၂၀၁၇ ခုႏွစ္ ေနာက္ပိုင္းတြင္ ဒံုးပ်ံ အေဝးဆံုး ပစ္ခတ္စမ္းသပ္ခဲ့သည့္ ေျမာက္ကိုရီးယား

0

၂၀၁၇ ခုႏွစ္ ေနာက္ပိုင္းတြင္ ဒံုးပ်ံ အေဝးဆံုး ပစ္ခတ္စမ္းသပ္ခဲ့သည့္ ေျမာက္ကိုရီးယား

ေဒါက္တာႏိုင္ေဆြဦး

(ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႔)

ေျမာက္ကိုရီးယားသည္ ဇန္နဝါရီ ၃၀ ရက္ (တနဂၤေႏြေန႔) က ဒံုးပ်ံစမ္းသပ္ပစ္ခတ္ခဲ့ရာ အေမရိကန္တြင္ သမၼတ ဂ်ိဳးဘိုင္ဒင္ တာဝန္ယူၿပီးေနာက္ အစြမ္းထက္ဆံုး ဒံုးပ်ံ စမ္းသပ္မႈ တစ္ခု ျဖစ္သည္။ ဤသည္မွာ သံခင္းတမန္ခင္းတြင္ ကာလရွည္ မလူးသာမလြန္႔သာ ျဖစ္ေပၚေနသည့္အၾကား ဝါရွင္တန္ႏွင့္ ေျမာက္ကိုရီးယား၏ အိမ္နီးခ်င္းမ်ားထံ အႏၱရာယ္ခံတြင္းသို႔မွ တိုးဝင္သည့္ နည္းလမ္းေဟာင္းမွသည္ မရမက ေျဖေလ်ာ့ လိုက္ေလ်ာေပးမႈကို ျပန္လည္ အသက္သြင္းရန္ လုပ္ေဆာင္ျခင္းလည္း ျဖစ္သည္။

ဂ်ပန္ႏွင့္ ေတာင္ကိုရီးယား စစ္ဘက္ေျပာခြင့္ရပုဂၢိဳလ္မ်ားက ၎ဒံုးပ်ံစမ္းသပ္မႈသည္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ေလပိုင္နက္အား ေရွာင္ရွားႏိုင္ရန္အတြက္ က်ည္လမ္းေၾကာင္းအျမင့္ျဖင့္ ပစ္ခတ္စမ္းသပ္ျခင္း ျဖစ္ေၾကာင္း ေျပာသည္။ စမ္းသပ္မႈတြင္ ဒံုးပ်ံသည္ အျမင့္ ကီလိုမီတာ ၂၀၀၀ (၁၂၄၂ မိုင္) အထိ အျမင့္ဆုံးသို႔ ေရာက္ရွိၿပီး ပင္လယ္တြင္း မက်ေရာက္မီ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင္) အကြာအေဝးသို႔ ေရာက္ရွိခဲ့သည္။

ပစ္ခတ္မႈ အေသးစိတ္အခ်က္အလက္မ်ားအရ ၂၀၁၇ ခုႏွစ္ ေနာက္ တာအေဝးဆံုး ပဲ့ထိန္းဒံုးပ်ံ စမ္းသပ္မႈျဖစ္သည္။ ထိုစဥ္က ဂ်ပန္ႏိုင္ငံအေပၚ ျဖတ္ေက်ာ္၍ တာလတ္ပစ္ ဒံုးပ်ံ ႏွစ္ႀကိမ္းစမ္းသပ္ ပစ္ခတ္ခဲ့သည့္အျပင္ အေမရိကန္ ျပည္မႀကီးအထိ ေရာက္ရွိႏိုင္သည့္ တိုက္ခ်င္းပစ္ဒံုးပ်ံ (၃) စင္းအားလည္း သီးျခားစီ သ႐ုပ္ျပ စမ္းသပ္ခဲ့ေသးသည္။

တနဂၤေႏြေန႔က စမ္းသပ္မႈသည္ ဇန္နဝါရီလအတြင္း သတၱမအႀကိမ္ေျမာက္ ပစ္ခတ္စမ္းသပ္ျခင္း ျဖစ္သည္။ ထိုျဖစ္ေလ့ျဖစ္ထမရွိေသာ ခပ္သြက္သြက္ စမ္းသပ္မႈမ်ားသည္ COVID – 19 ကပ္ေရာဂါႏွင့္ ဆက္စပ္သည့္ အခက္အခဲမ်ားက ဆယ္စုႏွစ္မ်ားစြာ စီမံခန္႔ခြဲမႈအလြဲမ်ားေၾကာင့္ စီးပြားေရး က်ဆင္းမႈအား ပိုမိုဆိုးရြားေစျခင္းႏွင့္ အေမရိကန္ဦးေဆာင္ေသာ ပိတ္ဆို႔အေရးယူမႈမ်ားေၾကာင့္ ထိခိုက္ျခင္းအား ပိုမိုဆိုးရြားေစျခင္းေၾကာင့္ ကာလၾကာျမင့္စြာ အခ်ိန္ဆြဲ ရပ္တန္႔ထားရသည့္ ႏ်ဴးကလီးယားေဆြးေႏြးပြဲမ်ားအား ျပန္လည္ စတင္ႏိုင္ရန္ ဘိုင္ဒင္အစိုးရအား ဖိအားေပးလုိသည္ကို ရည္ညႊန္းပါသည္။

