Scholz က Kiev ကို နောက်ထပ် လက်နက်များ “မကြာမီ” ပေးအပ်သွားမည်ဟုကတိပြု
ဘာလင်သည် ကိယက်ဗ်ကို လက်နက်အများအပြား ထောက်ပံ့ပေးပြီး ၎င်း၏ ကာကွယ်ရေးအတွက် လိုအပ်သည့်အရာများကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဂျာမန် Bundeswehr ဗိုလ်ချုပ်ဟောင်းတစ်ဦး၏ ဝေဖန်မှုကို တုံ့ပြန်သည့်အနေဖြင့် အဓိပတိ Olaf Scholz က ပြောကြားခဲ့သည်။
ဂျာမနီသည် လက်ရှိတွင် “ခေတ်မီဆုံးနှင့် အထိရောက်ဆုံးသော စက်ကိရိယာများ ထောက်ပံ့ရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသည်” ဟု Scholz က မကြာသေးမီကမှ self-propelled “Gepard” လေယာဉ်ပစ်စက်အမြောက်များနှင့် PzH 2000 ဟော့ဝစ်ဇာအမြောက် အများအပြားကို လွှဲပြောင်းပေးအပ်ခဲ့မှုကို ကိုးကား၍ ယခုသီတင်းပတ်ကုန်တွင် ရိုးရာ “တံခါးဖွင့်နေ့- ‘open-doors day’” တွင် အလေးပေးပြောကြားခဲ့ပါသည်။
ဂျာမန်စစ်တပ် Bundeswehr မှ အငြိမ်းစား ဗိုလ်ချုပ်ကြီး Klaus Wittmann က သူ့ကို “ခေါင်းဆောင်မှု” ကင်းမဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က “ခြိမ်းခြောက်” နေသည်ဟု စွပ်စွဲပြောကြားခဲ့မှုကို ဂျာမန်သတင်းဌာန NTV က ကိုးကားဖော်ပြခဲ့ရာ ဂျာမန်ခေါင်းဆောင်က ၎င်း၏အဓိကအာရုံစိုက်မှုမှာ “စစ်ပွဲများအရှိန်မမြှင့်နိုင်စေရေး” ကိုသာ ဆက်လက်လုပ်ဆောင်နေကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
နောက်ထပ်လက်နက်များ “မကြာမီ ထပ်မံပို့ဆောင်နိုင်တော့မည်” ဟု Iris-T SLM လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် Cobra အမြောက်ရေဒါစနစ်များအား လွှဲပြောင်းပေးအပ်ရန် ကာလကြာရှည် ကတိပြုထားသည့် ပို့ဆောင်မှုကို ရည်ညွှန်းကာ ကတိပြုခဲ့သော်လည်း ရှင်းလင်းပြတ်သားသော အချိန်ဇယားကို မဖော်ပြထားပေ။
ဇွန်လတွင် ဘာလင်သည် Kiev အား Iris-T ယူနစ်တစ်စုံကို အခမဲ့ပေးပို့မည်ဟု ကတိပြုခဲ့သော်လည်း ယူကရိန်းသည် အနည်းဆုံး တစ်ဒါဇင်ခန့်အလိုရှိပြီး ကျန်အရေအတွက်အားလုံးကို ထုတ်လုပ်သူထံမှ တိုက်ရိုက်ဝယ်ယူရန် ကမ်းလှမ်းထားသည်။ သို့ပေမင့် ဂျာမနီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည်ပင်လျှင် အဆိုပါ ခေတ်မီဆုံးလေကြောင်းရန်ကာကွယ်ရေးစနစ်များ လုံလောက်စွာ အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။
ယခင်သတင်းများအရ ကိယက်ဗ်သည် နိုဝင်ဘာလထက်စော၍ အဆိုပါစနစ်ကို ပထမဆုံးလက်ခံရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။ ပြီးခဲ့သောလတွင် ဂျာမနီသည် ယူကရိန်းသို့ Cobra အမြောက်တပ်ဖွဲ့သုံးရေဒါကို ပေးပို့ရန် ကတိပြုခဲ့ပြီး စက်တင်ဘာလတွင် ပေးပို့ရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ဂျာမန်ကာကွယ်ရေးဝန်ကြီး Christine Lambrecht ၏ အဆိုအရ ယူကရိန်းနိုင်ငံသည် အဆိုပါပစ္စည်းများအတွက် စာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ပြီး တပ်ဖွဲ့ဝင်များသည် စနစ်အတွက် လေ့ကျင့်မှု စတင်သင့်သည်ဟု ဆိုသည်။
ယူကရိန်းပြည်နယ်အတွင်းရှိ Donetsk နှင့် Lugansk ဒေသများကို အထူးအဆင့်သတ်မှတ်ပေးနိုင်ရန် ရည်ရွယ်ထားသည့် Minsk သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းအပေါ် ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းသို့ တပ်ဖွဲ့များ စေလွှတ်ခဲ့သည်။ ဂျာမနီနှင့် ပြင်သစ်တို့က ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် ပရိုတိုကောများကို ၂၀၁၄ ခုနှစ်တွင် ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည်။ ယူကရိန်းသမ္မတဟောင်း Pyotr Poroshenko က Kiev ၏ အဓိကရည်မှန်းချက်မှာ အပစ်အခတ်ရပ်စဲရေးကို အချိန်ဆွဲထားရန်နှင့် “ အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့များ ဖန်တီးရန်” ဖြစ်သည်ဟု ဝန်ခံခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ကရင်မလင်သည် Donbass ရီပတ်ဗလစ်ကန်နိုင်ငံ ၂ ခု ကို လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီး ယူကရိန်းအား အနောက်နိုင်ငံများ၏ စစ်ရေးအစုအဖွဲ့ကို မည်သည့်အခါမျှ ပါဝင်မည်မဟုတ်သည့် ကြားနေနိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်ကြေညာရန် တောင်းဆိုခဲ့သည်။ ဂျာမနီသည် မော်စကိုအား ရှုတ်ချခဲ့ပြီး ကိယက်ဗ်နှင့် ၎င်း၏စည်းလုံးညီညွတ်မှုကို ပြသခဲ့သည်။ ၎င်းသည် ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများတွင် ပါဝင်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့များအား များပြားလှသော လက်နက်များ ထောက်ပံ့ပေးခဲ့သည်။ သို့သော် Scholz သည် နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နှင့် ဘာလင်မြို့ဆိုင်ရာ ယူကရိန်းသံအမတ်ဟောင်း Andrey Melnik အပါအဝင် ၎င်း၏ မဟာမိတ်အဖွဲ့ဝင်နှစ်ဦးစလုံးထံမှ ယူကရိန်းကို ကူညီရန် အင်ပြည့်အားပြည့် မလုပ်ဆောင်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ Scholz သည် မေလတွင် Kiev ကို သွားရောက်လည်ပတ်ရန် ငြင်းဆိုခဲ့သည့်အတွက် “စိတ်ပျက်အသည်းယားစရာ” ဟုပင် ယူကရိန်းသံအမတ်ဟောင်း Andrey Melnik က ပြောဆိုခဲ့ပါသေးသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့