၂၀၂၃ ခုနှစ် ရုရှား တာဝေးပျံ လေကြောင်းတပ်ဖွဲ့ ရည်မှန်းချက်များ

0

၂၀၂၃ ခုနှစ် ရုရှား တာဝေးပျံ လေကြောင်းတပ်ဖွဲ့ ရည်မှန်းချက်များ

ရုရှား တာဝေးချီ လေကြောင်းတပ်ဖွဲ့ အခန်းကဏ္ဍသည် ၂၀၂၃ ခုနှစ်တွင် ယူကရိန်း အထူးစစ်ဆင်ရေးတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး တာဝေးပျံသန်းမှု လေကြောင်းကွပ်ကဲမှုဌာနချုပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဆာဂေးကိုဘီလက်ရှ်က အဆိုပါတာဝေးပျံ လေယာဉ်အုပ်အား အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ လက်ရှိအထူးစစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်နိုင်ရေးသည် နံပါတ်တစ် ဦးစားပေးရည်မှန်းချက်ဖြစ်သည်။

ယခုနှစ်အတွက် စီစဉ်ထားသော စစ်ဆင်ရေးနှင့် တိုက်ပွဲဝင်လေ့ကျင့်ရေး အစီအစဉ်တွင် “လေကြောင်းချီ တိုက်ခိုက်ဖျက်ဆီးရေးနည်းလမ်းများ အသုံးပြုခြင်း” ပါဝင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ကိုးကား၍ တနင်္လာနေ့တွင် Kobylash က ထည့်သွင်းပြောကြားခဲ့သည်။

Zhukovsky, Moscow Region, Russia – November 7, 2015: Tupolev Tu-95MSM with eight cruise missiles perfoming test flight in Zhukovsky.

လေယာဉ်မှူးများသည် အလိုအလျောက်ထိန်းချုပ်မှုစနစ်များနှင့် တိကျမှုမြင့်မားသော လက်နက်များအတွက် သတင်းအချက်အလက်ပံ့ပိုးမှုဖြင့် လုပ်ဆောင်ရာတွင် ၎င်းတို၏ ကျွမ်းကျင်မှုများ ဆက်လက်လေ့ကျင့်သွားမှသာ တိုးတက်စေမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“အထူးစစ်ဆင်ရေးတွင် တာဝေးပျံသန်းရေး လေကြောင်းတပ်ဖွဲ့သည် တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါ ရည်မှန်းချက်တာဝန်များကို ၂၀၂၃ ခုနှစ်တွင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။” ဟု ဆိုလျက် တပ်ဖွဲဝင်အားလုံး၏ ကြိုးစားအားထုတ်မှုဖြင့် ရည်မှန်းထားသည့်အတိုင်း အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း တပ်မှူးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လတွင် Kobylash က ရုရှားစစ်တပ်၏ သတင်းစာ Krasnaya Zvezda အား ပြောကြားခဲ့ရာတွင် တပ်ဖွဲ့ဝင်အများစုသည် ယူကရိန်းပဋိပက္ခဖြစ်စဉ်တွင် တိုက်ခိုက်ရေးအတွေ့အကြုံများ ရရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှား၏ တာဝေးပျံလေကြောင်းအခန်းကဏ္ဍသည် နိုင်ငံ၏ သုံးချောင်းထောက် နျူကလီးယား စွမ်းအားစုတွင် တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း သမားရိုးကျလက်နက်များကိုပါ သယ်ဆောင်စစ်ဆင်နိုင်ပါသည်။ လက်ရှိတွင် Tu-95MS, Tu-160 မဟာဗျူဟာမြောက် ဒုံးကျည်များ သယ်ဆောင်တိုက်ပွဲဝင်နိုင်သော ဗုံးကြဲလေယာဉ်များနှင့် Tu-22M3 တာဝေးဗုံးကြဲလေယာဉ်များအပေါ်တွင် တည်မှီဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

နှစ်သစ်ကူးမတိုင်မီက တာဝေးချီလေကြောင်းတပ်ဖွဲကို ခေတ်မီအဆင့်မြင့် Tu-22M3 ဗုံးကြဲလေယာဉ်တစ်စီး ထပ်ဆောင်း အားဖြည့်ပေးနိုင်ခဲ့သည်။ Tu-160M လေယာဉ်နှစ်စင်းကိုလည်း စမ်းသပ်ပျံသန်းရန် စာရင်းတင်သွင်းထားသည်။ ၎င်းတိုနှစ်စီးအနက်မှ တစ်စီးမှာ အဆင့်မြှင့်တင်ထားသောဗားရှင်းဖြစ်ပြီး ကျန်တစ်စီးမှာ မဟာဗျူဟာမြောက် လေယာဉ်ထုတ်လုပ်ရေးအစီအစဉ်ကို ပြန်လည်စတင်ရန် ရုရှား၏ မကြာသေးမီက ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်တည်ဆောက်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်လက ယူကရိန်းသည် ရုရှားပိုင်နက်အတွင်းပိုင်း Saratov နှင့် Ryazan ဒေသများရှိ တာဝေးပျံသန်းရေး လေကြောင်းတပ်ဖွဲများအခြေစိုက်ရာ လေယာဉ်ကွင်းများကို တိုက်ခိုက်ရန် အနည်းဆုံး နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သည်။ Engels နှင့် Dyagilevo အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် “ဆိုဗီယက်လုပ်” ဂျက်ဒရုန်းများကို လေကြောင်းရန်ကာကွယ်ရေးစနစ်များမှ ပစ်ချနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ သို့သော်လည်း ပျက်စီးသွားသော UAV များမှ အပျက်အစီးများသည် မြေပြင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ စစ်မှုထမ်းခြောက်ဦး သေဆုံးခဲ့ပြီး တစ်ကြိမ်တွင် လေယာဉ်နှစ်စင်း ပျက်စီးမှု အနည်းငယ် ဖြစ်ပွားခဲ့သည်။

Goals outlined for Russia’s long-range air force in 2023

သက်ထူးခန့်ပိုင်

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply