KF-21 Boramae စမ်းသပ်ပျံသန်းခြင်း
ယနေ့ ဇူလိုင် ၁၉ ရက် ဒေသစံတော်ချိန် ၁၆၁၃ အချိန်တွင် တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားတို့ ပူးတွဲ ထုတ်လုပ်သည့် KF-21 Boramae တိုက်လေယာဉ်၏ ပထမဆုံး စမ်းသပ်ပျံသန်းခြင်း အောင်မြင်ခဲ့ပါသည်။ ၎င်းစမ်းသပ်ပျံသန်းမှုအား လေတပ် 52nd Test Evaluation Unit မှ Test Pilot ဗိုလ်ချုပ် Ahn Jun Hyun က ပြုလုပ်ခြင်း ဖြစ်သည်။
KF-21 သည် The KF-X Advanced Multirole Fighter Project အရ ထွက်ပေါ်လာခြင်းဖြစ်သည်။အပြင်ပိုင်း ပုံသဏ္ဌာန်အရ အမေရိကန် F-22 Raptor တိုက်လေယာဉ်ဆင်တူသော KF-21 သည် စတုတ္တမျိုးဆက်တိုက်လေယာဉ်များထက် ပိုမိုရေဒါပျောက်သည့် ဒီဇိုင်းရှိသော်လည်း ပဉ္စမမျိုးဆက်တိုက်လေယာဉ်များကဲ့သို့ Internal Bay ပါဝင်ခြင်း မရှိသေးချေ။ ဆက်လက်ထုတ်လုပ်မည့် မျိုးကွဲများတွင် ထို Internal Bay များ ပါဝင်လာနိုင်သည်ဟု သုံးသပ်ရပါသည်။
KF-21 Block 1 အား Air Superiority Fighter အဖြစ်လည်းကောင်း၊ Block 2 အား Multirole Combat Aircraft နှင့် Air Superiority Fighter အဖြစ်လည်းကောင်း ထုတ်လုပ်မည်ဖြစ်သည်။ KF-21 အား ၂၀၂၆ ခုနှစ်တွင် တပ်တော်ဝင် အသုံးပြုရန် မျှော်မှန်းထားသည်။
နိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
#NaingSweOo
Source: Republic of Korea Airforce
https://www.facebook.com/rokairforce