စိုးရိမ္ဖြယ္ေကာင္းသည္မွာ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္သည္ သူႏွင့္ သူ႔ႏုိင္ငံ ရပ္တည္ေရးအတြက္ အခိုင္မာဆံုးအာမခံခ်က္ျဖစ္ေသာ ႏ်ဴးကလီးယားလက္နက္ႏွင့္ ဒံုးပ်ံမ်ားကို စြန္႔လႊတ္လိုစိတ္ မရွိေၾကာင္း ေတြ႔ရပါသည္။ သုေတသီမ်ားက ေခါင္းေဆာင္ကင္မ္၏ ယခု လုပ္ေဆာင္ခ်က္သည္ အေမရိကန္အစိုးရအေနျဖင့္ ေျမာက္ကိုရီးယားအား ႏ်ဴးကလီးယားပိုင္ ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳရန္ႏွင့္ ယခင္ အေထာက္အပံ့အတြက္ ႏ်ဴးကလီးယားလက္နက္ ဖ်က္သိမ္းေရး သံတမန္ခင္း (Nuclear Disarmament-for-Aid Diplomacy) အား အျပန္အလွန္ လက္နက္ေလွ်ာ့ခ်ေရး (Mutual Reduction) အျဖစ္ေျပာင္းလဲရန္ ဖိအားေပးလိုသည့္ ရည္ရြယ္ခ်က္ ျဖစ္သည္ဟု သုံုးသပ္ၾကသည္။

ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းက အမ်ိဳးသားလံုၿခံဳေရးေကာင္စီ အေရးေပၚအစည္းအေဝးကို ေခၚယူၿပီး ေျမာက္ကိုရီးယား၏ တာလတ္ပဲ့ထိန္းဒံုး စမ္းသပ္မႈသည္ ၂၀၁၈ က ေျမာက္ကိုရီးယား ကိုယ္တိုင္ အဆိုျပဳထားသည့္ ႏ်ဴကလီယားႏွင့္ တာေဝးပစ္ဒံုးမ်ား စမ္းသပ္ျခင္းဆိုင္ရာ ယာယီဆိုင္းငံ့ထားျခင္းအား ခ်ိဳးေဖာက္လုဆဲအေျခအေနဟု မွတ္ခ်က္ျပဳသည္။

ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ကီရွီႏိုဘူက သတင္းစာဆရာမ်ားအား ယခုစမ္းသပ္မႈသည္ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာက ဟြာေဆာင္း – ၁၅ ဒံုးပ်ံစမ္းသပ္မႈေနာက္ပိုင္း တာအေဝးဆံုး စမ္းသပ္ပစ္ခတ္မႈျဖစ္ေၾကာင္းလည္း ေျပာပါသည္။

ကင္မ္က ဥကၠဌအျဖစ္ ေဆာင္ရြက္ေနသည့္ ကိုရီယားအလုပ္သမားပါတီ (The Workers’ Party of Korea – WPK) ၏ အစည္းအေဝးအား ဇန္နဝါရီ ၂၀ က ျပဳလုပ္ရာ ဝါရင့္ပါတီေခါင္းေဆာင္မ်ားက အေမရိကန္၏ ရန္လုိမႈနွင့္ ၿခိမ္းေျခာက္မႈမ်ားအား သတိမူမိသည္ကို ရည္ညႊန္းလွ်က္ အထက္ပါ ယာယီဆိုင္းငံ့ထားျခင္းကို ႐ုတ္သိမ္းရန္ ကင္မ္အား လွ်ဳိ႕ဝွက္ၿခိမ္းေျခာက္မႈ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ေနာက္ဆံုးစမ္းသပ္ပစ္ခတ္မႈသည္ ကင္မ္၏ ယာယီဆိုင္းငံ့ထားျခင္းအား ခ်ဳိးေဖာက္လိုက္ၿပီ ျဖစ္ေၾကာင္း ေတာင္ကိုရီးယား သိပၸံႏွင့္ နည္းပညာ မူဝါဒ အင္စတီက်ဴမွ ဒံုးပ်ံကၽြမ္းက်င္သူႏွင့္ ဂုဏ္ထူးေဆာင္ သုေတသန ပညာရွင္ လီခၽြန္ဂြမ္က သုံးသပ္ပါသည္။

ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းက ေျမာက္ကိုရီယားႏွင့္ ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာအတြင္း အျပင္းထန္ဆံုး မွတ္ခ်က္ျပဳရာ၌ ၂၀၁၇ ခုႏွစ္ ဝန္းက်င္က ကိုရီယားယား ကၽြန္းဆြယ္အေျခအေနႏွင့္ တူညီလာေနၿပီ ျဖစ္ေၾကာင္း ေျပာသည္။ ထိုစဥ္က ေျမာက္ကိုရီယားသည္ တမင္ရန္စသည့္အေနျဖင့္ ႏ်ဴကလီးယားႏွင့္ တာေဝးပစ္ဒုံးပ်ံမ်ား စမ္းသပ္ခဲ့ရာ အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္ႏွင့္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္တို႔္အၾကား စစ္ေရးအရ အျပန္အလွန္ၿခိမ္းေျခာက္မႈမ်ား ျဖစ္ေပၚလာေစခဲ့သည္။

သမၼတမြန္က ေျမာက္ကိုရီးယား၏ ယခုေနာက္ဆံုးလုပ္ေဆာင္ခ်က္မ်ားသည္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ၏ ဆံုးျဖတ္ခ်က္မ်ားကို ၿခိဳးေဖာက္ျခင္း ျဖစ္ၿပီး ႏိုင္ငံတကာ အသိုက္အဝန္း၏ ကိုးရီးယားကၽြန္းဆြယ္တြင္ ႏ်ဴကလီးယား ကင္းမဲ့ေရး၊ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းေရးႏွင့္ သံတမန္ေရးရာ အေျဖရွာရန္ ႀကိဳးပမ္းမႈမ်ားအား စိန္ေခၚမႈျဖစ္ေၾကာင္း ေျပာၾကားပါသည္။

ေျမာက္ကိုရီးယားအေနျဖင့္ တင္းမာမႈမ်ားႏွင့္ ဖိအားမ်ား ျဖစ္ေပၚေစသည့္ ၎၏ လုပ္ေဆာင္မႈမ်ားကို ရပ္တန္႔သင့္ေၾကာင္းႏွင့္ ေတာင္ကိုရီးယားႏွင့္ အေမရိကန္ ျပည္ေထာင္စုအပါအဝင္ ႏိုင္ငံတကာ အသိုက္အဝန္းက ေတြ႔ဆံုေဆြးေႏြးရန္ ကမ္းလွမ္းမႈမ်ားကို တံု႔ျပန္သင့္ေၾကာင္း သူက ဆက္လက္ေျပာၾကားပါသည္။

၂၀၁၉ ခုႏွစ္က ထရမ့္ႏွင့္ ကင္မ္တို႔ ဒုတိယအႀကိမ္ေဆြးေႏြးပြဲ ေအာင္ျမင္မႈမရရွိပဲ ေျမာက္ကိုရီးယား လမ္းေခ်ာ္သြားျခင္းအေပၚ ျပန္လည္တည့္မတ္ရန္ သမၼတမြန္က ကမ္းလွမ္း ႀကိဳးပမ္းလ်က္ရွိသည္။ ထိုစဥ္က အေမရိကန္တို႔သည္ ေျမာက္ကိုရီးယား၏ လိုလားခ်က္ျဖစ္သည့္ ၎၏ ႏ်ဴကလီးယားလက္နက္ ပစ္ခတ္ႏုိင္မႈ စြမ္းရည္ တစိတ္တပိုင္းအား စြန္႔လႊတ္မည္ ျဖစ္ၿပီး အျပန္အလွန္အားျဖင့္ အေရးပါေသာ ပိတ္ဆို႔အေရးယူမႈမ်ားကို ေျဖေလ်ာ့ေပးရန္ဟူေသာအခ်က္ကို ျငင္းပယ္ခဲ့သည္။

အေမရိကန္ အင္ဒို – ပစိဖိတ္ ကြပ္ကဲမႈဌာနခ်ဳပ္က ေျမာက္ကိုရီးယား၏ စမ္းသပ္မႈျဖစ္စဥ္အား အေမရိကန္အေနျဖင့္ ႐ႈံ႕ခ်ေၾကာင္းႏွင့္ တည္ၿငိမ္မႈ ပ်က္ျပားေစမည့္ အျပဳအမူမ်ားကို ဆက္လက္ မျပဳလုပ္ရန္ ေျမာက္ကိုရီးယားအစိုးရထံ ေတာင္းဆိုထားသည္။ ေနာက္ဆံုး စမ္းသပ္မႈသည္ အေမရိကန္လူမ်ိဳးမ်ားႏွင့္ စစ္သည္မ်ား၊ ပိုင္နက္ နယ္ေျမ သို႔မဟုတ္ မဟာမိတ္မ်ားအား ခ်က္ခ်င္းလက္ငင္း ၿခိမ္းေျခာက္မႈ မရွိေၾကာင္းလည္း ဆိုသည္။

အိမ္ျဖဴေတာ္ တာဝန္ရွိပုဂၢိဳလ္မ်ားကေတာ့ ယခုေနာက္ဆံုး ဒံုးပ်ံစမ္းသပ္မႈသည္ လေပါင္းမ်ားစြာအတြင္း တစတစ ျမင့္တက္လာေနေသာ ရန္လိုသည့္ လုပ္ေဆာင္မႈမ်ား၏ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ၎တို႔အေနျဖင့္ အေလးထား စိုးရိမ္ ပူပန္မႈမ်ား ျမင့္မားလာသည္ဟု ဆိုပါသည္။

