Sukhoi S-70 Okhotnik အကြီးစားတိုက်ခိုက်ရေးဒရုန်းများကို ၂၀၂၃ ခုနှစ်တွင် စတင် ထုတ်လုပ်မည်

0

Sukhoi S-70 Okhotnik အကြီးစားတိုက်ခိုက်ရေးဒရုန်းများကို ၂၀၂၃ ခုနှစ်တွင် စတင်ထုတ်လုပ်မည်

ရုရှားသည် ၂၀၂၃ ခုနှစ်တွင် Okhotnik (Hunter) အကြီးစားတိုက်ခိုက်ရေးဒရုန်းကို ဆက်တိုက်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း Rostec အမှုဆောင်အရာရှိချုပ် ဆာဂေးချက်မက်ဇ်က မေလ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ Okhotnik တွင် ရေဒါများမှ မမြင်နိုင်စေရန် ပြားချပ်ချပ် နော်ဇယ်တွန်းစက် (flat nozzle thruster) ပါရှိသည်။

 Okhotnik (Hunter) အကြီးစားတိုက်ခိုက်ရေးဒရုန်းများ၏ အမှတ်စဉ် (စီးရီး) လိုက် ထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ်တွင် စတင်မည်ဟု နိုင်ငံပိုင်နည်းပညာကော်ပိုရေးရှင်း Rostec အကြီးအကဲ Sergey Chemezov က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။ “ရှေ့ပြေးပုံစံ၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ၂၀၂၁ ခုနှစ်မှာ လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်၊၂၀၂၃ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးဌာနကို နံပါတ်စဉ်လိုက် ထုတ်လုပ်ပြီး ပေးပို့သွားမှာပါ” ဟု Chemezov မှ ပြောကြားခဲ့သည်။

 ၎င်း၏ သီးခြားအင်္ဂါရပ်အနေဖြင့် Okhotnik တွင် ရေဒါများကို မမြင်နိုင်စေရန် ပြားချပ်သောနော်ဇယ်တွန်းစက် (flat nozzle thruster) တစ်ခုပါရှိသည်ဟု Rostec အကြီးအကဲက အလေးပေးပြောကြားခဲ့ပါသည်။ ထို့အပြင် ဒရုန်းအတွက် မြေပြင်ထိန်းချုပ်ရေးစခန်းအသစ်ကိုလည်း ဖန်တီးထားကြောင်း ၎င်းကဆိုသည်။

Sukhoi Design Bureau မှ ထုတ်လုပ်သော S-70 Okhotnik ဒရုန်းသည် ကိုယ်ပျောက်နည်းပညာပါဝင်ပြီး တောင်ပံဒီဇိုင်းသည် ၎င်း၏ ရေဒါအမှတ်အသားကို လျော့ပါးစေပါသည်။ ပွင့်လင်းသတင်းရင်းမြစ်များထံမှ အချက်အလက်များအရ ဒရုန်းသည် တန်ချိန် ၂၀ အလေးချိန် ရှိပြီး တစ်နာရီလျှင် ၁၀၀၀ ကီလိုမီတာအထိ အရှိန်မြှင့်ပျံ သန်းနိုင်သည်။

Okhotnik အကြီးစားတိုက်ခိုက်ရေးဒရုန်းသည် ၂၀၁၉ ခုနှစ်၊ဩဂုတ်လ ၃ ရက်နေ့တွင် ၎င်း၏ ပွဲဦးထွက်ပျံသန်းမှုကို လုပ်ဆောင်ခဲ့သည်။ အော်ပရေတာ၏ ထိန်းချုပ်မှုအောက်တွင် မိနစ် ၂၀ ကျော်ကြာ ပျံသန်းနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် Okhotnik သည် Su-57 ပဉ္စမမျိုးဆက်တိုက်လေယာဉ်ဖြင့် တွဲဘက်ပျံသန်းပြ ခဲ့ကြသည်။ ဒရုန်းသည် အမြင့်ပေ ၁၆၀၀ မီတာဝန်းကျင်တွင် အလိုအလျောက်ပျံသန်းသည့် နည်းလမ်းဖြင့် ဝေဟင်၌ ပျံသန်းခဲ့ပြီး မိနစ် ၃၀ ကျော်ကြာ ပျံသန်းနိုင်ခဲ့ပါသည်။

Rostec to start serial production of Sukhoi S-70 Okhotnik heavy attack drones in 2023 အား ဘာသာပြန်ဆိုထားပါသည်။

သက်ထူးခန့်ပိုင်

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply