‘ယူကရိန်းက ဒီစစ်ပွဲကို အောင်နိုင်မယ်’ ဟု နေတိုးက ပြောကြားလိုက်ခြင်း

0

‘ယူကရိန်းက ဒီစစ်ပွဲကို အောင်နိုင်မယ်’ ဟု နေတိုးက ပြောကြားလိုက်ခြင်း

မော်စကို၏ အစီအစဉ်များအတိုင်း မတိုးတက်ဘဲ ရုရှားတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ယူကရိန်းသည် အောင်ပွဲရနိုင်သည်ဟု နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

နေတိုးမဟာမိတ်အစုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောတွေ့ဆုံပွဲအပြီး သတင်းထောက်များအား ပြောကြားရာတွင် Stoltenberg က ဆွေးနွေးမှု၏ အဓိကအကြောင်းအရာများမှာ “ယူကရိန်းအတွက် ခိုင်မာသော အထောက်အပံ့၊ နေတိုး၏ ဟန့်တားမှုနှင့် ကာကွယ်ရေးကို ပိုမိုအားကောင်းလာစေရေးနှင့် စစ်ပွဲ၏ ရေရှည်အကျိုး သက်ရောက်မှုများ၊ ရုရှားနိုင်ငံအပေါ် မဟာမိတ်အဖွဲ့၏ အနာဂတ်ရပ်တည်ချက်လည်း ပါဝင်သည်ဟု ဆိုပါသည်။

“ရုရှားရဲ့ ယူကရိန်းစစ်ပွဲက မော်စကိုက စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ ကိယက်ဗ်ကို သိမ်းပိုက်ဖို့ ပျက်ကွက်ခဲ့တယ်။ ၎င်းတို့သည် ခါကိဗ်မြို့တစ်ဝိုက်မှ ပြန်လည်ဆုတ်ခွာနေရပြီး Donbass ရှိ ၎င်းတို့၏ အဓိကထိုးစစ်မှာ ရပ်တန့်သွားခဲ့သည်။ ရုရှားသည် ၎င်း၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များ မပြည့်မီကြောင်း Stoltenberg က ပြောကြားခဲ့ပါသည်။

ယူကရိန်းသည် ရုရှားသမ္မတဗလာဒီမာပူတင်၏ လိုလားချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ နေတိုးသည် ယခင်ကထက် ပိုမိုအားကောင်းလာကာ အမေရိကန်နှင့် ဥရောပတို့သည်လည်း စည်းလုံးညီညွတ်စွာ ရပ်တည်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ယူကရိန်းက ဒီစစ်ပွဲကို အောင်ပွဲဆင်နိုင်ပါတယ်။ ယူကရိန်းနိုင်ငံသား များဟာ ၎င်းတို့၏ဇာတိမြေကို ရဲရင့်စွာ ကာကွယ်နေကြပါတယ်” ဟု မဟာမိတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပြီး ၎င်း၏ မဟာမိတ်များမှ လက်နက်ထောက်ပံ့မှုနှင့် အခြားထောက်ပံ့မှုများသည် “စစ်မြေပြင်တွင် အမှန်တကယ် ကွဲပြားခြား နားမှုဖြစ်စေပါသည်” ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် နေတိုးအုပ်စုအနေဖြင့် ယူကရိန်းကို ဆက်လက်ထောက် ပံ့သင့်သည်ဟု Stoltenberg က စောဒက တက်ခဲ့သည်။ ဇွန်လတွင် Madrid တွင်ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးတွင် မဟာမိတ်များသည် မဟာမိတ်အဖွဲ့၏ ဟန့်တားမှုနှင့် ကာကွယ်ရေးကို အားဖြည့်ရန် ရည်ရွယ်ချက်များအပါအဝင် “အရေးကြီးသော ဆုံးဖြတ်ချက်များ” ချမှတ်ခြင်းကို မြင်တွေ့ရမည်တော့ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုအတောအတွင်း ရုရှားနိုင်ငံက ယူကရိန်းတွင် ၎င်း၏ ရည်မှန်းချက်များအားလုံးကို ဖြည့်ဆည်း လုပ်ဆောင်နေလျက် ရှိပြီး ၎င်း၏ ရည်ရွယ်ထားသည့် လမ်းကြောင်းကို နောက်ပြန်လှည့်မည်မဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ စနေနေ့က နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်မှုအတွင်း အမေရိကန်ရှိ ရုရှားသံအမတ်ကြီးက “တောင်းဆိုချက်များ မပြည့်မြောက်သရွေ့ အပစ်ခတ်ရပ်စဲသွားမည် မဟုတ်ကြောင်း” မည်သို့မျှကြားဖြတ်တားဆီးနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 “ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးဘူး၊ နောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ ယခုလ အစောပိုင်းတွင်၊ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ယူကရိန်းတွင် ရုရှား၏ “စစ်ရေးစစ်ဆင်ရေး” သည် “အစီအစဉ်အတိုင်း” ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

မော်စကိုသည် ယူကရိန်းကို လက်နက်များ ထောက်ပံ့ခြင်းမပြုရန် အနောက်နိုင်ငံများအား တစိုက်မတ်မတ် သတိပေးခဲ့ပြီး ပဋိပက္ခကိုရှည်ကြာစေပြီး ရေရှည်ပြဿနာများ ဖန်တီးနိုင်သည်ဟု အခိုင်အမာဆိုထားသည်။ ယူကရိန်းပိုင်နက်အတွင်း မည်သည့်နိုင်ငံခြားသား/ မည်သည့်လက်နက်မဆို တရားဝင်ပစ်မှတ်အဖြစ် သတ်မှတ်ခံရမည်ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ပထမဆုံးလက်မှတ်ရေးထိုးခဲ့သည့် Minsk သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ပြီးနောက် ရုရှားသည် ဖေဖော်ဝါရီနှောင်းပိုင်းတွင် အိမ်နီးချင်းနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ Donetsk နှင့် Lugansk တို့၏ Donbass သမ္မတနိုင်ငံများကို မော်စကိုက နောက်ဆုံးတွင် အသိအမှတ်ပြုခဲ့သည်။ ဂျာမန်နှင့် ပြင်သစ်-ပွဲစားလုပ်ထုံးလုပ်နည်းများသည် ယူကရိန်းနိုင်ငံအတွင်းရှိ ခွဲထွက်ဒေသများကို အထူး အဆင့်အတန်းပေးနိုင်ရန် ဦးတည်နေလျက်ရှိသည်။

ယူကရိန်းသည် အမေရိကန်ဦးဆောင်သော နေတိုးစစ်ဘက်အဖွဲ့တွင် ဘယ်တော့မှ ပါဝင်မည်မဟုတ်သည့် ကြားနေနိုင်ငံအဖြစ် တရားဝင်ကြေညာရန် ကရင်မလင်က တောင်းဆိုခဲ့သည်။ ရုရှား၏ ထိုးစစ်သည် လုံးဝအငြိုးအတေးမရှိခဲ့ကြောင်း ကိယက်ဗ်က အခိုင်အမာပြောဆိုထားပြီး ရီပတ်ဗလစ်ကန်နှစ်ခုကို အင်အားသုံး၍ ပြန်လည်သိမ်းပိုက်ရန် စီစဉ်နေသည်ဆိုသည့်အချက်ကို ငြင်းဆိုထားသည်။

‘Ukraine can win this war,’ NATO says အား ဘာသာပြန်ဆိုထားပါသည်။

သက်ထူးခန့်ပိုင်

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply