အမေရိကန်သည် ရုရှားနိုင်ငံအပေါ် ရန်လိုသည့်နိုင်ငံဖြစ်လာကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ရုရှားကို ဆန့်ကျင်ရေးစစ်ပွဲများ ဆင်နွှဲနေသော အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများသည် ရန်လိုသည့် နိုင်ငံများ ဖြစ်လာနေပါသည်ဟု ရုရှားသမ္မတပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြား လိုက်ပါသည်။ ရုရှားနိုင်ငံ Znanie (အသိပညာ) လူ့အဖွဲ့အစည်းက စီစဉ်တဲ့ New Horizons ပညာရေးမာရသွန်ညီလာခံတွင် ပြောကြားခဲ့ခြင်းလည်းဖြစ်ပါသည်။
“သူတို့ကို ဖော်ရွေမှုမရှိတဲ့နိုင်ငံတွေအဖြစ် သိမ်သိမ်မွေ့မွေ့ ရည်ညွှန်းနေတာတော့ မှန်ပါတယ်၊ ဒါပေမယ့် သူတို့က ရန်လိုတဲ့နိုင်ငံတွေလို့ ပြောသင့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်နေတာတွေက စစ်ဖြစ် နေလို့ပါ” ဟု Dmitry Peskov က ပြောသည်။
“ပေါင်းစပ်စစ်ပွဲဆိုတာ အခု ကျွန်တော်တို့ ဖြစ်ပျက်နေတာ၊ ကြုံတွေ့နေရတဲ့အရာတွေပါ” ဟု ၎င်းက ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံ လက်နက်ကိုင်အမျိုးသားရေးဝါဒီတွေကို သတင်းအချက်အလက်များ ထောက်ပေးပေးလျက် ဘာလုပ်ရမည် အစရှိသဖြင့် ပြောပြအကြံပေးနေတဲ့ အမေရိကန်နဲ့ဗြိတိန် အကြံပေးပုဂ္ဂိုလ်တွေကို ကန့်သတ်ချုပ်နှောင် ထားလို့မရပါဘူး။ ဒါဟာ သံတမန်ရေးနဲ့ နိုင်ငံရေးစစ်ပွဲပါ။ ကမ္ဘာ့လူ့အဖွဲ့အစည်းကနေ ရုရှားတွေကို ခွဲထုတ်ဖို့ ကြိုးစားနေတာတွေရှိတယ်။ ဒါကတော့ စီးပွားရေးစစ်ပွဲပါ” ဟု Peskov က ပေါင်းစပ်စစ်ပွဲ (Hybrid War) ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဤနောက်ခံပိုင်ဆိုင်မှု အခွင့်အရေးများကို ဆန့်ကျင်ပြီး အထွတ်အမြတ်ထားခြင်းကို ရပ်တန့်လိုက်ကြကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ “ သိမ်းပိုက်ခံထားရသော (ဆိုလိုသည်မှာ ဘဏ်များမှ ထုတ်ယူခွင့် မရှိတော့သော)၊ ပိတ်ဆို့ခံထားရသော ကျွန်ုပ်တို့၏ နိုင်ငံပိုင်ငွေများကို ယူဆောင်သွားကြပါတယ်။ တစ်နည်းဆိုရသော် အနောက်နိုင်ငံများတွင် လုပ်ဆောင်နေလျက်ရှိသော ဘဏ်အကောင့်များရှိ ကျွန်ုပ်တို့၏ ဒေါ်လာနှင့် ယူရိုငွေဖြင့် ခွဲဝေထားသော ပိုင်ဆိုင်မှုများကို ရပ်တန့်ထားလိုက်ရပါတယ်။ အမှန်တော့ ခိုးယူခံရပြီး ခိုးဖို့ကြိုးစားနေတာပါ။ ဒါပေမယ့် သူတို့အတွက် ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ” ဟု Peskov ကဆိုကာ ယခုကဲ့သို့ ရန်ငြိုးဖွဲ့ရမယ်ရှာ လုပ်ဆောင်ခြင်းမျိုး အများကြီး ရှိသေးသည်ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။
US has become state hostile to Russia, says Kremlin အား ဘာသာပြန်ဆိုထားပါသည်။
သက်ထူးခန့်ပိုင်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့