ယူကရိန်းတွင် အများဆုံးအသုံးပြုနေသည့် ရုရှား Ka-52 တိုက်ခိုက်ရေးရဟတ်ယာဉ်

0

ယူကရိန်းတွင် အများဆုံးအသုံးပြုနေသည့် ရုရှား Ka-52 တိုက်ခိုက်ရေးရဟတ်ယာဉ်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဗီဒီယိုနှင့် အချက်အလက်များအရ Alligator ဟု နာမည်ပြောင်ပေးထားသော Ka-52 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် ယူကရိန်းပိုင်နက်တွင် တိုက်ခိုက်ရေး ရည်မှန်းချက်တာဝန်များ ထမ်းဆောင်ရန်အတွက် ရုရှားစစ်တပ်က အသုံးအများဆုံး တိုက်ခိုက်ရေး လေယာဉ် အမျိုးအစားဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

Ka-52 Alligator သည် ရုရှားကုမ္ပဏီ Kamov Design Bureau မှ ဒီဇိုင်းရေးဆွဲ၊ တီထွင်ထုတ်လုပ်ထားသော တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်သည်။ ရဟတ်ယာဉ်သည် သံချပ်ကာနှင့် မြေပြင်ပစ်မှတ်များ၊ မြန်နှုန်းနိမ့် ဝေဟင်ပစ်မှတ်များနှင့် မြေပြင်ရှိ ရန်သူ့ခြေလျင်ကြည်းတပ်များကို တိုက်ခိုက်ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားသည်။ ၎င်းသည် ၂၀၁၁ ခုနှစ်တွင် ရုရှားတပ်မတော်တွင် စတင်အသုံးပြုခဲ့ကြပါသည်။

Ka-52 တွင် ထူးခြားသောဒီဇိုင်းရှိပြီး Klimov VK-2500 turbo-shaft အင်ဂျင်နှစ်ခုမှ မြင်းကောင်ရေ 2,400 အားမောင်းနှင်နိုင်သော coaxial contra-rotating ပင်မရဟတ်နှစ်ခုကို မောင်းနှင်ပေးထားပါသည်။ အမြင့်ဆုံးအမြန်နှုန်း 300 km/h ဖြင့် ပျံသန်းနိုင်ပြီး အများဆုံးခရီးအကွာအဝေး ၁၁၀၀ ကီလိုမီတာ၊ အမြင့်ပေ ၅၅၀၀ မီတာထိ ပျံသန်းတိုက်ပွဲဝင်နိုင်သည်။ ရဟတ်ယာဉ်၏ ရှေ့ဘက်ရှိ ရဟတ်ယာဉ်မှူးခန်းတွင် လေယာဉ်မှူးနှစ်ဦးနေရာအား ဘေးချင်းယှဉ်ထားရှိပေးထားပါသည်။

ရဟတ်ယာဉ်၏ ဘေးဘက်တွင် 2A42 30 မီလီမီတာ စက်သေနတ်ကို NPPU-80 ဘယ်/ညာရွေ့ပြောင်း တပ်ဆင်နိုင်သောဆုံလည်ဖြင့် တပ်ဆင်အသုံးပြုထားပါသည်။ ရဟတ်ယာဉ်ကိုယ်ထည်၏ အရှေ့ဘက်ခြမ်းတွင် ဝေဟင်မှ မြေပြင်မှ S-8 ပဲ့ထိန်းမဲ့ဒုံးပျံများ၊ VIKHR တင့်ဖျက်ပဲ့ထိန်းဒုံးကျည်များ (ATGM) နှင့် အကွာအဝေး ၁၀ ကီလိုမီတာ ထိပစ်ခတ်နိုင်သော ATAKA လေဆာပဲ့ထိန်းဒုံးကျည်များကို တပ်ဆင်ထားပါသည်။

Ka-52 ရဟတ်ယာဉ်တွင် ဝေဟင်နှင့် မြေပြင်ပစ်မှတ်များအတွက် အင်တာနာနှစ်ခု ပါရှိသော Phazotron FH-01 Millimeter Wave Radar (MMW) ရေဒါစနစ်ပါရှိသည်။ တန်ပြန်အီလက်ထရောနစ်အစီအမံများကို active IR နှင့် အီလက်ထရွန်းနစ် Jammers များ၊ ရေဒါသတိပေးချက်စနစ် (RWR)၊ လေဆာသုံးရှာဖွေထောက်လှမ်းမှုစနစ်၊ IR စနစ်သုံး ဒုံးပျံချဉ်းကပ်လာမှုသတိပေးသည့် အာရုံခံကိရိယာနှင့် တောင်ပံထိပ်ဖျားရှိ UV-26 flare/chaff dispensers ထုတ်လွှင့် သည့်ကိရိယာများဖြင့် ရဟတ်ယာဉ်အား ကိုယ်ပိုင်ကာကွယ်ရေးအတွက် ထည့်သွင်းအသုံးပြုထားပါသည်။

Analysis: Discover Russian Ka-52 attack helicopter used to fight Ukrainian army အား ဘာသာပြန်ဆိုထားပါသည်။

သက်ထူးခန့်ပိုင်(ရေနံချောင်း)

Share.

About Author

Leave A Reply