အရှေ့တောင်အာရှတွင် လက်နက်အပြိုင်အဆိုင်တပ်ဆင်မှု စတင်နေပြီလား
တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းဆိုင်ရာ ပြဿနာများကြောင့် တရုတ်နှင့် နှစ်ပေါင်းများစွာ ထိပ်တိုက် ရင်ဆိုင်နေရသော ဖိလစ်ပိုင်သည် တောင်ကိုရီးယား ဟွန်ဒေး အကြီးစား စက်မှုလုပ်ငန်းနှင့် အမေရိကန် ဒေါ်လာ တစ်ဘီလီလျံခန့် တန်ဖိုးရှိ စစ်ရေယာဉ် လေးစီးအား ဝယ်ယူရန် စာချုပ် ချုပ်ဆိုထားပါသည်။ ထပ်မံပြီးလည်း အိန္ဒိယထံမှ အမေရိကန်ဒေါ်လာ ၃၇၅ သန်း တန်ဖိုးရှိ ဘရားမိုစ် ဒုံးကျည်များကို ဝယ်ယူရန် ကြေငြာသော သတင်းများမှာ လူအများအတွက် အလေးပေး ဆွေးနွေးစရာ ဖြစ်ပါသည်။
တရုတ်၏ နယ်မြေချဲ့ထွင်မှုကို မျက်ခြေမပြတ် စောင့်ကြည့်နေသော အင်ဒိုနီးရှားသည်လည်း ၎င်း၏ ရေတပ်ကို အဆင့်မြှင့်တင်လျှက်ရှိရာ မကြားသေးမီ နှစ်ပိုင်းအတွင်း ရေငုပ်သင်္ဘော သုံးစီးနှင့် စစ်ရေယာဉ် အများအပြားကို ဝယ်ယူခဲ့ပါသည်။ ပထဝီ မဟာဗျူဟာအမြင်ဖြင့် ရှုမြင်မည်ဆိုပါက အရှေ့တောင်အာရှ နိုင်ငံများအကြား လက်နက်များဝယ်ယူ အဆင့်မြှင့်တင်နေခြင်းသည် တရုတ်၏ ရန်လိုသော အပြုအမူများ တိုးပွား များပြားလာခြင်းကို ထိန်းထားရန် သက်သေများဟု အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။ သိုသော် ကာကွယ်ရေး အသုံးစရိတ်ဆိုင်ရာ အချက်အလက်များကို စေ့ငုစွာ လေ့လာကြည့်မည် ဆိုလျှင် အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တိကျမှု မရှိကြောင်း တွေ့နိုင်သည်။
ဖိလစ်ပိုင်၏ ၂၀၂၂ ခုနှစ် ဘတ်ဂျက်ခွဲဝေမှုအရ ကာကွယ်ရေး အသုံးစရိတ်မှာ အနည်းငယ်မျှသာဖြစ်သော ပီဆို ၂၂၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄.၃ ဘီလီယံ) သိုမဟုတ် အစိုးရ ဘတ်ဂျက်စုစုပေါင်း၏ ၄.၄ ရာခိုင်နှုန်းသာ ဖြစ်သည်။ ၂၀၁၅ ခုနှစ်ကာလမှ စတင်လေ့လာမည်ဆိုက ကာကွယ်ရေး အသုံးစရိတ်သည် ရာခိုင်နှုန်းအားဖြင့် နှစ်စဉ်တိုးမြှင့်လျက်ရှိရာ အမြင့်ဆုံးဖြစ်သော ၂၀၁၉ ခုနှစ်တွင် ၇.၄ ရာခိုင်နှုန်းအထိ ရောက်ရှိသွားသည်။ တစ်စိတ်တစ်ဒေသအားဖြင့် ကိုဗစ် – ၁၉ ကပ်ရောဂါအတွက် တမူထူးခြားစွာ အသုံးပြုရချိန်တွင် အစိုးရအနေဖြင့် ထိုအတွက် အသုံးစရိတ်များ တိုးမြှင့်ခြင်း၊ ကာကွယ်ရေးအသုံးစရိတ်အား အခြား စီးပွားရေး ကျဆင်းမှုကုစားရေးနှင့် ကျန်းမားရေးစောင့်ရှောက်မှုစနစ်များထံသို ရွှေ့ပြောင်း အသုံးပြုခြင်းတိုကြောင်း နောက်ပိုင်းနှစ်များတွင် ကာကွယ်ရေးအသုံးစရိတ်မှာ ကျဆင်းသွားပါသည်။
