C-RAM Phalanx နှင့် Avenger လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်းသို့ ပေးပို့သွားရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို

0

C-RAM Phalanx နှင့် Avenger လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်းသို့ ပေးပို့သွားရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ အမေရိကန်အထက်လွှတ်တော်အမတ် Dan Sullivan ထုတ်ပြန်သော ကြေညာချက်အရ အမေရိကန်အထက်လွှတ်တော်အမတ်များဖြစ်သည့် Dan Sullivan (R-Alaska)၊ Tammy Duckworth၊ Roger Wicker၊ Richard Blumenthal၊ Robert Portman နှင့် Lindsey Graham တို့မှ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နှင့် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး Mark Milley ထံသို့ ပေးပို့သော စာတစ်စောင်တွင်- “အမေရိကန်အထက်လွှတ်တော်အမတ်များသည် Counter-Rocket၊ အမြောက်များ၊ Mortar (C-RAM) Phalanx စနစ်များနှင့် Avenger မိုဘိုင်းလ် လေယာဉ်ပစ်ဒုံးပျံစနစ်များ အပါအဝင် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ အမြန်တင်ပို့ရန်” တောင်းဆိုခဲ့ကြသည်။


အမေရိကန် အထက်လွှတ်တော်အမတ်များသည် တာလတ်နှင့် တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် အပါအဝင် M777 155 mm ဟော့ဝစ်ဇာအမြောက်များ၊ High Mobility Artillery Rocket Systems (HIMARS)အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်များ၊ သံချပ်ကာလူသယ်ယာဉ်များ၊ အရွယ်အစားကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားသည့် မောင်းသူမဲ့လေယာဉ်စနစ်များ (UAS) နှင့် Mi-17 ရဟတ်ယာဉ်များစသည့် စစ်ရေး အကူအညီသစ်များအား ယူကရိန်းသို့ ချက်ချင်းပေးပို့ရန် အကြံပြုထားသည်။

၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ကွန်ဂရက်လွှတ်တော်သည် ယူကရိန်းစစ်တပ်အတွက် စစ်ရေးအကူအညီအတွက် ဒေါ်လာ ၂၀ ဘီလီယံနီးပါး ပံ့ပိုးပေးမည့် Additional Ukraine Supplemental Appropriations Act ထပ်ဆောင်းအက်ဉပဒေကို အတည်ပြုနိုင်ခဲ့သည်။

ကြားကာလ ရက်သတ္တပတ်များအတွင်း သမ္မတဘိုင်ဒင်သည် အကူအညီပေးရေး ပက်ကေ့ခ်ျ ၅ ခုကို အတည်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် အတည်ပြုခဲ့သည့် ဒေါ်လာ သန်း ၄၀၀ အပါအဝင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီများ ယူကရိန်းသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။


၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ရုရှားလေကြောင်းနှင့် ဒုံးပျံတိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ယူကရိန်းမြို့များနှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦးများကို ခုခံကာကွယ်ရန် လိုအပ်သည့်အရာများကို ယူကရိန်းတိုက်လေယာဉ်မှူးများနှင့် လေကြောင်းရန်ကာကွယ်ရေးအရာရှိများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပါ သည်။

ယူကရိန်းမြို့ကြီးများ၊ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် စစ်မြေပြင်အတွင်းရှိ တပ်ဖွဲ့များအား ရုရှားလေကြောင်းနှင့် ဒုံးပျံတိုက်ခိုက်မှုများမှ ကာကွယ်ပေးရန်သည် မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ တန်ပြန်ရော့ကတ်နှင့် အမြောက်ကာကွယ်ရေးစနစ်(C-RAM) Phalanx စနစ်များနှင့် Avenger မိုဘိုင်းလ် လေယာဉ်ပစ်ဒုံးပျံစနစ်များ လိုအပ်ပါသည်။ တာဝေးပစ်လေကြောင်းကာကွယ်ရေးစနစ် များသည် Stingers ပခုံးထမ်းများ လက်လှမ်းမမီနိုင်သော အမြင့်ပေမှ ပျံသန်းတိုက်ခိုက်လာမည့် ရုရှားတိုက်လေယာဉ်များနှင့် ခရုဇ်ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။

