရးႀကီးပါသည္။ အဖြဲ႕ဝင္ႏိုင္ငံအားလုံးမွ စစ္ဘက္ႏွင့္ အရပ္ဘက္ဝန္ထမ္းမ်ားသည္ ေနတိုး၏ ကြပ္ကဲမႈဖြဲ႕စည္းပုံ (Command Structure) အရ ေန႔စဥ္အတူတကြ ပူးတြဲ လုပ္ေဆာင္ၾကသည္။ ၎တြင္ ထိပ္ပိုင္းအားျဖင့္ မဟာဗ်ဴဟာအဆင့္ ကြပ္ကဲမႈဌာနခ်ဳပ္ႏွစ္ခု ပါဝင္သည္။ တစ္ခုမွာ ဘယ္လ္ဂ်ီယမ္ႏိုင္ငံ Mons အေျခစိုက္ Allied Command Operations ႏွင့္ အေမရိကန္ႏိုင္ငံ Norfolk တြင္အေျခစိုက္ေသာ Allied Command Transformation တို႔ျဖစ္သည္။
(ဂ) ေနတိုး၏ ကာကြယ္ေရးအသုံးစရိတ္
၂၀၁၄ ခုႏွစ္ ေဝးလ္စ္ထိပ္သီးအစည္းအေဝးတြင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက ကာကြယ္ေရးဘတ္ဂ်က္ ျဖတ္ေတာက္မႈမ်ားကို ရပ္တန႔္ရန္၊ ၂၀၂၄ ခုႏွစ္အေရာက္တြင္ ကာကြယ္ေရးအတြက္ GDP ၏ ၂ ရာခိုင္ႏႈန္းအထိ တိုးတက္သုံးစြဲရန္ႏွင့္၎မွ ၂၀ ရာခိုင္ႏႈန္းအား အေရးႀကီး လက္နက္ပစၥည္းမ်ား တပ္ဆင္ရာတြင္ ပိုမိုရင္းႏွီးျမႇဳပ္ႏွံရန္ ကတိကဝတ္ျပဳခဲ့ၾကသည္။ ၂၀၂၄ ခုႏွစ္သည္ ေနတိုးအဖြဲ႕ဝင္ ဥေရာပႏိုင္ငံမ်ားႏွင့္ ကေနဒါႏိုင္ငံတို႔၏ ဆယ္ႏွစ္ ဆက္တိုက္ ကာကြယ္ေရးက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျဖစ္လာပါမည္။ ၂၀၂၃ ခုႏွစ္အတြင္းက အဖြဲ႕ဝင္ ၁၂ ႏိုင္ငံသည္ ၎တို႔ GDP ၏ အနည္းဆုံး ၂ရာခိုင္ႏႈန္းကို ကာကြယ္ေရးအတြက္ သုံးစြဲခဲ့ၾကသည္။
(ဃ) ေနတိုးအဖြဲ႕၏ ရန္ပုံေငြ
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတိုင္းသည္ Gross National Income(GNI) ၏ ကုန္က်စရိတ္ခြဲေဝမႈ ပုံေသနည္းကို အေျခခံ၍ အဖြဲ႕အား လည္ပတ္ရန္ လိုအပ္ေသာ ကုန္က်စရိတ္မ်ားကို ပံ့ပိုးေပးရပါသည္။ ၎တြင္ ေနတိုး၏ စစ္ဆင္ေရးႏွင့္ လုပ္ေဆာင္ရမည့္တာဝန္မ်ား၊ အေဆာက္အဦမ်ား၊ ကြပ္ကဲမႈ အဖြဲ႕ ေဆာင္႐ြက္ရန္ တာဝန္ ဝတၱရားမ်ားႏွင့္ ေထာက္လွမ္းေရးသုံး ေမာင္းသူမဲ့ ေလယာဥ္မ်ားကဲ့သို႔ ေနတိုးက ပူးတြဲပိုင္ဆိုင္သည့္ စက္ယႏၲရား၏ ကုန္က်စရိတ္မ်ား အက်ဳံးဝင္ပါသည္။ ေနတိုး၏ ဘုံရန္ပုံေငြသည္ ႏွစ္စဥ္ ယူ႐ို သုံးဘီလီယံခန႔္ သို႔မဟုတ္ မဟာမိတ္ကာကြယ္ေရးအသုံးစရိတ္ စုစုေပါင္း၏ သုည ဒႆမ သုံး ရာခိုင္ႏႈန္း ဝန္းက်င္ ျဖစ္ပါသည္။
(င) ေနတိုးသို႔ အဖြဲ႕ဝင္အျဖစ္ ေပါင္းစည္းဝင္ေရာက္ျခင္း
တံခါးဖြင့္မူဝါဒသည္ ေနတိုး၏ ထူေထာင္ေရးမူျဖစ္သည္။ ဆိုလိုသည္မွာ ဥေရာပတိုက္ရွိ မည္သည့္ႏိုင္ငံမဆို ေနတိုးအဖြဲ႕ဝင္ျဖစ္ျခင္းဆိုင္ရာ စံႏႈန္းမ်ားႏွင့္ တာဝန္ဝတၱရားမ်ား ျပည့္မီရန္ ျပင္ဆင္ထားပါက လြတ္လပ္စြာ ပါဝင္ခြင့္ရွိသည္။ စတင္ဖြဲ႕စည္းသည့္ ၁၉၄၉ ခုႏွစ္ကတည္းက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ ၁၂ ႏိုင္ငံရွိခဲ့ရာမွ ယေန႔ေခတ္တြင္ ၃၂ ႏိုင္ငံသို႔ တိုးတက္လာခဲ့သည္။ ၂၀၂၃ ခုႏွစ္ ဧၿပီလတြင္ ဖင္လန္ကို ၃၁ ေျမာက္ အဖြဲ႕ဝင္သစ္အျဖစ္ လက္ခံခဲ့ၿပီး၊ ၂၀၂၄ ခုႏွစ္ မတ္လတြင္ ဆြီဒင္သည္ ၃၂ ႏိုင္ငံေျမာက္ အဖြဲ႕ဝင္ ျဖစ္လာပါသည္။
(စ) ေနတိုးအဖြဲ႕၏ အားသားခ်က္ႏွင့္ အားနည္းခ်က္မ်ား
အားသားခ်က္မ်ားအေနျဖင့္ အဖြဲ႕အား လြတ္လပ္မႈ၊ ဒီမိုကေရစီႏွင့္ လစ္ဘရယ္အခြင့္အေရးတို႔၏ တန္ဖိုးမ်ားျဖင့္ ခ်ည္ေႏွာင္ထားသည္။ သမိုင္းေၾကာင္းအရ အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ဆိုဗီယက္အား ဟန႔္တားရန္ ၎၏ ရည္႐ြယ္ခ်က္ ေအာင္ျမင္ခဲ့သည္။ အဖြဲ႕သည္ အခ်ိန္ႏွင့္အမွ် ေျပာင္းလဲခဲ့ၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ အက်ိဳးစီးပြားကို ထမ္းေဆာင္ရန္ ၎၏ အခန္းက႑အသစ္မ်ားကို ေတြ႕ရွိခဲ့သည္။ ေနတိုးအဖြဲ႕သည္ ကမာၻ႔စစ္အသုံးစရိတ္ စုစုေပါင္း၏ ၇၀ ရာခိုင္ႏႈန္းခန႔္ကို သုံးစြဲေနပါသည္။ သမိုင္းအရ စစ္ေရးလႈပ္ရွားမႈတြင္ စြမ္းရည္ျမင့္မားေၾကာင္း သက္ေသျပသႏိုင္ခဲ့သည္။ တိုးတက္လာေသာ နည္းပညာမ်ားအား တိုးတက္သုံးစြဲႏိုင္ေသာ အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္သည္။
အားနည္းခ်က္မ်ားမွာ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ တိုက္ခိုက္ခံရပါက အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားက အမွန္တကယ္ ဝင္ေရာက္ကူညီႏိုင္မည္လားဟူသည္မွာ ေမးခြန္းထုတ္စရာ ျဖစ္ေနပါသည္။ အဖြဲ႕ဝင္ႏိုင္ငံတိုင္းတြင္ ႏိုင္ငံအလိုက္ အမ်ိဳးသားအက်ိဳးစီးပြားမ်ား ကြဲျပားျခားနားစြာ ရွိေနၾကပါသည္။ အီးယူအဖြဲ႕ဝင္ႏိုင္ငံအားလုံးသည္ ေနတိုးအဖြဲ႕ဝင္မဟုတ္ေပ။ ေနတိုးအဖြဲ႕အေနျဖင့္ ဆုံးျဖတ္ခ်က္မ်ားခ်ရန္အတြက္ အဖြဲ႕ဝင္အားလုံး တညီတၫြတ္တည္း စုေပါင္းခ်မွတ္ရန္ လိုအပ္သည္။ ေနတိုးသည္ အေမရိကန္၏ စစ္အင္အားကို အလြန္အမင္း အားကိုးေနပါသည္။ ေနတိုးအဖြဲ႕အား အေမရိကန္က ႀကီးစိုးေနလ်က္ ရွိေနေၾကာင္း ေတြ႕ႏိုင္သည္။ အဖြဲ႕ဝင္ႏိုင္ငံတိုင္းသည္ အဖြဲ႕ရန္ပုံေငြအတြက္ သေဘာတူညီထားသည့္ ၎တို႔ GDP ၏ ၂ ရာခိုင္ႏႈန္းအား ထည့္ဝင္ႏိုင္ျခင္း မရွိေခ်။
ယူကရိန္းႏွင့္ ေနတိုးတို႔၏ ဆက္ဆံေရး
ယူကရိန္းအေနျဖင့္ ေနတိုးအဖြဲ႕ဝင္ ျဖစ္လာရန္ ႀကိမ္ဖမ္မ်ားစြာ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါသည္။ ၂၀၀၈ ခုႏွစ္တြင္ NATO Membership Action Plan (MAP) အား ေလွ်ာက္ထားခဲ့ပါသည္။ သို႔ေသာ္ ၂၀၁၀ ျပည့္ႏွစ္တြင္ ႐ုရွားလိုလားသူ ဗစ္တာယာန်ဴကိုဗစ္ခ်္အား သမၼတအျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံရခ်ိန္တြင္ ထိုအစီအစဥ္အား ပယ္ဖ်က္ခဲ့ပါသည္။ ၎က ႏိုင္ငံအား ဘက္မလိုက္ႏိုင္ငံအျဖစ္ ရပ္တည္လိုျခင္းျဖစ္ေၾကာင္း မွတ္ခ်က္ျပဳပါသည္။
၂၀၁၄ ခုႏွစ္ ျပည္တြင္း မၿငိမ္မသက္မႈမ်ား ျဖစ္ပြားၿပီးေနာက္ ယာန်ဴကိုဗစ္ခ်္သည္ တိုင္းျပည္မွ ထြက္ေျပးသြားခဲ့ရပါသည္။ ၂၀၁၄ ခုႏွစ္တြင္ ႐ုရွားသည္ ခ႐ိုင္းမီးယား ကြၽန္းဆြယ္အား ျပန္လည္ သိမ္းပိုက္ ေပါင္းစည္းေပးႏိုင္ခဲ့ပါသည္။ ထိုျဖစ္စဥ္က ယူကရိန္းအား မဟာမိတ္ဖြဲ႕စည္းရန္ ဉီးစားေပးအေျခအေနသို႔ ေရာက္ရွိသြားေစပါသည္။ ၂၀၁၇ ခုႏွစ္သည္ ယူကရိန္းသည္ မဟာဗ်ဴဟာေျမာက္ ႏိုင္ငံျခားေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ မူဝါဒ ဉီးတည္ခ်က္အျဖစ္ ေနတိုးအဖြဲ႕ဝင္အျဖစ္ ဝင္ေရာက္ရန္ ႀကိဳးပမ္းမႈ ဥပေဒအား ျပန္လည္ အတည္ျပဳခဲ့ပါသည္။ ၂၀၁၉ ခုႏွစ္အေရာက္တြင္ ထိုအခ်က္မွာ ယူကရိန္းဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ခ်က္တစ္ခုအျဖစ္ ပါဝင္လာခဲ့သည္။
၂၀၀၈ ခုႏွစ္က ေနတိုးအဖြဲ႕သည္ ယူကရိန္းအား အနာဂတ္တြင္ ဝင္ေရာက္ခြင့္ေပးမည္ဟုေသာ ကတိေပးခဲ့ပါသည္။ သို႔ေသာ္လည္း ၎၏ အဖြဲ႕ဝင္အျဖစ္ ဝင္ေရာက္ရန္ ႀကိဳးပမ္းမႈသည္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား ေဆြးေႏြးျငင္းခုံေနၾကဆဲ ျဖစ္သည္။
ေနတိုးတြင္ ပါဝင္ျခင္းျဖင့္ ယူကရိန္းအေနျဖင့္ ခံစစ္အင္အား လြန္စြာ တိုးတက္လာမည္ျဖစ္ရာ ႐ုရွားသည္ ၎၏ အိမ္နီးခ်င္းအား ေနတိုး မဟာမိတ္အဖြဲ႕ဝင္ျဖစ္ခြင့္ကို မည္သည့္အခါမွ် ခြင့္ျပဳမည္မဟုတ္ေၾကာင္း အာမခံခ်က္ လိုအပ္ပါသည္။ ေနတိုး၏ စုေပါင္းကာကြယ္ေရးမူအရ မဟာမိတ္အဖြဲ႕တြင္ ပါဝင္ျခင္းသည္ ယူကရိန္း၏ ခံစစ္အင္အားကို တိုးျမင့္ေစမည့္ ျဖစ္သည္။ ေနတိုး တည္ေထာင္ျခင္း သေဘာတူစာခ်ဳပ္ အပိုဒ္ ၅ တြင္ ျပ႒ာန္းထားေသာမူအရ မဟာမိတ္တစ္ဦးကို တိုက္ခိုက္ျခင္းသည္ မဟာမိတ္အားလုံးကို တိုက္ခိုက္ျခင္းဟု ယူဆကာ အခ်င္းခ်င္းကာကြယ္ရန္ ကတိကဝတ္ျပဳျခင္းကို ဆိုလိုပါသည္။ ထို႔အျပင္ ႐ုရွားအေနျဖင့္ ေနတိုးႏွင့္ အေနာက္ႏိုင္ငံမ်ားကို ထိုေဒသတြင္ ၎တို႔၏ ၾသဇာခ်ဲ႕ထြင္ရန္ မလိုလားေပ။ သမၼတ ပူတင္က ေနတိုးသည္ တိုးခ်ဲ႕မႈကို ဟန႔္တားသည့္ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့သည္ဟု ပူတင္က အခိုင္အမာဆိုေသာ္လည္း ေနတိုးက ယင္းေျပာဆိုခ်က္မ်ားကို ပယ္ခ်ခဲ့ပါသည္။
မိမိႏိုင္ငံ၏ အိမ္ေနာက္တံခါးဝတြင္ တခ်ိန္က တတိယကမာၻစစ္ ျဖစ္လုနီးနီး မိမိႏွင့္ ျပင္းျပင္းထန္ထန္ ရင္ဆိုင္ခဲ့ရေသာ ရန္သူ႔အုပ္စုႀကီးတစ္ခုက အေျခစိုက္ကာ အင္အား ျဖန႔္က်က္လာမည္ကို မည္သည့္ႏိုင္ငံကမွ် လိုလားမည္ မဟုတ္ေခ်။
ေနတိုးက ယူကရိန္းအား ေထာက္ပံ့ကူညီမႈမ်ား
၂၀၂၂ ခုႏွစ္တြင္ Forbes မဂၢဇင္းက ႏိုင္ငံေပါင္း (၂၀) ပါဝင္ေသာ ယူကရိန္း၏ စစ္မွန္ေသာ မိတ္ေဆြမ်ားစာရင္းအား ထုတ္ျပန္ခဲ့ပါသည္။ အဆိုပါစာရင္းတြင္ ပိုလန္၊ အက္စ္တိုးနီးယား၊ လတ္ဗီးယား၊ အေမရိကန္၊ လစ္သူေယးနီးယား၊ ေပၚတူဂီ၊ ၿဗိတိန္၊ အီတလီ၊ စပိန္၊ စလိုဗက္ကီးယား၊ ခ်က္သမၼတႏိုင္ငံ၊ ျပင္သစ္၊ ကေနဒါ၊ နယ္သာလန္၊ ဘူလ္ေဂးရီးယား၊ ဒိန္းမတ္၊ ဂ်ာမနီ၊ ေနာ္ေဝႏွင့္ ႐ိုေမးနီးယားတို႔ ပါဝင္သည္။ ႏိုင္ငံအမ်ားစုသည္ အေနာက္အုပ္စုဝင္မ်ားျဖစ္ၿပီး ေျမာက္အတၱလႏၲိတ္စစ္စာခ်ဳပ္အဖြဲ႕ဝင္ ႏိုင္ငံမ်ားလည္း ပါဝင္ေနေၾကာင္း ေတြ႕ႏိုင္သည္။ ထိုစာရင္းအရ ႐ုရွားသည္ ယူကရိန္း တစ္ႏိုင္ငံတည္းႏွင့္ စစ္တိုက္ေနရသည္မဟုတ္ဘဲ အေနာက္အုပ္စုတစ္ခုလုံးႏွင့္ ရင္ဆိုင္ေနရသည္ကို ေတြ႕ႏိုင္သည္။
အထက္ပါ ႏိုင္ငံအမ်ားစုသည္ ယူကရိန္းကို ေထာက္ခံသည့္ အေနျဖင့္ ႐ုရွားသံတမန္မ်ားအား ၎တို႔ႏိုင္ငံမ်ားမွ ႏွင္ထုတ္ခဲ့သည္။ ပိုလန္၊ ျပင္သစ္ႏွင့္ ဂ်ာမနီတို႔က ႐ုရွားသံတမန္ (၄၀) ခန႔္အား သက္ဆိုင္ရာႏိုင္ငံမ်ားမွ ႏွင္ထုတ္ခဲ့ၿပီး ဘူလ္ေဂးရီးယားသည္လည္း ႐ုရွား သံတမန္ (၈၁) ဦးအား ႏွင္ထုတ္ခဲ့ေၾကာင္း ေတြ႕ရသည္။ အခ်ိဳ႕ေသာ ႏိုင္ငံ့ေခါင္းေဆာင္မ်ားသည္ ယူကရိန္းသို႔ ႀကိမ္ဖန္မ်ားစြာ သြားေရာက္ခဲ့ရာ ၿဗိတိန္ႏွင့္ ပိုလန္ေခါင္းေဆာင္မ်ားသည္ စစ္ပြဲအတြင္း ယူကရိန္းသို႔ အႀကိမ္အမ်ားဆုံး သြားေရာက္လည္ပတ္ခဲ့ၿပီး တစ္ဦးလွ်င္ သုံးႀကိမ္စီ ျဖစ္သည္။ လတ္ဗီးယား၊ လစ္သူေယးနီးယားႏွင့္ ကေနဒါႏိုင္ငံတို႔မွ ေခါင္းေဆာင္မ်ားသည္ ယူကရိန္းထံသို႔ ႏွစ္ႀကိမ္စီ သြားေရာက္လည္ပတ္ဘူး ၾကသည္။
ယူကရိန္းသည္ စစ္ေရး၊ ေငြေၾကးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ပံ့ပိုးကူညီမႈ အမ်ိဳးမ်ိဳးကိုလည္း လက္ခံရရွိေနသည္။ Kiel Institute ၏ ေလ့လာခ်က္အရ ဥေရာပသမဂၢသည္ ယူကရိန္းအား စစ္ေရး၊ ဘ႑ာေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈတို႔အပါအဝင္ စုစုေပါင္း ကူညီေထာက္ပံ့မႈ အမ်ားဆုံးျဖစ္သည္ကို ေတြ႕ရွိရသည္။ စစ္ေရးအကူအညီတြင္ေတာ့ အေမရိကန္က ထိပ္ဆုံးျဖစ္သည္။ ဂ်ာမနီကဲ့သို႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံႏွင့္ ဆြီဒင္ကဲ့သို႔ မဟာမိတ္မ်ားအေနျဖင့္ ယူကရိန္းအား ေထာက္ပံ့ကူညီမႈမ်ား ျပဳလုပ္ရန္အတြက္ ထိုးစစ္လက္နက္မ်ား တင္ပို႔ျခင္း မျပဳရဟူေသာ ယခင္က ခ်မွတ္ထားသည့္ မူဝါဒမ်ားအား ေျပာင္းလဲခဲ့သည္။ ဥေရာပသမဂၢသည္ သမိုင္းတြင္ ပထမဆုံးအျဖစ္ ေသေစႏိုင္ေသာလက္နက္မ်ား (Lethal Weapons) အား ေထာက္ပံ့မႈ ေပးခဲ့ေၾကာင္း ေတြ႕ရွိရသည္။
စစ္ပြဲဆိုင္ရာေထာက္ပံ့ကူညီမႈမ်ားအတြက္ ႏိုင္ငံ (၅၄) ႏိုင္ငံျဖင့္ ဖြဲ႕စည္းထားသည့္ The Ukraine Defence Contact Group ၏ လစဥ္အစည္းအေဝးမ်ားတြင္ ညႇိဳႏႈိင္းေဆြးေႏြးၾကသည္။ ၎အဖြဲ႕တြင္ ေျမာက္အတၱလႏၲိတ္စစ္စာခ်ဳပ္အဖြဲ႕ (NATO) အဖြဲ႕ဝင္ အားလုံးႏွင့္ အျခား ႏိုင္ငံ ၂၄ ႏိုင္ငံတို႔ ပါဝင္သည္။ ဥေရာပသမဂၢသည္ တစ္ႏိုင္ငံျခင္းစီအလိုက္ေသာ္လည္းေကာင္း အီးယူအင္စတီက်ဴးရွင္းမ်ားမွတဆင့္ စုေပါင္း၍ေသာ္လည္းေကာင္း ေထာက္ပံ့ကူညီေၾကာင္း ေတြ႕ရသည္။
ေနတိုးသည္ အဖြဲ႕အစည္းတစ္ခုအေနျဖင့္ ေလာင္စာဆီ၊ ေဆာင္းရာသီအဝတ္အစားမ်ားႏွင့္ မီးစက္မ်ားအပါအဝင္ လူေသေစႏိုင္ျခင္းမရွိေသာ အေထာက္အပံ့မ်ားကို ပံ့ပိုးေပးလ်က္ရွိသည္။ တစ္ႏိုင္ငံျခင္းစီအေနျဖင့္မူ လက္နက္၊ ခဲယမ္း၊ ယာဥ္ယႏၲရားမ်ားႏွင့္ အျခားစစ္ဘက္ဆိုင္ရာ အကူအညီမ်ား ေထာက္ပံ့ကူညီေပးေနသည္။ ေနတိုးသည္ ယူကရိန္းအား ေရရွည္တြင္၊ ဆိုဗီယက္ေခတ္ စစ္လက္နက္ပစၥည္းမ်ား သုံးစြဲေနရာမွ ေခတ္မီ ေနတိုးစံျပဳ လက္နက္ကိရိယာမ်ားဆီသို႔ ကူးေျပာင္းရန္ ပံ့ပိုးေပးသြားမည္ ျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိရသည္။
အေနာက္တိုင္း ေထာက္လွမ္းေရး တပ္ဖြဲ႕ဝင္မ်ားသည္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ မတိုင္မီ ကာလအတန္ၾကာကတည္းက ယူကရိန္းတြင္ အေျချပဳလႈပ္ရွားေနေၾကာင္း ခိုင္မာေသာ သက္ေသ အေထာက္အထားမ်ား ရွိပါသည္။ ေနတိုး၏ သိသာထင္ရွားေသာ စစ္ေရး အေထာက္အပံ့မ်ားေၾကာင့္ ယူကရိန္းစစ္ပြဲသည္ ေနတိုးႏွင့္ ႐ုရွားတို႔အၾကားျဖစ္ပြားေသာ ၾကားခံ (Proxy War) စစ္ပြဲ ျဖစ္သည္ဟူေသာ အခ်က္မွာလည္း ပိုမို ေပၚလြင္လာပါသည္။
ယူကရိန္းအတြက္ ႀကီးထြားလာေနေသာ စိန္ေခၚမႈမွာ စစ္ေရးအကူအညီအတြက္ အေနာက္ႏိုင္ငံမ်ားတြင္ လူထုေထာက္ခံမႈ ေလ်ာ့က်လာျခင္း ျဖစ္သည္။ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလက အေမရိကန္တြင္ ျပဳလုပ္ခဲ့ေသာ Gallup စစ္တမ္းတြင္ ေျဖဆိုသူ ၄၁ ရာခိုင္ႏႈန္းက အေမရိကန္သည္ယူကရိန္းကို ေထာက္ပံ့မႈမ်ား အလြန္အကြၽံလုပ္ေဆာင္ေနေၾကာင္း ေျဖဆိုခဲ့ၾကသည္။ ဤသည္မွာ ရီပတ္ဘလီကန္မဲဆႏၵရွင္မ်ားၾကားတြင္ ၆၂ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာေသာ သေဘာထားတစ္ခု ျဖစ္သည္။ ၂၀၂၂ ခုႏွစ္ဩဂုတ္လက ထိုကိန္းဂဏန္းမ်ားမွာ ၂၄ ႏွင့္ ၄၃ ရာခိုင္ႏႈန္းအသီးသီး ျဖစ္ၾကသည္။ မၾကာေသးမီက ျပဳလုပ္ခဲ့သည္ Pewကဲသို႔ေသာ စစ္တမ္းမ်ားတြင္လည္း အလားတူပင္ ျမင့္တက္လာေၾကာင္း ထင္ရွားစြာ မီးေမာင္းထိုးျပေနပါသည္။
ယူကရိန္းအား လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ေပးအပ္ရန္အတြက္ ဥေရာပသမဂၢအတြင္း ခိုင္မာေသာ အားေပးေထာက္ခံမႈမ်ား ရွိေနေသာ္လည္း၊စစ္တမ္းမ်ားအရ စစ္ေရးအကူအညီအတြက္ အေထာက္အပံ့မ်ားမွာမူ ေလ်ာ့နည္းလာေၾကာင္း ေလ့လာေတြ႕ရွိရပါသည္။
ယူကရိန္းအစိုးရအေနျဖင့္ ၎၏ စစ္ေရးဆိုင္ရာ ျပႆနာမ်ားအား အေနာက္တိုင္း လက္နက္မ်ားႏွင့္ ခဲယမ္းမီးေက်ာက္မ်ားျဖင့္ ေျဖရွင္းႏိုင္မည္ဟု ထုတ္ေဖာ္ေျပာဆိုဖူးသည္။ ေသခ်ာသည့္အခ်က္မွာ အဆိုပါ ႏွစ္မ်ိဳးလုံးသည္ ယူကရိန္း၏ အေျခအေနအား တိုးတက္ေစမည္ျဖစ္သည္။ သို႔ေသာ္ ထိုအေနာက္တိုင္းက ေထာက္ပံ့သည့္ လက္နက္ကိရိယာမ်ားသည္ ယူကရိန္းျပႆနာမ်ားအတြက္(၉၆) ပါးေသာ ေရာဂါ ေပ်ာက္ေဆးႀကီးေတာ့ မဟုတ္ပါ။ ႐ုရွားတပ္ဖြဲ႕မ်ားသည္ Avdiivka စစ္ေျမျပင္တြင္ ယူကရိန္းအားအေမရိကန္က ေထာက္ပံ့ေပးထားသည့္ M-1 Abrams တင့္ကားအမ်ားအျပားကို ဖ်က္ဆီးပစ္ႏိုင္ခဲ့သည္ျဖစ္ရာ အေနာက္တိုင္းလုပ္ လက္နက္ကိရိယာမ်ားသည္ အမွားအယြင္း မရွိႏိုင္ဟူ ႂကြားဝါမႈမွ ေသြဖီေနသည္မွာ အံ့ဩစရာေတာ့မဟုတ္ေပ။
ယူကရိန္းအား ထပ္မံ ေထာက္ပံ့ေပးအပ္ရန္ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္အတြင္း အေျခတင္ ေဆြးေႏြးေနၾကဆဲ ျဖစ္ေသာ္လည္း၊ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ယူကရိန္းအား စစ္ေရးအကူအညီမ်ား ထပ္ေဆာင္းေပးအပ္သြားရန္ ကတိကဝတ္ ျပဳထားၾကပါသည္။ မၾကာေသးမီက ထြက္ေပၚလာေသာ ေကာလဟာလ သတင္းမ်ားအရ ဂ်ာမနီက ယူကရိန္းအား Taurus ဒုံးလိမၼာမ်ား ေထာက္ပံ့ေပးရန္ စဥ္းစားေနျခင္းအား ၾကည့္ျခင္းအားျဖင့္ ေနတိုးအပါအဝင္ အေနာက္ႏိုင္ငံမ်ားက ယူကရိန္းအား ဆက္လက္ အေထာက္အပံ့ေပးရန္ဟူေသာ ကတိကဝတ္သည္ ေလထဲတြင္ ေပ်ာက္သြားသည္ မဟုတ္ေၾကာင္း ျပသေနပါသည္။
သို႔ေသာ္ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံမ်ားအေနျဖင့္ ၎တို႔စစ္သည္မ်ားအား ယူကရိန္းစစ္ေျမျပင္သို႔ တပ္ျဖန႔္ခ်ထားကာ စစ္ပြဲအတြင္း ထဲထဲဝင္ဝင္ပါဝင္ႏိုင္သည္ဟူေသာအခ်က္မွာမူ ရွင္းလင္းေရရာျခင္း မရွိေသးေပ။ ျပင္သစ္သမၼတ မက္ခ႐ြန္းက ၎၏စစ္သည္မ်ားအား ယူကရိန္းသို႔ ေစလႊတ္ျခင္းသည္ ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ က်န္ေနေသးေၾကာင္း မၾကာေသးမီက ေျပာၾကားခဲ့သည္။ မည္သူ႔ပင္ဆိုေစကာမူ ေနတိုးေခါင္းေဆာင္အမ်ားစုက တိုက္ခိုက္ေရးတပ္မ်ားအား ယူကရိန္းသို႔ တပ္ျဖန႔္ေစလႊတ္ျခင္းသည္ မျဖစ္သင့္ဟူေသာအခ်က္အား ျပတ္သားစြာ ရႈျမင္ၾကသည္။ သို႔ေသာ္ မက္ခ႐ြန္းသည္ ထိုစကားအား ၎ဘက္မွ ေထာက္ခံသူ မရွိဘဲ ေျပာျခင္း မဟုတ္ေခ်။ ႐ုရွားႏွင့္ ေနတိုး တိုက္႐ိုက္ထိေတြ႕မႈ ျဖစ္လာလွ်င္လည္းေကာင္း၊ န်ဴကလီးယား လက္နက္ အသုံးျပဳလာလွ်င္လည္းေကာင္း ထိုအခ်က္အား ထည့္သြင္း စဥ္းစားရေတာ့မည္ ျဖစ္သည္။
ေနတိုးက မည္သည့္အတြက္ေၾကာင့္ ယူကရိန္းထံ ၎၏ တပ္မ်ား တပ္ျဖန႔္ခ်ထားျခင္း မျပဳသနည္း
ေနတိုးအား ပဋိပကၡကို ႏႈိးဆြရန္မဟုတ္ဘဲ ပဋိပကၡကို တားဆီးရန္ ရည္႐ြယ္၍ ဖြဲ႕စည္းတည္ေထာင္ထားျခင္း ျဖစ္သည္။ ဤစစ္ပြဲသည္ ယူကရိန္းအား ေက်ာ္လြန္၍ မျပန႔္ပြားေစရန္ ေနတိုးတြင္ တာဝန္ရွိဟု အဖြဲ႕ဝင္ႏိုင္ငံမ်ားက ခံယူေၾကာင္း ေတြ႕ရသည္သည္။ ေလယာဥ္မပ်ံသန္းရဇုန္ကို ျပ႒ာန္းျခင္း ျပဳလုပ္မည္ဆိုပါက ေနတိုးတပ္ဖြဲ႕မ်ားအေနျဖင့္ ႐ုရွားႏွင့္ တိုက္႐ိုက္ ပဋိပကၡျဖစ္ပြားေစမည္ ျဖစ္သည္။ ယင္းက စစ္ပြဲကို သိသိသာသာ အရွိန္တိုးျမင့္လာေစၿပီး ပါဝင္သည့္ ႏိုင္ငံအားလုံးမွ လူသားမ်ားအတြက္ ဒုကၡႏွင့္ ပ်က္သုဥ္းျခင္းတို႔ကို ျဖစ္ေပၚေစမည္ ျဖစ္သည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္ထိ ေနတိုးတပ္ဖြဲ႕မ်ားအား ယူကရိန္းစစ္ေျမျပင္တြင္ တိုက္႐ိုက္ တပ္ျဖန႔္ခ်မႈ မျပဳလုပ္ျခင္းဟု သုံးသပ္ရပါသည္။
ယူကရိန္း လတ္တေလာ ရင္ဆိုင္ေနရသည့္ ျပႆနာမ်ား
စစ္သည္အင္အား စုေဆာင္းရရွိမႈ နည္းပါးလာျခင္းသည္ ယူကရိန္းအတြက္ ျပႆနာႀကီးတစ္ခု ျဖစ္ပါသည္။ ေနတိုးအပါအဝင္ အေနာက္ႏိုင္ငံမ်ားက မည္မွ် ေထာက္ပံ့သည္ျဖစ္ေစ၊ ထိုေထာက္ပံ့ေပးထားေသာ ယာဥ္ယႏၲရား၊ ေလယာဥ္ႏွင့္ ရဟတ္ယာဥ္မ်ားအား ကိုင္တြယ္ ေမာင္းႏွင္ရန္ ေလ့က်င့္ေပးထားသည့္ လူသားအရင္းအျမစ္ အေျမာက္အမ်ား လိုအပ္ေနပါသည္။ သမၼတ ဇလန္းစကီးက ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ယခုအခ်ိန္အထိ ယူကရိန္းစစ္သည္ ၃၁၀၀၀ က်ဆုံးခဲ့ေၾကာင္း မၾကာေသးမီက ေျပာၾကားခဲ့ပါသည္။ ထိုကိန္းဂဏန္းသည္ အေမရိကန္၏ ခန႔္မွန္းခ်က္ထက္ ထက္ဝက္ခန႔္ နည္းပါးေနၿပီး စစ္ဆင္ေရးအတြင္း ေပ်ာက္ဆုံးေနသူမ်ား၊ ႐ုရွားက ဖမ္းဆီးထားသည့္ စစ္အက်ဥ္းသားမ်ားႏွင့္ ဒဏ္ရာရသူ ေထာင္ေပါင္းမ်ားစြာ ပါဝင္ျခင္း မရွိပါ။။ ထိုသို႔ေသာ ဆုံးရႈံးမႈမ်ားကို အစားထိုးရန္မွာ အလြန္ခက္ခဲေသာ အေျခအေနသို႔ ေရာက္ရွိလာပါသည္။
ဇလန္းစကီးသည္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလကတည္းက စစ္မႈမထမ္းမေနရ စနစ္ျဖင့္ တာဝန္ထမ္းေဆာင္ေနေသာ စစ္သည္မ်ားအား တန္းျပည့္စစ္မႈထမ္းမ်ားအျဖစ္ စစ္ေျမျပင္သို႔ ျပန္လည္ ေခၚယူျခင္းမျပဳဘဲ အရန္တပ္ဖြဲ႕မ်ားသို႔ အနည္းဆုံး ၁၂လၾကာ ေျပာင္းေ႐ႊ႕ခြင့္အား မၾကာေသးမီက ခြင့္ျပဳခဲ့သည္။ ထိုသို႔လုပ္ေဆာင္ျခင္းျဖင့္ စစ္သည္မ်ားႏွင့္ မိသားစုမ်ား၏ စိတ္ဓာတ္ ျမႇင့္တင္ေရးကို အေထာက္အကူျပဳႏိုင္မည္ ျဖစ္ေသာ္လည္း စစ္သား စုေဆာင္းေရး အက်ပ္အတည္းအား ေျပလည္သြားေစမည္ မဟုတ္ေပ။ မည္သို႔ပင္ ေခတ္မီေသာ လက္နက္ကိရိယာမ်ား ပိုင္ဆိုင္ထားသည္ျဖစ္ေစ၊ လူစြမ္းအားအရင္းအျမစ္သည္သာ အေရးအႀကီးဆုံး ျဖစ္ေၾကာင္း ဤျဖစ္စဥ္က ၫႊန္းဆိုေနပါသည္။
စစ္ပြဲ၏ အနာဂတ္
ျဖစ္ႏိုင္ေျခအရွိဆုံးရလဒ္မွာ ကာလရွည္ၾကာစြာႏွင့္ ေငြးေၾကးအကုန္အက်မ်ားျပားစြာ အသုံးျပဳၿပီးေနာက္ ႐ုရွားအေနျဖင့္ ေအာင္ပြဲဆင္ႏိုင္လိမ့္မည္ ျဖစ္သည္။ ၂၀၂၄ ခုႏွစ္အတြင္း ျပဳလုပ္မည့္ အေမရိကန္ေ႐ြးေကာက္ပြဲတြင္ ရီပတ္ဘလီကန္ပါတီ အႏိုင္ရရွိမည္ ဆိုပါက ယူကရိန္းသို႔ ၎၏ စစ္ေရးအကူအညီမ်ား ရပ္ဆိုင္းသြားမည္ဟု သုံးသပ္ရၿပီး ႐ုရွားအေနျဖင့္ ေအာင္ျမင္မႈဆီသို႔ ပိုမိုနီးကပ္သြားပါမည္။ ေနတိုးအဖြဲ႕ဝင္ အျခားႏိုင္ငံမ်ားအေနျဖင့္ ယူကရိန္းဆိုင္ရာ မူဝါဒမ်ားအား အနာဂတ္တြင္ မည္သို႔ဆက္လက္ ခ်မွတ္မည္ဆိုသည္ကို ရွင္းရွင္းလင္းလင္း မသိရေသးေသာ္လည္း အေမရိကန္၏ လက္နက္ခဲယမ္းေထာက္ပံ့မႈ ပမာဏကို အစားထိုးရန္မွာမူ မျဖစ္ႏိုင္ေပ။
ဒုတိယျဖစ္ႏိုင္ေျခမွာ အေမရိကန္ႏွင့္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ျပည္တြင္းမွ အတိုက္အခံျပဳမႈမ်ားကို ေက်ာ္လႊားႏိုင္ၿပီး ယူကရိန္းထံ လက္နက္ခဲယမ္း ေထာက္ပံ့မႈမ်ား ဆက္လက္ ျပဳလုပ္ေပးျခင္း ျဖစ္သည္။ ဤသို႔ လုပ္ေဆာင္ေပးႏိုင္မည္ဆိုပါက ယူကရိန္းအား ပ်က္စီး ဆုံးရႈံးသြားျခင္းမွ ကယ္တင္ရန္ လုံေလာက္ႏိုင္ေသာ္လည္း ယူကရိန္းအေနျဖင့္ ႐ုရွားအေပၚ အႏိုင္ရရွိရန္ လုံေလာက္ျခင္းမရွိဟူသည္ကို ၿပီးခဲ့သည့္ ႏွစ္ႏွစ္ၾကာ စစ္ပြဲရလဒ္မ်ားက ျပသေနပါသည္။
နိဂုံး
ပင္လယ္နက္တြင္ Sergei Kotov ကဲ့သို႔ေသာ ႐ုရွား စစ္ေရယာဥ္ႀကီးမ်ားသည္ ယူကရိန္း၏ လူမဲေရယာဥ္ႏွင့္ လူမဲ့ေလယာဥ္မ်ား၏ တိုက္ခိုက္ခံရမႈေၾကာင့္ နစ္ျမႇဳပ္သြားရျခင္းမွာ ႐ုရွားေရတပ္အတြက္ ဆုံးရႈံးမႈႀကီးမ်ား ျဖစ္ေသာ္လည္း ယူကရိန္းအတြက္ မဟာဗ်ဴဟာအက်ိဳးအျမတ္ မ်ားစြာ ရျခင္း မရွိေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ဒြန္းဘာ့စ္အတြက္ စစ္ပြဲသည္ ကုန္းေျမေပၚတြင္သာ အဓိက တိုက္ခိုက္ေနၿပီး ယင္းကဲ့သို႔ ေအာင္ပြဲမ်ားသည္ ေျမျပင္စစ္ပြဲအေပၚ အဓိပၸါယ္မ်ားစြာ သက္ေရာက္မႈရွိမည္ မဟုတ္ေပ။ ႐ုရွတပ္မေတာ္၏ ထိုးစစ္သည္ ေရွ႕သို႔ တျဖည္းျဖည္းခ်င္း တိုးလာႏိုင္သည္ျဖစ္ေသာ္လည္း အေထာက္အထားမ်ားအရ ႐ုရွားႏွင့္ ယူကရိန္း ႏွစ္ဘက္စလုံးသည္ ႀကံ့ႀကံခံ ခိုင္မာစြာ တိုက္ခိုက္ေနၾကဆဲျဖစ္ေၾကာင္း ျပသေနသည္။ အျပင္ပန္းအားျဖင့္ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံေခါင္းေဆာင္ အမ်ားစုသည္ ယူကရိန္းကို ေထာက္ပံ့ရန္ ကတိကဝတ္မ်ားကို ဆက္လက္ ထိန္းသိမ္းထားၾကပါသည္။ သို႔ေသာ္ အခ်ိန္ကာလ ၾကာျမင့္လာသည္ႏွင့္အမွ် ေထာက္ပံ့မႈမ်ား ေလ်ာ့နည္းလာၿပီ ျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။ အနာဂတ္တြင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ယူကရိန္းအား မည္သည့္အခ်ိန္အထိ ဆက္လက္ ေထာက္ပံ့ေနႏိုင္မည္ ဆိုသည္မွာ ေဆြးေႏြးျငင္းခုံဖြယ္ရာ အေျခအေနတစ္ခုသို႔ ေရာက္ရွိလာၿပီ ျဖစ္ပါသည္။
ရင္းျမစ္။
– NATO and the Ukraine-Russia crisis: Five key things to know, Al Jazeera, 15 Feb 2022.
– NATO’s Stance in the Russia-Ukraine War, Ayşe Süreyya PEKÇETİN, Ankara Center for Crisis and Policy Studies, 7 Oct 2023.
– NATO’s response to Russia’s invasion of Ukraine, Official Website of North Atlantic Treaty Organization, 22 Feb 2024.
– Recent gains point to a growing Russian advantage in the Ukraine war, The Conversation, 11 Mar 2024.
– Strengths and weaknesses of NATO, Get Revising, 10 Dec 2021.
– Success or Failure in Ukraine? Ambassador Thomas Graham Jr. and David Bernell, Just Security, 12 January2024.