ယူကရိန်းစစ်ပွဲအတွင်း Orlan-10 ကဲ့သို့ စွမ်းဆောင်ရည်မြင့်မားသည့် UAV Zala 421-16
ယူကရိန်းစစ်ပွဲနဲ့ အတူ Orlan-10 တွေ နာမည်ကြီးလာပေမယ့် သူ့လိုပဲ အရမ်းအသုံးဝင်တဲ့ နောက်ထပ် UAV တစ်မျိုး ရှိသေးတယ်။
ဒါကတော့ Kalashinikov ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ Zala Aerospace လုပ်ငန်းစုက ထုတ်တဲ့ Zala UAV တွေပဲဖြစ်ပါတယ်။
Zala Aerospace က ကင်းထောက်ဒရုန်းတွေ အများကြီးထုတ်ထားပြီးတော့ Zala KUB နဲ့ Zala Lancet အသေခံတိုက်ခိုက်ရေးဒရုန်းတွေလည်းထုတ်တဲ့ လုပ်ငန်းစုဖြစ်တယ်။
Zala Aerospace ကထုတ်တဲ့ Drone တွေထဲမှာတော့ ဒီ Zala 421 ရဲ့ အဓိကအားသာချက်က Payload တွေပြောင်းတပ်လို့ရတာပဲ။
1280 Full HD Camera ကနေ အသေခံဒရုန်းလိုသုံးနိုင်တဲ့ Warhead အထိ ပြောင်းတပ်လို့ရတယ်လို့ ဆိုတယ်။
ကင်မရာရုပ်ထွက် ကွာလတီသိပ်ကောင်းတဲ့အပြင် လေဆာပဲ့ထိန်းလက်နက်တွေအတွက် လမ်းညွှန်စနစ်လည်း တစ်ခါတည်းပါတယ်။
Zala 421-16E5 မှာ Satellite Navigation မပါပေမယ့် လေထဲမှာ ၁၂ နာရီကြာပျံသန်းနိုင်တယ်။
ကမ္ဘာပေါ်မှပထမဆုံးသော Hybrid Powerplant တပ်ထားတဲ့ UAV ဖြစ်ပြီး Electirc Motor နဲ့ ICE (Internal Combustion Engine) ပေါင်းတပ်ထားတယ်။
အဆိုပါ ပေါင်းစပ်စွမ်းအင်စနစ်ဟာ Zala 421-16E5G ဆိုတဲ့ နောက်ဆုံးမျိုးကွဲမှာ Unique System ဖြစ်သွားတယ်။
တော်တော်ကို အကျိုးရှိစေတယ်ပေါ့။
အကြောင်းကတော့ ICE အင်ဂျင်စနစ်ဟာ Takeoff လုပ်ပြီးတာနဲ့ လုံးဝပိတ်ချပြီးတော့ Buffer Battery မှာသိုလှောင်ထားတဲ့ Electric Energy နဲ့ပဲ လျှပ်စစ်မော်တာကို မောင်းနှင်ပြီး ပျံသန်းတယ်။
ဘက်ထရီကုန်ခါနီးမှ ICE အင်ဂျင်ကိုအလုပ်လုပ်စေပြီးတော့ ဆက်မောင်းနေရင်း ဘက်ထရီကို အားပြန်သွင်းတယ်။ Zala ရဲ့ ဘက်ထရီစနစ်ဟာ ICE အင်ဂျင် အားအပြည့်သွင်းဖို့ တစ်နာရီကျော်ကျော်သာလိုတယ်။
ဒီတော့ 421-16 တွေ ဟာ အင်ဂျင်တစ်လှည့် ဘက်ထရီတစ်လှည့်နဲ့ ဆက်တိုက်မောင်းနှင်နိုင်တဲ့ Hybrid System ရရှိတယ်။ တစ်နည်းအားဖြင့် ဒီဇယ်လျှပ်စစ် ရေငုပ် သင်္ဘောတွေရဲ့ Snorkeling လုပ်ပုံနဲ့ သဘောတရားဆင်ဆင်တူတယ်။
ဒီလို Hybrid System ပါရှိလာတာကြောင့် Zala 421-16E5G အတန်းအစားဟာ မူလက ၁၂ နာရီလောက်ပဲ ပျံသန်းနိုင်တာကနေ ၁၆ နာရီကျော်အထိ မနားတမ်းပျံသန်းလာနိုင်တယ်။
Video Navigation System ပါရှိလာပြီး ရုရှားစစ်တပ်သုံးဆိုရင် Satellite Navigation System ပါ ပါလာတယ်လို့ဆိုထားတယ်။
၁၂၀၀ ကီလိုမီတာကို မနားတန်းပျံသန်းနိုင်ပြီး Video Signal ဟာ ၁၅၀ ကီလိုမီတာအထိ လွှင့်ထုတ်နိုင်တယ်။ ဒါကြောင့် မိုင် ၁၀၀ လောက် အချင်းဝက်ရှိတဲ့ ဧရိယာထဲမှာ လေပေါ် ၁၅ နာရီလောက်ဆက်တိုက်နေထိုင်ပြီးတော့ စစ်ဆင်နိုင်တယ်။
Payload အနေနဲ့ Camera Module တစ်ခုမှာ Thermal Imaging Camera တစ်လုံး။ 60X Zoom ဆွဲလို့ရတဲ့ Day Light Camera တစ်လုံး။ Night Vision Camera တစ်လုံး ပုံမှန်ပါဝင်တယ်။
တချို့ Payload Module တွေမှာဆိုရင်တော့ အမြှောက်တပ်တွေအတွက် Laser Range Finder နဲ့ Laser Designator တွေပါသေးတယ်။
Zala ဒရုန်းတွေရဲ့ အဓိကအားသာချက်က ကာဗွန်ဖိုက်ဘာ ပလက်စတစ် အဓိကအသုံးပြုပြီးတော့ တည်ဆောက်ထားတာပဲ။
Aerodynamic Area ကို သေချာတွက်ထုတ်ထားပြီး ICE အင်ဂျင်ကော ဘက်ထရီကိုပါ သယ်နိုင်အောင် လုပ်ထားတယ်။
ဒါ့အပြင် တပ်ဆင်ထားတာက Electric Motor ဖြစ်တာကြောင့် Orlan-10 ထက်စာရင် အများကြီး အသံဆူညံမှုနည်းပါးတယ်လို့ပြောရမယ်။
Orlan-10 ကလည်း သူ့စွမ်းဆောင်ရည်ကို ပြသပြီးဖြစ်ပေမယ့် အကျအဆုံး များလွန်းတယ်။ ထုတ်တဲ့ကုမ္ပဏီကလည်း စိန့်ပီစဘက် အခြေစိုက် STC စင်တာကထုတ်တာ။
စိန့်ပီတာစဘက် အခြေစိုက် လူတွေထုတ်ရင် ဗော့ဒ်ကာမူးပြီး ထွက်လာတဲ့ ဒီဇိုင်းနဲ့ Product တွေ များတာကြောင့် Orlan-10 ကလည်း ရိုးရာမပျက်ပါဘူး။
Orlan-10 က Zala 421 ထက် ဘာတွေညံ့လည်းဆိုတော့ အဓိက ကတော့ ပစ္စတင်အင်ဂျင် သုံးထားလို့ အသံပိုဆူတဲ့အပြင် Metal + Plastic ရောပြီး ဆောက်ထားတယ်။
ပန်ကာနဲ့ အင်ဂျင်ကို ရှေ့မှာထားတဲ့ ဒီဇိုင်းနဲ့ Stabilizer တွေရဲ့ ရိုးစင်းတဲ့ ဒီဇိုင်းပုံစံတွေကြောင့် Orlan-10 ဟာ ရေဒါမှာ အလွယ်တကူ ရှာတွေ့နိုင်တယ်။
ဒါတင်မကသေးဘူး Orlan-10 ဟာ ရုရှားစစ်တပ်ရဲ့ Classical recon Drone တွေထဲမှာ တော်တော်ရှေးကျနေတာကြောင့် သုံးထားတဲ့ပစ္စည်းတွေကလည်း တစ်စီးနဲ့ တစ်စီး မတူညီပါဘူး။
Standardization မရှိသလို ကြုံရာတွေ ကောက်ထည့်ထားတဲ့ပုံစံတွေ ဖြစ်နေတယ်။ (ဒါတွေတစ်ခုချင်းပြောရင်တော့ ပြီးမှာမဟုတ်တာကြောင့် ကျော်လိုက်ပါတော့မယ်)
အဓိကက ကတော့ သူ့မှာတပ်ထားတဲ့ အီလက်ထရောနစ်ပစ္စည်းတွေက Jamproof မဖြစ်ဘဲနဲ့ အလွယ်တကူ ထိခိုက်နိုင်တယ်။ Jamming လုပ်တာ Electronic Attack လုပ်တာကို သိပ်မခံနိုင်ဘူး။
သူ့ရဲ့ Flight Range ကတော့ တော်တော်များပြီး Video Signal Range ကလည်း ကီလိုမီတာ ၁၈၀ လောက်ကို လွှင့်ထုတ်ပေးနိုင်ပါတယ်။
သို့ပေမယ့် Ground Control Signal တွေ ပျောက်ဆုံးသွားရင် Zala လိုမျိုး Return To Home တွေ Reconnecting Function တွေ ဘာတွေမပါပါဘူး။ နောက်ဆုံးထုတ် Orlan တွေမှာတော့ ဒါတွေကို ပြုပြင်ထားတယ်ဆိုပါတယ်။
ပြန်ဆင်းသက်တဲ့အချိန်မှာလည်း Orlan ဟာ ကျိုးပဲ့နိုင်ချေ အတော်များပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်ထည်က ပေါ့ပေါ့ပါးပါး မဟုတ်တဲ့အပြင် ဒါဏ်ခံနိုင်တဲ့ Carbon Fiber လို မဟုတ်ဘဲ သတ္တုနဲ့ ပလက်စတစ်အရော ဖြစ်နေပါတယ်။
ပစ္စတင်အင်ဂျင်ရဲ့ အလေးချိန်ကလည်း များပါတယ်။ Payload အပေါ်မူတည်ပြီးတော့ အလေးချိန်က ပိုများနိုင်ပါသေးတယ်။
ဒါကြောင့် လေထီးအသုံးပြု ဆင်းသက်ပြီးတော့ အောက်ကနေ Shock Absorber တွေနဲ့ပါခံပြီးတော့ ဆင်းသက်ရပါတယ်။ တစ်ခါတစ်ရံ အလေးချိန်ပိုသွားရင် ဒါမှမဟုတ် လေတိုက်နှုန်းများရင် ဒီလို Shock Absorber တွေနဲ့တောင်မှ ထိခိုက်ပျက်စီးနိုင်ပါသေးတယ်။
လွယ်လွယ်ပြောရရင် Orlan တွေဟာ စွမ်းကြပေမယ့် တော်တော်ကို လက်ရာကြမ်းကြမ်းကြီး ထုတ်ထားတဲ့ Classical UAV လို့ပဲပြောရမှာဖြစ်ပါတယ်။
ဒီအချက်တွေကြောင့်ပဲလားတော့မသိဘူး။ ယူကရိန်းစစ်မြေပြင်မှာ Orlan-10 တွေက အကျအဆုံးများပေမယ့် Orlan-10 လိုပဲ အဓိက တိုက်ပွဲဝင်နေတဲ့ Zala 421-16 ကတော့ ငါးစီးပဲ ပျက်ကျသေးတယ်။
ဒါ့အပြင် ရုရှားစစ်တပ်ဟာ ယူကရိန်းမှာ Orlan-10 တွေကို တက်နိုင်သလောက် အနားပေးပြီး ဒီဇိုင်းနဲ့ နည်းပညာအားနည်းချက်တွေကို ပြန်ပြုပြင်နေပါတယ်။
ယူကရိန်းစစ်ပွဲအစမှာ Orlan-10 တွေကို အများကြီးထုတ်သုံးပြီးတော့ တိကျပဲ့ထိန်းအမြှောက်ကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာ အားရဖွယ်ရာပါပဲ။
သို့ပေမယ့် စစ်ပွဲအချိန်ကြာလာတဲ့အခါ အပေါ်မှာပြောထားတဲ့ အားနည်းချက်တွေကြောင့် Orlan-10 တွေဟာ အစီးရေ ၈၀ အထက်အထိ ပစ်ချခံလာရပါတယ်။ ဒါကြောင့် ရုရှားစစ်တပ်ဟာ Zala ဒရုန်းတွေကိုပါ တွဲဖက်ပြီးတော့ အသုံးပြုလာပါတယ်။
Zala တွေကတော့ ဒါနဲ့ ဆန့်ကျင်စွာပဲ တောင့်တင်းတဲ့ အီခက်ထရောနစ်ဒါဏ်ခံနိုင်တဲ့ စနစ်တွေနဲ့ ဖွဲ့စည်းထားတဲ့အပြင် လေကာရေဒါတွေကလည်း လွယ်လွယ်ရှာမတွေ့နိုင်ဘူး။
ဒါ့အပြင် ကာဗွန်ဖိုက်ဘာ ပလက်စတစ်နဲ့ ဆောက်ထားတော့ MANPAD ရဲ့ IIR Seeker နဲ့တောင်မှ လွယ်လွယ် ချိန်လို့ မရပြန်ဘူး။ စစ်ပွဲကိုးလ ကြာသည်အထိ တောက်လျှောက်သုံးနေပေမယ့် ငါးစီးပဲ ပျက်ကျသေးတယ်။
ကင်မရာရဲ့ အရည်အသွေးကောင်းလွန်းတော့ MANPAD လက်လှမ်းမမှီတဲ့ အမြင့်ပေကနေပြီး Zoom ဆွဲပြီး ကင်းထောက်ပေးနေလို့ရတယ်။
မြန်မာပြည်မှာဆို မီတာ ၁၀၀၀ လောက်ကနေ ကင်းထောက်နေရင်တောင် အပေါ်မှာ ရှိလို့ ရှိနေမှန်းသိမှာမဟုတ်ဘူး။
Kalashnikov လက်အောက်က Zala Aerospace ဟာ သူ့ဒရုန်းတွေ အနေအထားကို သိချင်လို့ လိုအပ်တာတွေကိုပြောင်းလဲဖို့အတွက် စစ်မြေပြင်ကို ကျွမ်းကျင်ပညာရှင်တွေနဲ့ လေ့လာရေးအဖွဲ့တွေကိုပါ လွှတ်တယ်။
ဒီဝန်ထမ်းတွေ ပညာရှင်တွေဟာ ရုရှားစစ်တပ်ရဲ့ သူတို့ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်တာတွေကို အနီးကပ် စောင့်ကြည့်လေ့လာပြီးတော့ လိုတာတွေကို ပြင်ဆင်မှု ပြုလုပ်ပေးမယ်။
ဒီလိုနဲ့ ယူကရိန်းစစ်မြေပြင်မှာ နောက်ပိုင်း Orlan-10 တွေကို တော်တော် အတွေ့ရကျဲသွားပြီး Zala တွေကို တွေ့ရတာ များလာတယ်။
ရုရှားနိုင်ငံမှာတော့ Zala ဒရုန်းအစီးရေ ၂၀၀၀ နဲ့ Orlan-10 အစီးရေ ၁၀၀၀ လောက်သုံးနေပါတယ်။
ကျွန်တော်ကတော့ ပိုပြီးနည်းပညာသစ် ဒီဇိုင်းသစ်တဲ့အပြင် ပိုပြီးတော့ ဒရုန်းပိုဆန်တဲ့ Zala 421-16 တွေကို Orlan-10 ထက် ပိုသဘောကျပါတယ်။
Battle Proven ချင်းယှဉ်ရင်လည်း Zala ဒရုန်းတွေက ပိုပြီးတော့ သာလွန်တယ်ဆိုတာ သိသာပါတယ်။
ထက်အောင်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့