C-RAM သည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရေးပါသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်စနစ် (UAS) တို့ကို တန်ပြန်ဖျက်ဆီးနိုင်သည့် အရေးကြီးသော Point Defence စွမ်းရည်ကို ပိုင်ဆိုင်နိုင်စေမည်လည်း ဖြစ်သည်ဟုဆိုပါသည်။

Avengers သည် ယူကရိန်းတပ်ဖွဲ့ဝင်များအား မိုဘိုင်းလ်လှုပ်ရှား တာတို လေကြောင်းရန်ကာကွယ်ရေးအတွက် အသုံးဝင်မည်ဖြစ်ပြီး အနိမ့်ပျံလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် UAS တို့ကို ကာကွယ်နိုင်လိမ့်မည်ဟုလည်း သိရှိရပါသည်။


အဆိုပါ အရေးကြီးသော လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်များအပြင် အမေရိကန်ပြည်ထောင်စုသည် 155 mm Howitzers၊ High Mobility Artillery Rocket Systems (HIMARS)၊ သံချပ်ကာလူသယ်ယာဉ်များ၊ စွမ်းဆောင်ရည်မြင့်မားသော UAS စနစ်များနှင့် Mi-17 ရဟတ်ယာဉ်များကို ယူကရိန်းစစ်တပ်ထံ ဆက်လက်ပေးအပ်ရန် လိုအပ်ပါသည်ဟု အဆိုပါစာတွင် ဖော်ပြထားသည်။ ဆုံးရှုံးသွားသောနယ်မြေကို ပြန်လည်သိမ်းပိုက်ရန် ယူကရိန်းနိုင်ငံ ကြိုးပမ်းမှုတွင် အရေးပါသည့် လက်နက်ခဲယမ်းများ ဆက်လက်ပေးပို့နေခြင်းကို ဖိဖိစီးစီးနှင့် လုံလောက်အောင် မစွမ်းနိုင်ကြသေးပေ။ လာမည့်စစ်ဘက်ဆိုင်ရာ အကူအညီပေးရေးများတွင် စတုတ္ထမျိုးဆက် တိုက်လေယာဉ်များနှင့် လိုအပ်သော ပျံသန်းလေ့ကျင့်မှုများကို ထည့်သွင်းစဉ်းစားရန်လည်း ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်ဇွန်လ ၂၇ ရက်နှင့် ဇူလိုင်လ ၈ ရက်နေ့များတွင် အကူအညီပေးရေးပက်ကေ့ခ်ျများတွင် တာလတ်နှင့် တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်များ နှင့် HIMARS စနစ်တို့ ပါဝင်နေပြီး Donbas၊ Kherson နှင့် အခြားဒေသများတွင် တိုက်ပွဲများ၏ ရလဒ်အပေါ် သက်ရောက်မှုရှိစေရန် ဤစနစ်များကို အရှိန်အဟုန်နှင့် ပမာဏ လုံလောက်စွာ ပေးပို့ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အကူအညီသည် အဆုံးအဖြတ်တစ်ခုသာ မဟုတ်ဘဲ လက်တွေ့မြေပြင်တွင် အရှိန်မြှင့်လုပ်ဆောင်သွားရမည်။ ဤပစ္စည်းများကို ယူကရိန်းစစ်တပ်ထံ ချက်ချင်းရရှိရန် နေတိုးမဟာမိတ်များနှင့် မိတ်ဖက်များနှင့် ညှိနှိုင်းဆောင်ရွက်နေမှုတွင် အမြန်ဆုံးလုပ်ဆောင်ရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်ဟုလည်း ဆိုပါသည်။

