The Tenth Volkon Readings သို့ တက်ရောက်ဆွေးနွေးခြင်း

0

The Tenth Volkon Readings သို့တက်ရောက်ဆွေးနွေးခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဝါရင့်အကြံပေးနှင့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့  အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန တည်ထောင်ခြင်း နှစ် (၂၂၀) ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် An International Scientific Practical Conference “The Tenth Volkon Readings” တွင် “The Historiography of the Development of Myanmar Armed Forces” ခေါင်းစဉ်ဖြင့် Video file ပေးပို့ဆွေးနွေးခဲ့ပါသည်။

အဆိုပါ The Tenth Volkon Readings အား ရုရှားကာကွယ်ရေးဝန်ကြီးဌာန Information, Historical and Scientific Centre – The Historical Military Library of the General Staff of the Armed Forces of Russian Federation ၊ The Research Institute (of Military) of the Military Academy the General Staff of the Armed Forces of Russian Federation နှင့် Committee for External Relations of Saint- Petersburg တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

 

The Volkon Readings များအား ရုရှားဘုရင့်တပ်မတော်၏ ပထမဆုံး စစ်ဦးစီးချုပ်နှင့် ရုရှားတပ်မတော် စာကြည့်တိုက် တည်ထောင်သူ Field Marshal General (Prince) Pyotr Mikhailovich Volkonsky အား ဂုဏ်ပြုပြီး နှစ်စဉ် ပြုလုပ်လျက်ရှိသည်။ ယခုနှစ် နိုဝင်ဘာ ၇ မှ ၉ ရက်အထိ ပြုလုပ်သော The Tenth Volkon Readings တွင် နိုင်ငံပေါင်း (၃၀) ကျော်မှ ပညာရှင်များ တက်ရောက် စာတမ်းဖတ်ကြားကြသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply