ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ ရုရှားကာကွယ်ရေးဝန်ကြီးဌာန (MoD) ၏ ထုတ်ပြန်ချက်
(၂ မတ်လ ၂၀၂၃ ခုနှစ်)
ယူကရိန်းအထူးစစ်ဆင်ရေးအတွင်း တိုက်ပွဲများ ရင်ဆိုင်ဖြစ်ပွားလျက်ရှိသော ဒွန်ဘတ်စ်ဒေသ DPR၊ LPR၊ Kharkov၊ Zaporozhye၊ Kherson ရှေ့တန်းစစ်မျက်နှာစာများတွင် ရုရှားတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း အောက်ပါအတိုင်း တိုက်ခိုက်ဖျက်ဆီး၊ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရပါသည်-
ယူကရိန်း အထူးစစ်ဆင်ရေးအတွင်း ရုရှားတိုက် လေယာဉ်သည် ယူကရိန်းတို့၏ Su-24 ဗုံးကြဲ လေယာဉ်နှင့် Mi-8 ရဟတ်ယာဉ်တစ်စီးတို့ကို ပစ်ချနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Igor Konashenkov က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် Kupyansk ဧရိယာရှိ ယူကရိန်းစစ်တပ်တပ်ဖွဲ့များအား တိုက်ခိုက်ဖယ်ရှားခဲ့ရာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရန်သူတပ်ဖွဲ့ဝင် ၅၀ ကျော်၊စစ်သုံးယာဉ် ၂ စီး၊ Krasny Liman စစ်ဆင်ရေးဧရိယာတွင် ယူကရိန်းတပ်ဖွဲ့ဝင် ၁၆၀ ကျော်၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၇ စီး၊ Gvozdika self-propelled ဟောင်ဝစ်ဇာအမြောက်ယာဉ် ၁ စီး၊ Donetsk စစ်ဆင်ရေးဧရိယာအတွင်း၌ ယူကရိန်းတပ်ဖွဲ့ဝင် ၂၇၀ ကျော်၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၆ စီး၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၃ စီး၊ စစ်သုံးမော်တော်ယာဉ် ၉ စီး၊ Gvozdika self-propelled ဟောင်ဝစ်ဇာအမြောက်ယာဉ် ၁ စီး၊ Msta-B နှင့် D-30 ဟောင်ဝစ်ဇာအမြောက်စနစ်များ၊ Avdeyevka စစ်ဆင်ရေးဧရိယာအတွင်း၌ ယူကရိန်းစစ်ဘက် ဆက်သွယ်ရေးဌာနချုပ်နှင့် အမှတ်(၁၁၀) ယန္တာရားတင်တပ်မဟာပိုင် ခဲယမ်းသိုလှောင်ရုံ ၁ ရုံ၊ Donetsk တောင်ပိုင်းနှင့် Zaporozhye စစ်ဆင်ရေးဧရိယာများအတွင်း ရန်သူ့တပ်ဖွဲ့ဝင် ၈၀ ကျော်၊ တင့်ကား ၁ စီး၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၂ စီး၊ ပစ်ကပ်ထရပ်ကား ၂ စီး၊ Msta-B နှင့် D-30 ဟောင်ဝစ်ဇာ အမြောက်စနစ်များ၊ Kherson ရှေ့တန်းစစ်မျက်နှာတွင် ယူကရိန်းတပ်ဖွဲ့ဝင် ၈၀ ကျော်၊ မော်တော်ယာဉ် ၃၀ စီး၊ Msta-B ဟောင်ဝစ်ဇာအမြောက်ယာဉ် ၁ စီး၊ Kharkov ဒေသ Krasnoye Pervoye အခြေချနေထိုင်ရာအနီး စစ်ဆင်ရေးဧရိယာ၌ ယူကရိန်းတို့၏ အမှတ်(၁၄) ယန္တာရားတင်တပ်မဟာပိုင် ခဲယမ်းသိုလှောင်ရုံ ၁ ရုံ၊ Donetsk ပြည်သူ့သမ္မတနိုင်ငံ Kramatorsk မြို့ ရှေ့တန်းစစ်မျက်နှာတွင် ယူကရိန်းတို့၏ Buk-M1 ၁ စီး၊ S-300 လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်၏ ရေဒါယာဉ် ၁ စီးတို့အား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Igor Konashenkov က ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားသွားသည်။
ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် Kharkov ဒေသရှိ Chugunovka၊ Peski၊ Yakovlevka၊ Mineralnoye ၊ Donetsk ပြည်သူ့သမ္မတနိုင်ငံ Zavitne Bazhannya ဒေသ၊ Kherson ဒေသရှိ Goalaya Pristan၊ Kazachyi Lageri နှင့် Zburyevka အခြေချနေထိုင်ရာ နေရာများအနီး ယူကရိန်းတို့၏ Su-25 မြေပြင်တိုက်ခိုက်ရေးလေယာဉ် ၁ စီး၊ HIMARS ဒုံးပျံ ၁ စီးနှင့် မောင်းသူမဲ့လေယာဉ် ၁၄ စီးတို့ကို ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပစ်ချနိုင်ခဲ့ကြောင်း Konashenkov က ပြောကြားခဲ့သည်။
အထူးစစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ စုစုပေါင်းအနေဖြင့် ရုရှားစစ်တပ်သည် ယူကရိန်းတိုက်ခိုက်ရေး လေယာဉ် ၃၉၃ စီး၊ ရဟတ်ယာဉ် ၂၁၂ စင်း၊ မောင်းသူမဲ့လေယာဉ် ၃,၂၉၅ စင်း၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ၄၀၇ စီး(စုံ)၊ တင့်ကား အခြားသံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ ၈,၁၀၅ စီး၊ အတွဲလိုက်ဒုံးပစ်လောင်ချာမျိုးစုံ ၁၀၄၅ ခု၊ အမြောက်နှင့် မော်တာစနစ် ၄,၂၄၇ လက်၊ အထူးစစ်သုံးယာဉ် ၈,၆၆၅ စီးတို့အား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန
သက်ထူးခန့်ပိုင်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ေ