Avenger AN/TWQ-1 Air Defense System ယာဉ်တင်လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ခရုဇ်ဒုံးပျံများ၊ မောင်းသူမဲ့လေယာဉ်များ၊ အနိမ့်ပျံသန်းနိုင်သော တောင်ပံပုံသေတပ်လေယာဉ်များနှင့် ရဟတ်ယာဉ်များရန်မှ မြေပြင်တပ်ဖွဲ့ဝင်များအား ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။ Avenger AN/TWQ-1 တွင် Raytheon ထုတ် Stinger တာတိုပစ် ဒုံး ၈ စင်းကို ဆုံလည်၏ တစ်ဖက်တစ်ချက်တွင် တပ်ဆင်ထားပါသည်။ အဆိုပါ ဆုံလည် (ပစ္စက်အုံ)ကို ပုံသေ stand-alone စနစ်အဖြစ်လည်း ဖြန့်ကျက်အသုံးပြုနိုင်သည်။ အခြေခံဖွဲ့စည်းပုံတွင် ဘေးတစ်ဖက်တစ်ချက်စီတွင် တပ်ဆင်ထားသော ဒုံးများပါသည့် ပစ်ခတ်သူ၏ဆုံလည်တစ်ခုပါရှိသည်။ စံပြုယာဉ်ပေါ်တွင် တပ်ဆင်ထားသော ဒုံးပစ် လောင်ချာတစ်ခုစီတွင် ဒုံးပျံ ၄ စင်း ကျည်ထိုးပစ်ခတ်နိုင်ပြီး ပခုံးထမ်းတပ်ဖြန့်မှုအဖြစ်လည်း အလွယ်တကူဖယ်ရှား တိုက်ပွဲဝင်နိုင်ပါသည်။

Centurion Weapon System ဟုလည်း သုံးနှုန်းတတ်ကြသည့် C-RAM (Counter Rocket, Artillery, and Mortar)တန်ပြန်အမြောက်မော်တာကျည်ကာကွယ်ရေးစနစ်သည် အခြားသော ကာကွယ်မှုဆိုင်ရာ အာရုံခံစနစ်များနှင့် ပေါင်းစပ်နိုင်စွမ်းရှိသည့် မြေပြင်အခြေစိုက် Phalanx Weapon System ဖြစ်ပါသည်။ အဆိုပါစနစ်အား အမေရိကန်ကုမ္ပဏီ Raytheon မှ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည်။ Phalanx သည် လျင်မြန်စွာ တုံ့ပြန်ပစ် ခတ်နိုင်သော ကွန်ပျူတာထိန်းချုပ်ရေဒါပါရှိသည့် ၂၀ မီလီမီတာ စက်သေနတ်စနစ် ဖြစ်သည်။ အခြားသင်္ဘောကာကွယ်ရေးစနစ် အားလုံးကို ကျော်၍ ထိုးဖောက်ဝင်ရောက်လာမည့် ရန်သူခြိမ်းခြောက်မှုများကို အလိုအလျောက်ထောက်လှမ်း ခြေရာခံကာ တိုက်ခိုက်နိုင်စွမ်းရှိပါသည်။

C-RAM Centurion Phalanx ၏ မြေပြင်အခြေစိုက်ဗားရှင်းတွင် နောက်တွဲယာဉ် ၁ စီး သို့မဟုတ် Oshkosh ထရပ်ကား၏ နောက်ဘက်တွင် C-RAM Phalanx လက်နက်နှင့် 20 mm M61A1 Gatling စက်သေနတ်တို့ကို ပေါင်းစပ်တပ်ဆင်ထားကာ M-246 သို့မဟုတ် M-940 self-destruct ကျည်များကို အသုံးပြု၍ တစ်မိနစ်လျှင် ၃၀၀၀ သို့မ ဟုတ် ၄၅၀၀ နှုန်းဖြင့်တိုက်ပွဲဝင်နိုင်စွမ်းရှိပါသည်။

အဆင့်မြင့်ရှာဖွေထောက်လှမ်းရေးနှင့် ခြေရာခံထိန်းကျောင်းရေး Ku-band ရေဒါနှင့်အတူ အလိုအလျောက် သတ်မှတ်ထားသော ပစ်မှတ်ကို ထောက်လှမ်းမှုနှင့် တိုက်ပွဲဝင်နိုင်မှုတို့ကို ပံ့ပိုးပေးရန်အတွက် closed-loop spotting technology နည်းပညာအသုံးပြုထားပါသည်။ နောက်တွဲယာဉ်ကို M916A3 6×6 နည်းဗျူဟာသုံးထရပ်ကားဖြင့် ချိတ်ဆက်သယ်ဆောင်နိုင်ပါသည်။ ထိရောက်အကွာအဝေး ၂၀၀၀ မီတာနှင့် အများဆုံး အကွာအဝေး ၅၅၀၀ မီတာထိ တိုက်ပွဲဝင်နိုင်စွမ်းရှိပါသည်။

သက်ထူးခန့်ပိုင်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply