ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိနေသော သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးသည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့က The Alexander Gorchakov Public Policy Fund မှ Project Director Ms Sandra Stoilkovic နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရုရှား – မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဌ Mr. Vitaly Solonetskiy လည်း တက်ရောက်ပါသည်။
Gorchakov Fund သည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် Think Tank တစ်ခုပြီး ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ နာယကအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov အပါအဝင် တက္ကသိုလ်များမှ ပါမောက္ခများ၊ ကုမ္ပဏီအကြီးအကဲများ ပါဝင်သည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့