သိုပင်လင့်ကစား ၂၀၂၂ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်သည် ကပ်ရောဂါမတိုင်မီ ၂၀၁၈ က အသုံးစရိတ် ဖြစ်သော ပီဆို ၂၃၉ ဘီလီယံအောက် လျော့နည်းပါသည်။ သိုသော်ငွေလုံးငွေရင်း အသုံးစရိတ်မှာ ၂၀၁၈ ခုနှစ်က ပီဆို ၂၄.၃ ဘီလီယံသာရှိရာက ၂၀၂၂ ခုနှစ်တွင် ပီဆို ၃၉ ဘီလီယံ ရှိလာသည်။ ဤသည်မှာ ဘရားမိုစ် ဒုံးကျည်များနှင့် စစ်ရေယာဉ်များ ဝယ်ယူမှုများအပါအဝင် ပစ်မှတ်ထားသည့် အခြားစစ်ဘက်ဝယ်ယူမှုများကြောင့် မလိုအပ်ပဲ အသုံးစရိတ်မြင့်တက်လာမှုကို ပုံဖော်နေခြင်း ဖြစ်သည်။
အင်ဒိုနီးရှား၏ ကာကွယ်ရေး အသုံးစရိတ်မှာ ပိုမိုလျှင်မြန်စွာ တိုးတက်လျက်ရှိပါသည်။ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၁၁ ခုနှစ်တွင် ၅.၈ ရာခိုင်နှုန်း ရှိရာက ၂၀၁၇ ခုနှစ်အရောက်တွင် ၉.၃ ရာခိုင်နှုန်းအထိ တိုးတက်လာပါသည်။ ဖိလစ်ပိုင်ကဲသိုပင် ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့် စီးပွားရေးကျဆင်းမှု ကုစားနိုင်ရန်အတွက် အသုံးစရိတ်များ ခွဲဝေပေးလိုက်ရသော်လည်း ဤသည်မှာ ယာယီသာ ဖြစ်ပါသည်။
အင်ဒိုနီးရှား၏ ကာကွယ်ရေး အသုံးစရိတ်မှာ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များတွင် ပြန်လည် တိုးတက်လာရာ တစ်နှစ်လျှင် အကြမ်းဖျင်းအားဖြင့် အစိုးရ အသုံးစရိတ်ပေါင်း၏ ၇ ရာခိုင်နှုန်း ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုနှစ်နှစ်အတွက် စုစုပေါင်း ရူပြား ၂၇၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၈ ဘီလီယံ) ခွဲဝေ ပေးခြင်း ခံရသည်။ ရုတ်တရက် တိုးတက်များပြားလာသည့် လူသုံးကုန်ပစ္စည်း တင်ပိုရောင်းချခြင်းများအပါအဝင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကုန်သွယ်လိုငွေပြမှုကို ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအတွက်ကြောင့်ပင် ဤကာလအတွင်းတွင်တော့ မြင့်တက်လာသော ကာကွယ်ရေးအသုံးစရိတ်ကြောင့် နိုင်ငံအား ထိခိုက်မည် မဟုတ်ပေ။
စင်ကာပူနှင့် ထိုင်းတိုကဲ့သိုသော တရုတ်နှင့် တိုက်ရိုက် ထိတွေ့ ရင်ဆိုင်နေရမှု နည်းပါးသည့် နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် သုံးစွဲပုံမှာ တူညီခြင်း မရှိပေ။ ကိုဗစ် – ၁၉ မတိုင်မီ ၂၀၂၀ ပြည့်နှစ်အတွက် စင်ကာပူ၏ ကာကွယ်ရေးအသုံးစရိတ်မှာ ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းသာဖြစ်ပြီး နှစ်စဉ်လည်း လျော့ကျ လျက်ရှိသည်။ တရုတ်ထံမှ ရေငုပ်သင်္ဘောဝယ်ယူရေးကိစ္စနှင့် ရှုပ်ထွေးနေသော ထိုင်း၏ ကာကွယ်ရေးအသုံးစရိတ်မှာလည်း တစ်နည်းနည်းဖြင့် မြင့်တက်လာဖွယ် မရှိဟု ဆိုနိုင်သည်။ ထိုင်း၏ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၁၆ ခုနှစ်တွင် ဂျီဒီပီ၏ ၇.၂ ရာခိုင်နှုန်းရှိရာက ၂၀၂၁ ခုနှစ်တွင် ၅.၉ ရာခိုင်နှုန်းသို လျော့ကျသွားသည်။ ကာကွယ်ရေးပစ္စည်းဝယ်ယူမှုအတွက် ငွေလုံးငွေရင်း အသုံးစရိတ်မှာလည်း ယခင်နှင့် ကွဲပြားခြားနားခြင်း မရှိပေ။
