Russia-ASEAN+ Roundtable Meeting – The Russia-ASEAN Scientific Space: New Challenges and Opportunities သို့ တက်ရောက် ဆွေးနွေးခြင်း
အောက်တိုဘာ ၂၀
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဝါရင့်အကြံပေးနှင့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့က ပြုလုပ်သည့် Russia-ASEAN+ roundtable meeting – The Russia-ASEAN Scientific Space: New Challenges and Opportunities သို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲအား ရုရှားနိုင်ငံ အခြေစိုက် Russia Today – Rossiya Segodnya Media Group (Росси́я сего́дня) က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံ တက္ကသိုလ်များမှ ပါမောက္ခများနှင့် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
Russia Today – Rossiya Segodnya သည် ရုရုားနိုင်ငံပိုင် သတင်းဌာနဖြစ်ပြီး ၎င်း၏ လက်အောက်တွင်
– Sputnik သတင်းဌာန
– RIA Novosti သတင်းဌာန
– inoSMI သတင်းဌာန
– 1Prime.ru နှင့် အခြားသတင်းဌာနများ ရှိသည်။
ဆွေးနွေးမှုများအား ရုရှား ရုပ်မြင်သံကြားလိုင်းများမှ ထုတ်လွှင့် ပြသမည်ဟု သိရှိရပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့