အိန္ဒိယ လေယာဉ်တင်သင်္ဘော INS Vikrant ကို သီတင်းနှစ်ပတ်အတွင်း တပ်တော်ဝင်မည်

0

အိန္ဒိယ လေယာဉ်တင်သင်္ဘော INS Vikrant ကို သီတင်းနှစ်ပတ်အတွင်း တပ်တော်ဝင်မည်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် Adayavani မှ ထုတ်ဝေသော အချက်အလက်များအရ ပထမဆုံးသောပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘော (IAC-1) INS Vikrant ကို စက်တင်ဘာလ ၆ ရက်နေ့တွင် တပ်တော်ဝင်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယရေတပ် ဒီဇိုင်းညွှန်ကြားရေးမှူးချုပ်-Navy’s Directorate of Naval Design (DND) မှ ဒီဇိုင်းဆွဲပြီး သင်္ဘောဝန်ကြီးဌာနလက်အောက်ရှိ ပုဂ္ဂလိကပိုင်သင်္ဘောကျင်း CLS မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်တင်သင်္ဘောအား ၁၉၇၁ ခုနှစ်စစ်ပွဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် အိန္ဒိယ၏ ပထမဆုံးသောလေယာဉ်တင်သင်္ဘောဖြစ်ပြီး ၎င်း၏ထင်ရှားကျော်ကြားသော ရှေ့ပြေးလေယာဉ်တင်သင်္ဘော၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။

၂၆၂ မီတာရှည်သော လေယာဉ်တင်သင်္ဘောသည် စုစုပေါင်း အလေးချိန်တန်ချိန် ၄၅,၀၀၀ နီးပါးရှိပြီး ၎င်းသည် ၎င်း၏ယခင်ဗားရှင်းထက် ပိုမိုအရွယ်အစားကြီးမားပြီး အဆင့်မြင့်သည်။ သင်္ဘောကို စုစုပေါင်းထွက်ရှိမှု ၈၈ မဂ္ဂါဝပ်ဖြင့် ဓာတ်ငွေ့တာဘိုင် လေးလုံးဖြင့် မောင်းနှင်ထားပြီး အမြင့်ဆုံးအမြန်နှုန်း ၂၈ knots ရှိသည်။

လေယာဉ်တင်သင်္ဘောသည် အရှည် ၂၆၂ မီတာ (၈၆၀ ပေ)၊ အနံ ၆၂ မီတာ (၂၀၃ ပေ) နှင့် ကြမ်းခင်းအမြင့် ၈.၄ မီတာ (၂၈ ပေ) ရှိသည်။ သူမသည် သင်္ဘောသား ၁၄၄၉ ဦး (လေယာဉ်အမှုထမ်းများ အပါအဝင်) အားဖြည့်တာဝန်ထမ်းဆောင်နိုင်သည်။

Kamov Ka-31 သို့မဟုတ် Westland Sea King ရဟတ်ယာဉ် ၁၀ စီး၊ အဓိက အားဖြင့် MiG-29Ks နှင့် တိုက်ခိုက်ရေးလေယာဉ် ၂၄-၂၆ စီး အပါအဝင် လေကြောင်းအုပ်စု လေယာဉ်၊ ရဟတ်ယာဉ် အစီး ၃၀ ထိ တင်ဆောင်တိုက်ပွဲဝင်နိုင်စွမ်းရှိပါသည်။ Ka-31 သည် လေကြောင်းချီ ကြိုတင်သတိပေးချက် (AEW) အခန်းကဏ္ဍကို လုပ်ဆောင်မည်ဖြစ်ပြီး Sea King သည် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ပွဲ (ASW) စွမ်းရည်ကို ပံ့ပိုးပေးမည်ဖြစ်သည်။

Vikrant ကို စက်ယန္တရားလည်ပတ်မှု၊ သင်္ဘောသွားလာမှုနှင့် ရှင်သန်နိုင်မှုတို့အတွက် မြင့်မားသော အလိုအလျောက်စနစ်ဖြင့် တည်ဆောက်ထားပြီး လေယာဉ်နှင့် ရဟတ်ယာဉ် အမြောက်အမြား တင်ဆောင်ထားရှိရန် ဒီဇိုင်းထုတ်ထားသည်။

ပုံသေနှင့် ပန်ကာတပ်(rotary wing)လေယာဉ်များ ရောနှောထားရှိရန် ဒီဇိုင်းထုတ်ထားသည်။ အဆိုပါ လေယာဉ်တင်သင်္ဘောသည် ပြည်တွင်း၌ ထုတ်လုပ်သည့် အဆင့်မြင့် အပေါ့စားရဟတ်ယာဉ် (ALH) နှင့် Light Combat Aircraft (LCA) တို့အပြင် MIG-29K တိုက်လေယာဉ်များ၊ Kamov-31s၊ MH-60R ဘက်စုံသုံးရဟတ်ယာဉ်များ အပါအဝင် လေယာဉ် အစင်း ၃၀ ပါဝင်သော လေကြောင်းအုပ်စုကို တင်ဆောင်နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။

STOBAR (Short Take-Off but Arrested Landing) ဟု လူသိများသော လေယာဉ်ပြေးလမ်းတိုသုံး အတက်အဆင်းလုပ်နိုင်မှုစနစ် အသုံးပြု၍ IAC တွင် လေယာဉ်စတင်ပျံတက်ရန် springboard ဘုတ်တစ်ခုနှင့် လေယာဉ်ပြန်လည်ဆင်းသက်ရန် “ဖမ်းကြိုးများ” “ arresting cables” အစုံပါရှိပါသည်။

သုံးဘက်မြင် 3D virtual reality မော်ဒယ်များနှင့် အဆင့်မြင့် အင်ဂျင်နီယာ ဆော့ဖ်ဝဲများ အသုံးပြုခြင်း အပါအဝင် ဒီဇိုင်းအသစ်အဆန်းများစွာကို ရေတပ်ဒီဇိုင်းဌာန ခွဲမှ လေယာဉ်တင်သင်္ဘော၏ ဒီဇိုင်းပုံဖော်ရန် အသုံးပြုခဲ့သည်ဟု ဆိုထားသည်။ CSL သည် ၎င်း၏ သင်္ဘောတည်ဆောက်မှု အခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီး လေယာဉ်တင်သင်္ဘောတည်ဆောက်စဉ်အတွင်း ၎င်း၏ကုန်ထုတ်စွမ်းအားကို မြှင့်တင်ခဲ့သည်။

လေယာဉ်တင် သင်္ဘောပေါ်ရှိ လက်နက်များတွင် Barak LR SAM လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် AK-630 အနီးကပ်ကာကွယ်ရေးစနစ်တို့ ပါဝင်ပြီး ၎င်းတွင် အာရုံခံကိရိယာများအဖြစ် MFSTAR နှင့် RAN-40L 3D ရေဒါစနစ်များပါရှိသည်။ သင်္ဘောတွင် အီလက်ထရောနစ်စစ်ဆင်ရေးစနစ်များအတွက် Shakti EW (Electronic Warfare) Suite တပ်ဆင်အသုံးပြုထားပါသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

 

Share.

About Author

Leave A Reply