ရုရှားစစ်တပ်က Odessa အနီးရှိ HIMARS ဒုံးကျည်များဖြင့် ခဲယမ်းမီးကျောက်သိုလှောင်ရုံများကို ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
ရုရှားစစ်တပ်က အမေရိကန်၏ ဒုံးပစ်လောင်ချာမျိုးစုံ HIMARS သိုလှောင်ထားသည့် Odessa ဒေသရှိ ခဲယမ်းမီးကျောက်သိုလှောင်ရာနေရာကို Kalibr ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Igor Konashenkov က သတင်းထောက်များကို တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
“Odessa ဒေသရှိ Mayorskoye ရွာအနီးရှိ တိကျသေချာသော ပင်လယ်ပြင် အခြေစိုက် တာဝေးပစ် Kalibr ဒုံးကျည်များသည် အမေရိကန် HIMARS ဒုံးကျည်မျိုးစုံပစ်လွှတ်နိုင်သော ဒုံးပျံစနစ်များနှင့် အနောက်တိုင်းလုပ် လေယာဉ်ပစ်စနစ်များအတွက် ခဲယမ်းမီးကျောက်များပါသည့် သိုလှောင်ရုံတစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်” Konashenkov က ပြောကြားခဲ့ပါသည်။
“Odessa ဒေသရှိ Mayorskoye ရွာအနီးရှိ တိကျသေချာသော ပင်လယ်ပြင် အခြေစိုက်တာဝေးပစ် Kalibr ဒုံးကျည်များသည် အမေရိကန် HIMARS ဒုံးကျည်မျိုးစုံ ပစ်လွှတ်နိုင်သော ဒုံးပျံစနစ်များနှင့် အနောက်တိုင်းလုပ် လေယာဉ်ပစ်စနစ်များအတွက် ခဲယမ်းမီးကျောက်များပါသည့် သိုလှောင်ရုံတစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်” Konashenkov က ပြောကြားခဲ့ပါသည်။
Kalibr (NATO အမည်- SS-N-27 Sizzler) သည် ရုရှားနိုင်ငံ Yekaterinburg ရှိ Novator ဒီဇိုင်းဗျူရိုမှ တီထွင်ခဲ့ပြီး (Almaz-Antey Air Defense Concern) မှ ထုတ်လုပ်လျက်ရှိသည့် ရုရှားနိုင်ငံလုပ် ခရုဇ်ဒုံးကျည်အမျိုးအစားဖြစ်သည်။ ရုရှားတပ်မတော်သည် လက်ရှိတွင် အဆိုပါဒုံးကျည်များကို ပြုပြင်မွမ်းမံမှုနှစ်ခုဖြစ်သည့် Kalibr-NK (သင်္ဘော အခြေပြု) နှင့် Kalibr-PL (ရေငုပ်သင်္ဘောပေါ်တွင် တပ်ဆင်သုံး) တို့ကို တပ်ဖြန့်အသုံးပြုလျက်ရှိသည်။
Kalibr ၏ ဝိသေသလက္ခဏာများ အတိအကျ မသိရပါ။ အမျိုးမျိုးသောအချက်အလက်များအရ အဆိုပါဒုံးကျည်များသည် ပင်လယ်ပြင်ပစ်မှတ်များကို အကွာအဝေး ၃၇၅ ကီလိုမီတာ၊ ကုန်းမြေပစ်မှတ်များကို ကီလိုမီတာ ၂၆၀၀ အထိ ပစ်ခတ်နိုင်ပြီး ထိပ်ဖူး၏ အများဆုံးအလေးချိန်မှာ ၅၀၀ ကီလိုဂရမ်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ လက်နက်စနစ်သည် ၂၀၁၂ ခုနှစ်တွင် ရုရှားရေတပ်သို့ စတင်တပ်တော်ဝင် အသုံးပြုခဲ့ကြသည်။ ခရုဇ်ဒုံးကျည်များကို ဆီးရီးယား စစ်ရေးစစ်ဆင်ရေးအတွင်း ပထမဆုံးအသုံးပြုခဲ့ကြသည်။ ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ အဆိုပါဒုံးကျည်ကို အကြမ်းဖက်သမားများ၏ ပစ်မှတ်များသို့ အနည်းဆုံး ဒုံးကျည် ၉၉ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ၁၃ ကြိမ်တွင် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့