S-25 ပဲ့ထိန်းမဲ့ရော့ကဒ်များဖြင့် ယူကရိန်းခံစစ် အဆောက်အဦများအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရုရှားလေတပ်၏ Su-25 တိုက်လေယာဉ်

0

S-25 ပဲ့ထိန်းမဲ့ရော့ကဒ်များဖြင့် ယူကရိန်းခံစစ် အဆောက်အဦများအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရုရှားလေတပ်၏ Su-25 တိုက်လေယာဉ်

S-25 ရော့ကဒ်သည် Su-25 တပ်ဆင်နိုင်သော ပဲ့ထိန်းမဲ့ရော့ကဒ်များတွင် ကာလီဘာ အကြီးဆုံးဖြစ်ပြီး ၃၆၀ မမ ကာလီဘာရှိပြီး ပေါင် ၁၀၀၀ ဗုံးနီးပါး ပြင်းအားညီမျှသောရော့ကဒ်ဖြစ်သည်။

Su-25 တိုက်လေယာဉ်များတွင် အဆိုပါရော့ကဒ်တပ်ဆင်နိုင်သော နေရာရှစ်ခုထိ ပါဝင်ပြီး အပိုဆီတိုင်ကီ မတပ်ပါက S-25 ရော့ကဒ် ရှစ်လုံးအထိ တပ်ဆင်နိုင်သည်။

ထိပ်ဖူးပုံစံအမျိုးမျိုးရှိပြီး အခိုင်အမာဘန်ကာများကို တိုက်ခိုက်ဖျက်ဆီးနိုင်သော ရော့ကဒ်များလည်း ရှိသည်။ လေဆာပဲ့ထိန်း ထိပ်ဖူးတပ်ဆင်ထားသော အမျိုးအစားလည်း ရှိသောကြောင့် ပဲ့ထိန်းတိုက်ခိုက်မှုကိုလည်း ပြုလုပ်နိုင်သည်။

Su-25 တိုက်လေယာဉ်တစ်စီးတည်းဖြင့် ရော့ကဒ်ရှစ်လုံးကို တစ်ပြိုင်နက်ထဲ သယ်ဆောင်တိုက်ခိုက်နိုင်သည်။

အောက်ပါ Youtube Link တွင် ရုရှားလေတပ်မှ S-25 ရော့ကဒ်များဖြင့် ယူကရိန်းတို့ ခံစစ်ယူထားသော အဆောက်အဦများကို တိုက်ရိုက်ပစ်ခတ်ချေမှုန်းနေသည်ကို တွေ့ရမည်။ S-25 Rocket နှစ်လုံးတည်း၏ ပြင်းအားကိုလည်း ရှု့စားရမည်ဖြစ်လေသည်။

Su-25 နှစ်စီး၏ ဖားခုန်သကဲ့သို့ အနိမ့်မှ အထက်သို့ ထောင်တက်ပြီး တစ်ဖန် အောက်သို့စိုက်ချတိုက်ခိုက်သည့် ပျံသန်းရေး နည်းစနစ်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ၎င်းကဲ့သို့ ဖားပြုတ်ကြီး အရှိန်ပြင်းပြင်းဖြင့် ခုန်ပြီး ခြေထောက်နှင့် နင်းချေသလို တိုက်ခိုက်တက်သည့်ပုံစံကြောင့် ဖားခြေထောက် ‘Frog Foot’ ဟု ခေါ်ဆိုခြင်း ဖြစ်ပုံရလေသည်။

အချို့သော အမောင်းသင်ဆန်ဆန် လက်နက်သိပ်မတပ်ဆင်နိုင်သည့် တိုက်လေယာဉ်လေးများတွင်မူ ယခုကဲ့သို့ ၃၄၀ မမ ရော့ကဒ်ကြီးမျိုး တပ်ဆင်ဖို့တော့ မဖြစ်နိုင်ပေ။ ထို့အတူ ပုံပါ Su-25 ၏ Weapon Load နှင့် Effectiveness ကို လိုချင်ပါက ပေါင် ၅၀၀ ဗုံး လေးလုံးတပ်ထားသော တိုက်လေယာဉ်သုံးစီးခန့်ပင် လိုအပ်မည်ဖြစ်သည်။ ထိုမျှမကသေး Su-25 တိုက်လေယာဉ်မှူးများသည် ကာလီဘာအကြီးဆုံး Heavy Rocket များဖြင့် ပစ်ရတာတောင် မကျေနပ်သေးလျှင် နှုတ်သီးအောက်တွင် တပ်ဆင်ထားသော ပေါင်လုံးလောက် သစ်ပင်များကိုပင် ပြတ်သွားစေနိုင်သည့် ၃၀ မမ စက်အမြောက်နှစ်လက်ဖြင့် ပစ်မှတ်အပေါ် အနီးကပ်ပျံဝဲကာ ထပ်ပစ်လို့ရသေးသည်။ 

အဘယ်ကြောင့်ဆိုသော် Su-25 သည် တစ်စင်တီမီတာမှ နှစ်စင်တီမီတာခွဲအထိ ထူထပ်လှသော သံချပ်ကာ ကိုယ်ထည်ကို ပိုင်ဆိုင်ထားသောကြောင့် MANPAD ဖြင့် ပစ်လျှင်တောင် အင်ဂျင်ကိုသာ မထိပါက ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်သော မှတ်တမ်းများစွာ ရှိဖူးသည်။ ထို့ကြောင့် ရေဒါပဲ့ထိန်း မဟုတ်သည့် သာမန် 12.7mm လေယာဉ်ပစ်စက်အမြှောက်များကို တချို့သံချပ်ကာအလွှာ မပါသော တိုက်လေယာဉ်ငယ်များကဲ့သို့ ကြောက်နေစရာ မလိုပေ။

ထက်အောင်

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply