ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့မှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား သွားရောက် ဂါရဝပြု တွေ့ဆုံဆွေးနွေး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် Think Tank များမှ ပညာရှင်များပါဝင်သည့် အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ဝန်ကြီးရုံးသို့ သွားရောက် ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့မှု မြှင့်တင်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသည့်. ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မော်စကို နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ် (Moscow State Institute of International Relations)၊ ရုရှားပြည်သူ့ချစ်ကြည်ရေးတက္ကသိုလ် (People’s Friendship University of Russia) ၊ Pushkin ပြည်နယ်ရုရှားဘာသာစကားအင်စတီကျု (The Pushkin State Russian Language Institute) စသည့် တက္ကသိုလ်များမှ မြန်မာပညာတော်သင်များ ပိုမိုတိုးချဲ့ခေါ်ယူရေး၊ မြန်မာနိုင်ငံမှ အသိပညာရှင် Think Tanks အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု မြှင့်တင်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
The courtesy call with U Wunna Maung Lwin, Union Minister for Foreign Affairs Cooperation
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့