Stockholm International Peace Research Institute (SIPRI) ထံမှ အချက်အလက်များအရ ဗီယက်နမ်သည် အရှေ့တောင်အာရှဒေသတွင် ကာကွယ်ရေးအသုံးစရိတ် အများဆုံးသုံးစွဲသော နိုင်ငံများတွင် အပါအဝင်ဖြစ်သည်။ ၂၀၀၃ ခုနှစ် ၂၀၁၈ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်သည် ရာခိုင်နှုန်း ၇၀၀ အထိ တိုးတက်လာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၄၁ မီလီယံ သုံးစွဲခဲ့သော်လည်း ၂၀၁၈ ခုနှစ်အရောက်တွင် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ ဖြစ်လာသည်။ ဤသည်မှာ အစိုးရ အသုံးစရိတ်၏ ၈.၁ ရာခိုင်နှုန်းဖြစ်ပြီး ဂျီဒီပီ၏ ၂.၃ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်များ အတွင်း ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် တစ်ဆယ့်နှစ်နိုင်ငံမြောက် လက်နက်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယ၊ သြစတြေးလျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တောင်ကိုရီးယားတိုနှင့်အတူ ဗီယက်နမ်သည် အာရှ – ပစိဖိတ်ဒေသ၏ လက်နက်တင်သွင်းမှု ထိပ်တန်း ၅ နိုင်ငံတွင် အပါအဝင် ဖြစ်သည်။ The International Institute for Strategic Studies (IISS) ၏ အချက်အလက်များအရ ၂၀၁၈ – ၂၀၂၀ ကာလအတွင်း ဗီယက်နမ် ကာကွယ်ရေးအသုံးစရိတ်သည် ၈.၇၈ ရာခိုင်နှုန်း နှစ်စဉ် ပုံမှန်တိုးတက်လျက်ရှိသည်။ ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် နိုင်ငံ့ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် ရိုက်ခတ်ခံခဲ့ရသော်လည်း ကာကွယ်ရေးအသုံးစရိတ်မှာ ၈ ရာခိုင်နှုန်းဖြင့် ပုံမှန် ထိန်းထားလျက်ရှိသည်။ ဗီယက်နမ်အနေဖြင့် အဓိက ဦးစားပေးမှာ တောင်တရုတ်ပင်လယ်အပါအဝင် ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် ဆက်စပ်နေသော ကိစ္စရပ်များ ဖြစ်သည်။
မလေးရှားသည် ၂၀၂၂ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ရင်းဂစ် ၁၆.၁၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ) တင်ပြတောင်းခံထားသည်။ ၂၀၂၁ ခုနှစ်ကာကွယ်ရေးအသုံးစရိတ် ရင်းဂစ် ၁၅.၈၆ ဘီလီယံထက် ၁.၈ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ အစိုးရအသုံးစရိတ်၏ ၅ ရာခိုင်နှုန်းဖြစ်ပြီး ၎င်းတွင် စစ်ဆင်ရေးအသုံးစရိတ် ရင်းဂစ် ၁၁.၁၀ ဘီလီယံနှင့် ဖွံဖြိုးမှုအသုံးစရိတ် ရင်းဂစ် ၅.၀၄ ဘီလီယံတို ပါဝင်သည်။ ဤသည်မှာ ယခင်နှစ်ကထက် စစ်ဆင်ရေးအသုံးစရိတ် ၂ ရာခိုင်နှုန်း လျော့ကျပြီး ဖွံဖြိုးမှုအသုံးစရိတ် ၁၂ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။
အထက်ပါ အကြောင်းခြင်းရာများကို သုံးသပ်ကြည့်မည်ဆိုပါက တရုတ်ကဲ့သိုသော နိုင်ငံ၏ ခြိမ်းခြောက်မှုကို စိုးရိမ်သည့်အတွက် အရှေ့တောင်အာရှဒေသတွင်း လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုကို ပုံဖော်နေသည်လားဆိုသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။ အမှန်တကယ်တော့ မဟုတ်ပါ။ ဖိလစ်ပိုင်တပ်မတော်သည် နှစ်ပေါင်းများစွာတိုင်အောင် ကာကွယ်ရေး အသုံးစရိတ် လုံလောက်စွာ မရရှိခဲ့ပါ။ သက်တမ်းရင့် ရေငုပ်သင်္ဘော စစ်ရေယာဉ် KRI Nanggala သည် ဘာလီကမ်းလွန်တွင် နစ်မြှုပ်ခဲ့သည် ဖြစ်ရာ တရုတ်၏ ရန်လိုမှု ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အင်ဒိုနီးရှားအနေဖြင့် ၎င်း၏ ရေငုပ်သင်္ဘော စစ်ရေယာဉ်စုကို အဆင့်မြှင့်တင်ရန် လိုအပ်လျက် ရှိပါသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကဲ့သိုသော နိုင်ငံများအတွက် လက်ရှိအခြေအနေတွင် သက်ဆိုင်ရာနိုင်ငံအလိုက် တပ်မတော်များကို အဆင့်မြှင့်တင်ရာတွင် အကြောင်းအရာ အချက်အလက်များစွာ ပေါင်းဆုံပြီး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
လက်နက်၊ ခဲယမ်းနှင့် ယာဉ်ယန္တရားများ အဆင့်မြှင့်တင်ခြင်းအတွက် ငွေလုံးငွေရင်းများ အသုံးပြုခြင်းအပါအဝင် ကာကွယ်ရေးအသုံးစရိတ်မြှင့်တက်လာရခြင်းသည် မျှော်လင့်ထားသကဲ့သိုပင် ဖြစ်လာပါသည်။ သိုသော် သိသာထင်ရှားသော အပြောင်းအလဲကြီးဖြစ်မည်တော့ မဟုတ်ပေ။ နောင်လာမည့်နှစ်တွင်လည်း ထိုပုံစံအတိုင်းပင် ဖြစ်လာမည်လားဆိုသည်ကတော့ စောင့်ကြည့်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရများသည် ကိုဗစ် – ၁၉ ကပ်ရောဂါ ကာကွယ် ကုသမှုအသုံးစရိတ်များကို စတင်ထိန်းချုပ်လာနိုင်သည့် အခြေအနေသို ရောက်ရှိလာပြီ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍သာ ပိုမိုကျယ်ပြန့်သော ဘဏ္ဍာရေးဆိုင်ရာ သင့်တင့်မျှတသည့် ဆုံးဖြတ်ချက်များအကြားတွင် ကာကွယ်ရေးအသုံးစရိတ်များအား ဆက်လက် တိုးမြှင့်ခွဲဝေပေးနိုင်သည် ဆိုပါက တည်ရှိပြီး ဦးစားပေး အခြင်းအရာများနှင့် ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဆုံးဖြတ်ချက်များအား မည်သည်က တွန်းအားပေးနေသည်ကို ရှင်းပြနိုင်မည် ဖြစ်ပါသည်။
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ
(ကမ္ဘာ့ရေးရာ အမှတ် (၁၃) ဧပြီ ၂၀၂၂ တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)
ရင်းမြစ်။
(၁) Is there an Arms Race underway in South East Asia, The Diplomat
(၂) Vietnam Defense and Security Sector, The International Trade Administration, U.S
(၃) Malaysia proposes USD3.9 billion defence budget for 2022, Janes