ေဒသတြင္း မဟာမိတ္မ်ား၏ လံုၿခံဳေရးကို အေလးထားေသာအားျဖင့္ အဆိုပါ ဒံုးပ်ံစမ္းသပ္မႈအား လာမည့္ရက္ပိုင္းအတြင္း နည္းလမ္းတစ္မ်ိဳးမ်ိဳးျဖင့္ တံု႔ျပန္သြားရန္ အေမရိကန္အစိုးရက စီစဥ္ေနေၾကာင္း သိရသည္။

ယခု ဒံုးပ်ံစမ္းသပ္မႈသည္ အေမရိကန္၏ ပိတ္ဆို႔အေရးယူမႈမ်ား ေျဖေလ်ာ့ေပးရန္အတြက္  ႀကိဳးပမ္းေသာ ေျမာက္ကိုရီယား၏ျမင့္တက္လာေနေသာ ရန္လိုသည့္ လုပ္ေဆာင္မႈမ်ားအနက္ ေနာက္ဆံုးျဖစ္ေၾကာင္း အေမရိကန္ အစိုးရက ႐ႈျမင္သည္။ ဘိုင္ဒင္အစိုးရက ေျမာက္ကိုရီးယားအား ေဆြးေႏြးပြဲစကားဝိုင္းမ်ားဆီသို႔ ျပန္လာရန္ ဖိတ္ေခၚေနေသာလည္း ထရမ့္ႏွင့္ ကင္မ္တို႔ လုပ္ခဲ့သည့္ ထိပ္သီးေခါင္းေဆာင္မ်ား အစည္းအေဝးကဲ့သို႔ အျပဳသေဘာ ေဆာင္မည္မဟုတ္သည္ကို ထင္ရွားစြာ ေတြ႔ျမင္ေနရသည္ဟု သိရသည္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွႏွင့္ သမုဒၵရာရပ္ဝန္းဆိုင္ရာ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဖူနာကိုရွီ တာကဲဟီ႐ိုသည္ ဘိုင္ဒင္၏ ေျမာက္ကိုရီးယားဆိုင္ရာ အထူးသံတမန္ ဆန္ကင္မ္ႏွင့္ ေတာင္ကိုရီယား ႏ်ဴကလီယားဆိုင္ရာ အထူးသံမန္ ႏိုက်ဴဒတ္ခ္တို႔ႏွင့္ ေဆြးေႏြးခဲ့သည္။ ေဆြးေႏြးမႈမ်ားအတြင္း ေနာက္ဆံုးစမ္းသပ္မႈသည္ အဖ်က္စြမ္းအား ပိုမိုႀကီးလာသည္ကို နားလည္ေၾကာင္းႏွင့္ ေျမာက္ကိုရီးယားၿခိမ္းေျခာက္လာခ်ိန္တြင္ သံုးႏိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈအား ထပ္ေလာင္း အတည္ျပဳၾကပါသည္။

ပညာရွင္မ်ားက ေျမာက္ကိုးရီးယားသည္ သူ၏ မဟာမိတ္ႏွင့္ အဓိက စီးပြားေရး အသက္ေသြးေၾကာျဖစ္ေသာ တ႐ုတ္အား ေလးစားေသာအားျဖင့္ ေဘဂ်င္း ေဆာင္းရာသီ အိုလံပစ္ အားကစားပြဲေတာ္ မစတင္မီ ဒံုးပ်ံစမ္းသပ္မႈမ်ားအား ရပ္တန္႔ႏိုင္သည္ဟု သံုးသပ္ၾကသည္။ သို႔ေသာ္ အျခား သံုးသပ္မႈတစ္ခုမွာ ဘုိင္ဒင္အစိုးရသည္ ယခုအခါ ယူကရိန္းအေရးႏွင့္ ပတ္သက္ၿပီး ႐ုရွားႏွင့္ တ႐ုတ္တို႔ျဖင့္ ပိုမို ထိပ္တိုက္ေတြ႔ေနရာ ၎၏ အာ႐ံုစိုက္မႈကို ရရွိရန္အတြက္ ေဘဂ်င္း ေဆာင္းရာသီအိုလံပစ္ အားကစားပြဲေတာ္ ၿပီးခ်ိန္ ေဖေဖာ္ဝါရီလကုန္တြင္ ေျမာက္ကိုရီးယားသည္  ဒံုးပ်ံ စမ္းသပ္မႈမ်ား သိသာထင္ရွားစြာ ျပဳလုပ္လာႏို္င္ပါသည္။

ေခတ္မီတပ္မေတာ္ အဆင့္ျမႇင့္တင္ေရး ႀကိဳးပမ္းမႈအေနျဖင့္ ေျမာက္ကိုရီးယားသည္ ေဘဂ်င္း အိုလံပစ္ မစတင္မီ ဒံုးပ်ံမ်ားအား သည္းသည္းမည္းမည္း ပစ္ျပေနပါသည္။ ၿပံဳယမ္းအေနျဖင့္ စီးပြားေရးအရ ႐ုန္းကန္ေနရခ်ိန္တြင္ ႏိုင္ငံေရးဆိုင္ရာ ႏွစ္ပတ္လည္ေန႔မ်ားကို က်င္းပေနျခင္းသည္ အမ်ိဳးသားဂုဏ္သိကၡာကို ျမႇင့္တင္လုိျခင္းေၾကာင့္ ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ ဆိုးလ္ရွိ အယ္ဟာ တကၠသိုလ္မွ ပါေမာကၡ လိဖ္ အဲရစ္ အက္စ္ေလကို သုံုးသပ္သည္။

သူက ဆက္လက္ၿပီး အေမရိကန္ႏွင့္ ေတာင္ကိုရီးယားကို သတိေပးလိုသည္မွာ ေျမာက္ကိုရီယား၏ လုပ္ေဆာင္ခ်က္မ်ားကို ၿဖိဳဖ်က္ရန္ ႀကိဳးပမ္းပါက အရင္းအႏွီးႀကီးမားစြာ ေပးဆပ္ရႏိုင္သည္။ တစ္ကမၻာလုံးတြင္ ရင္းျမစ္မ်ား ရွားပါးလာခ်ိန္၌ အာရွ၏ တည္ၿငိမ္မႈအား ၿခိမ္းေျခာက္ျခင္းျဖင့္ ၿပံဳယမ္းသည္ တာဝန္သိ ႏ်ဴကလီးယား စြမ္းအင္ (Responsible Nuclear Power) ကဲ့သို႔ေသာ အစားထိုးမႈကို ကမာၻႀကီးအား ေတာင္းဆိုျခင္း ျဖစ္သည္ဟု သူက ဆိုသည္။

ကမၻာ့ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ လင္ဒါ ေသာမတ္စ္ ဂရင္းဖီးလ္က အေမရိကန္အစိုးရသည္ ၿပီးခဲ့သည့္ ရက္သတၱပတ္မ်ားအတြင္း ေျမာက္ကိုရီးယားအား ပိတ္ဆို႔မႈမ်ား ထပ္မံျပဳလုပ္ခဲ့ၿပီးေၾကာင္းႏွင့္ အျခား လုပ္ႏိုင္ဖြယ္ရွိသည့္အခ်က္မ်ားကိုလည္္္း ရွာေဖြေနေၾကာင္း ေျပာသည္။ သံတမန္ေရးဆိုင္ရာ ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ ဖြင့္ထားေၾကာင္း ေျမာက္ကိုရီးယားအား အႀကိမ္ႀကိမ္ ကမ္းလွမ္းခဲ့ေသာ္လည္း လက္ခံျခင္း မရွိဟု သူ(မ)က ဆိုသည္။ သူ(မ)က အေမရိကန္၏ ရည္ရြယ္ခ်က္မွာ အိမ္နီးခ်င္းႏိုင္ငံမ်ားအား လုပ္ေဆာင္ေနေသာ ေျမာက္ကိုရီးယား၏ ၿခိမ္းေျခာက္မႈမ်ားကို ရပ္တန္႔ပစ္ရန္ဟု ဆိုသည္။

ေျမာက္ကိုရီယားက ၎၏ စမ္းသပ္မႈမ်ားသည္ မိမိကိုယ္ကို ခုခံပိုင္ခြင့္ႏွင့္အညီ လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း ရွင္းလင္းခ်က္ ထုတ္သည္။ ဇန္နဝါရီလအေစာပိုင္းက ျပဳလုပ္သည့္ အသံလြန္ဒံုးပ်ံစမ္းသပ္မႈ ႏွစ္ခုအၿပီးတြင္ အေမရိကန္က ပိတ္ဆို႔အေရးယူမႈ အသစ္မ်ား ခ်မွတ္ခဲ့ၿပီးေနာက္ ပိုမိုျပင္းထန္ေသာ လုပ္ေဆာင္မႈမ်ား ျပဳလုပ္မည္ဟုလည္း ၿခိမ္းေျခာက္ထားသည္။

Source: North Korea tests Longest-Range Missile since 2017, Kim Tong-Hyung and Mari Yamaguchi, The Diplomat, February 01, 2020.

(Unicode)

၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ဒုံးပျံ အဝေးဆုံး ပစ်ခတ်စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယား

ဒေါက်တာနိုင်ဆွေဦး
(သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့)

မြောက်ကိုရီးယားသည် ဇန်နဝါရီ ၃၀ ရက် (တနင်္ဂနွေနေ့) က ဒုံးပျံစမ်းသပ်ပစ်ခတ်ခဲ့ရာ အမေရိကန်တွင် သမ္မတ ဂျိုးဘိုင်ဒင် တာဝန်ယူပြီးနောက် အစွမ်းထက်ဆုံး ဒုံးပျံ စမ်းသပ်မှု တစ်ခု ဖြစ်သည်။ ဤသည်မှာ သံခင်းတမန်ခင်းတွင် ကာလရှည် မလူးသာမလွန့်သာ ဖြစ်ပေါ်နေသည့်အကြား ဝါရှင်တန်နှင့် မြောက်ကိုရီးယား၏ အိမ်နီးချင်းများထံ အန္တရာယ်ခံတွင်းသို့မှ တိုးဝင်သည့် နည်းလမ်းဟောင်းမှသည် မရမက ဖြေလျော့ လိုက်လျောပေးမှုကို ပြန်လည် အသက်သွင်းရန် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။
ဂျပန်နှင့် တောင်ကိုရီးယား စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်များက ၎င်းဒုံးပျံစမ်းသပ်မှုသည် အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်အား ရှောင်ရှားနိုင်ရန်အတွက် ကျည်လမ်းကြောင်းအမြင့်ဖြင့် ပစ်ခတ်စမ်းသပ်ခြင်း ဖြစ်ကြောင်း ပြောသည်။ စမ်းသပ်မှုတွင် ဒုံးပျံသည် အမြင့် ကီလိုမီတာ ၂၀၀၀ (၁၂၄၂ မိုင်) အထိ အမြင့်ဆုံးသို့ ရောက်ရှိပြီး ပင်လယ်တွင်း မကျရောက်မီ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်) အကွာအဝေးသို့ ရောက်ရှိခဲ့သည်။
ပစ်ခတ်မှု အသေးစိတ်အချက်အလက်များအရ ၂၀၁၇ ခုနှစ် နောက် တာအဝေးဆုံး ပဲ့ထိန်းဒုံးပျံ စမ်းသပ်မှုဖြစ်သည်။ ထိုစဉ်က ဂျပန်နိုင်ငံအပေါ် ဖြတ်ကျော်၍ တာလတ်ပစ် ဒုံးပျံ နှစ်ကြိမ်းစမ်းသပ် ပစ်ခတ်ခဲ့သည့်အပြင် အမေရိကန် ပြည်မကြီးအထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ်ဒုံးပျံ (၃) စင်းအားလည်း သီးခြားစီ သရုပ်ပြ စမ်းသပ်ခဲ့သေးသည်။
တနင်္ဂနွေနေ့က စမ်းသပ်မှုသည် ဇန်နဝါရီလအတွင်း သတ္တမအကြိမ်မြောက် ပစ်ခတ်စမ်းသပ်ခြင်း ဖြစ်သည်။ ထိုဖြစ်လေ့ဖြစ်ထမရှိသော ခပ်သွက်သွက် စမ်းသပ်မှုများသည် COVID – 19 ကပ်ရောဂါနှင့် ဆက်စပ်သည့် အခက်အခဲများက ဆယ်စုနှစ်များစွာ စီမံခန့်ခွဲမှုအလွဲများကြောင့် စီးပွားရေး ကျဆင်းမှုအား ပိုမိုဆိုးရွားစေခြင်းနှင့် အမေရိကန်ဦးဆောင်သော ပိတ်ဆို့အရေးယူမှုများကြောင့် ထိခိုက်ခြင်းအား ပိုမိုဆိုးရွားစေခြင်းကြောင့် ကာလကြာမြင့်စွာ အချိန်ဆွဲ ရပ်တန့်ထားရသည့် နျူးကလီးယားဆွေးနွေးပွဲများအား ပြန်လည် စတင်နိုင်ရန် ဘိုင်ဒင်အစိုးရအား ဖိအားပေးလိုသည်ကို ရည်ညွှန်းပါသည်။
စိုးရိမ်ဖွယ်ကောင်းသည်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်သည် သူနှင့် သူ့နိုင်ငံ ရပ်တည်ရေးအတွက် အခိုင်မာဆုံးအာမခံချက်ဖြစ်သော နျူးကလီးယားလက်နက်နှင့် ဒုံးပျံများကို စွန့်လွှတ်လိုစိတ် မရှိကြောင်း တွေ့ရပါသည်။ သုတေသီများက ခေါင်းဆောင်ကင်မ်၏ ယခု လုပ်ဆောင်ချက်သည် အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားအား နျူးကလီးယားပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန်နှင့် ယခင် အထောက်အပံ့အတွက် နျူးကလီးယားလက်နက် ဖျက်သိမ်းရေး သံတမန်ခင်း (Nuclear Disaarmament-for-Aid Diplomacy) အား အပြန်အလှန် လက်နက်လျှော့ချရေး (Mutual Reduction) အဖြစ်ပြောင်းလဲရန် ဖိအားပေးလိုသည့် ရည်ရွယ်ချက် ဖြစ်သည်ဟု သုံးသပ်ကြသည်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို ခေါ်ယူပြီး မြောက်ကိုရီးယား၏ တာလတ်ပဲ့ထိန်းဒုံး စမ်းသပ်မှုသည် ၂၀၁၈ က မြောက်ကိုရီးယား ကိုယ်တိုင် အဆိုပြုထားသည့် နျူကလီယားနှင့် တာဝေးပစ်ဒုံးများ စမ်းသပ်ခြင်းဆိုင်ရာ ယာယီဆိုင်းငံ့ထားခြင်းအား ချိုးဖောက်လုဆဲအခြေအနေဟု မှတ်ချက်ပြုသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီနိုဘူက သတင်းစာဆရာများအား ယခုစမ်းသပ်မှုသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာက ဟွာဆောင်း – ၁၅ ဒုံးပျံစမ်းသပ်မှုနောက်ပိုင်း တာအဝေးဆုံး စမ်းသပ်ပစ်ခတ်မှုဖြစ်ကြောင်းလည်း ပြောပါသည်။
ကင်မ်က ဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် ကိုရီယားအလုပ်သမားပါတီ (The Workers’ Party of Korea – WPK) ၏ အစည်းအဝေးအား ဇန်နဝါရီ ၂၀ က ပြုလုပ်ရာ ဝါရင့်ပါတီခေါင်းဆောင်များက အမေရိကန်၏ ရန်လိုမှုနှင့် ခြိမ်းခြောက်မှုများအား သတိမူမိသည်ကို ရည်ညွှန်းလျှက် အထက်ပါ ယာယီဆိုင်းငံ့ထားခြင်းကို ရုတ်သိမ်းရန် ကင်မ်အား လျှို့ဝှက်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
နောက်ဆုံးစမ်းသပ်ပစ်ခတ်မှုသည် ကင်မ်၏ ယာယီဆိုင်းငံ့ထားခြင်းအား ချိုးဖောက်လိုက်ပြီ ဖြစ်ကြောင်း တောင်ကိုရီးယား သိပ္ပံနှင့် နည်းပညာ မူဝါဒ အင်စတီကျူမှ ဒုံးပျံကျွမ်းကျင်သူနှင့် ဂုဏ်ထူးဆောင် သုတေသန ပညာရှင် လီချွန်ဂွမ်က သုံးသပ်ပါသည်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက မြောက်ကိုရီယားနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး မှတ်ချက်ပြုရာ၌ ၂၀၁၇ ခုနှစ် ဝန်းကျင်က ကိုရီယားယား ကျွန်းဆွယ်အခြေအနေနှင့် တူညီလာနေပြီ ဖြစ်ကြောင်း ပြောသည်။ ထိုစဉ်က မြောက်ကိုရီယားသည် တမင်ရန်စသည့်အနေဖြင့် နျူကလီးယားနှင့် တာဝေးပစ်ဒုံးပျံများ စမ်းသပ်ခဲ့ရာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့်အကြား စစ်ရေးအရ အပြန်အလှန်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။
သမ္မတမွန်က မြောက်ကိုရီးယား၏ ယခုနောက်ဆုံးလုပ်ဆောင်ချက်များသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ခြိုးဖောက်ခြင်း ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်း၏ ကိုးရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းမဲ့ရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနှင့် သံတမန်ရေးရာ အဖြေရှာရန် ကြိုးပမ်းမှုများအား စိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားပါသည်။
မြောက်ကိုရီးယားအနေဖြင့် တင်းမာမှုများနှင့် ဖိအားများ ဖြစ်ပေါ်စေသည့် ၎င်း၏ လုပ်ဆောင်မှုများကို ရပ်တန့်သင့်ကြောင်းနှင့် တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုများကို တုံ့ပြန်သင့်ကြောင်း သူက ဆက်လက်ပြောကြားပါသည်။
၂၀၁၉ ခုနှစ်က ထရမ့်နှင့် ကင်မ်တို့ ဒုတိယအကြိမ်ဆွေးနွေးပွဲ အောင်မြင်မှုမရရှိပဲ မြောက်ကိုရီးယား လမ်းချော်သွားခြင်းအပေါ် ပြန်လည်တည့်မတ်ရန် သမ္မတမွန်က ကမ်းလှမ်း ကြိုးပမ်းလျက်ရှိသည်။ ထိုစဉ်က အမေရိကန်တို့သည် မြောက်ကိုရီးယား၏ လိုလားချက်ဖြစ်သည့် ၎င်း၏ နျူကလီးယားလက်နက် ပစ်ခတ်နိုင်မှု စွမ်းရည် တစိတ်တပိုင်းအား စွန့်လွှတ်မည် ဖြစ်ပြီး အပြန်အလှန်အားဖြင့် အရေးပါသော ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ပေးရန်ဟူသောအချက်ကို ငြင်းပယ်ခဲ့သည်။
အမေရိကန် အင်ဒို – ပစိဖိတ် ကွပ်ကဲမှုဌာနချုပ်က မြောက်ကိုရီးယား၏ စမ်းသပ်မှုဖြစ်စဉ်အား အမေရိကန်အနေဖြင့် ရှုံ့ချကြောင်းနှင့် တည်ငြိမ်မှု ပျက်ပြားစေမည့် အပြုအမူများကို ဆက်လက် မပြုလုပ်ရန် မြောက်ကိုရီးယားအစိုးရထံ တောင်းဆိုထားသည်။ နောက်ဆုံး စမ်းသပ်မှုသည် အမေရိကန်လူမျိုးများနှင့် စစ်သည်များ၊ ပိုင်နက် နယ်မြေ သို့မဟုတ် မဟာမိတ်များအား ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှု မရှိကြောင်းလည်း ဆိုသည်။
အိမ်ဖြူတော် တာဝန်ရှိပုဂ္ဂိုလ်များကတော့ ယခုနောက်ဆုံး ဒုံးပျံစမ်းသပ်မှုသည် လပေါင်းများစွာအတွင်း တစတစ မြင့်တက်လာနေသော ရန်လိုသည့် လုပ်ဆောင်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းတို့အနေဖြင့် အလေးထား စိုးရိမ် ပူပန်မှုများ မြင့်မားလာသည်ဟု ဆိုပါသည်။
ဒေသတွင်း မဟာမိတ်များ၏ လုံခြုံရေးကို အလေးထားသောအားဖြင့် အဆိုပါ ဒုံးပျံစမ်းသပ်မှုအား လာမည့်ရက်ပိုင်းအတွင်း နည်းလမ်းတစ်မျိုးမျိုးဖြင့် တုံ့ပြန်သွားရန် အမေရိကန်အစိုးရက စီစဉ်နေကြောင်း သိရသည်။
ယခု ဒုံးပျံစမ်းသပ်မှုသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ဖြေလျော့ပေးရန်အတွက် ကြိုးပမ်းသော မြောက်ကိုရီယား၏မြင့်တက်လာနေသော ရန်လိုသည့် လုပ်ဆောင်မှုများအနက် နောက်ဆုံးဖြစ်ကြောင်း အမေရိကန် အစိုးရက ရှုမြင်သည်။ ဘိုင်ဒင်အစိုးရက မြောက်ကိုရီးယားအား ဆွေးနွေးပွဲစကားဝိုင်းများဆီသို့ ပြန်လာရန် ဖိတ်ခေါ်နေသောလည်း ထရမ့်နှင့် ကင်မ်တို့ လုပ်ခဲ့သည့် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကဲ့သို့ အပြုသဘော ဆောင်မည်မဟုတ်သည်ကို ထင်ရှားစွာ တွေ့မြင်နေရသည်ဟု သိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် သမုဒ္ဒရာရပ်ဝန်းဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဖူနာကိုရှီ တာကဲဟီရိုသည် ဘိုင်ဒင်၏ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန် ဆန်ကင်မ်နှင့် တောင်ကိုရီယား နျူကလီယားဆိုင်ရာ အထူးသံမန် နိုကျူဒတ်ခ်တို့နှင့် ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုများအတွင်း နောက်ဆုံးစမ်းသပ်မှုသည် အဖျက်စွမ်းအား ပိုမိုကြီးလာသည်ကို နားလည်ကြောင်းနှင့် မြောက်ကိုရီးယားခြိမ်းခြောက်လာချိန်တွင် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအား ထပ်လောင်း အတည်ပြုကြပါသည်။
ပညာရှင်များက မြောက်ကိုးရီးယားသည် သူ၏ မဟာမိတ်နှင့် အဓိက စီးပွားရေး အသက်သွေးကြောဖြစ်သော တရုတ်အား လေးစားသောအားဖြင့် ဘေဂျင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် မစတင်မီ ဒုံးပျံစမ်းသပ်မှုများအား ရပ်တန့်နိုင်သည်ဟု သုံးသပ်ကြသည်။ သို့သော် အခြား သုံးသပ်မှုတစ်ခုမှာ ဘိုင်ဒင်အစိုးရသည် ယခုအခါ ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် တရုတ်တို့ဖြင့် ပိုမို ထိပ်တိုက်တွေ့နေရာ ၎င်း၏ အာရုံစိုက်မှုကို ရရှိရန်အတွက် ဘေဂျင်း ဆောင်းရာသီအိုလံပစ် အားကစားပွဲတော် ပြီးချိန် ဖေဖော်ဝါရီလကုန်တွင် မြောက်ကိုရီးယားသည် ဒုံးပျံ စမ်းသပ်မှုများ သိသာထင်ရှားစွာ ပြုလုပ်လာနိုင်ပါသည်။
ခေတ်မီတပ်မတော် အဆင့်မြှင့်တင်ရေး ကြိုးပမ်းမှုအနေဖြင့် မြောက်ကိုရီးယားသည် ဘေဂျင်း အိုလံပစ် မစတင်မီ ဒုံးပျံများအား သည်းသည်းမည်းမည်း ပစ်ပြနေပါသည်။ ပြုံယမ်းအနေဖြင့် စီးပွားရေးအရ ရုန်းကန်နေရချိန်တွင် နိုင်ငံရေးဆိုင်ရာ နှစ်ပတ်လည်နေ့များကို ကျင်းပနေခြင်းသည် အမျိုးသားဂုဏ်သိက္ခာကို မြှင့်တင်လိုခြင်းကြောင့် ဖြစ်ကြောင်း မြို့တော် ဆိုးလ်ရှိ အယ်ဟာ တက္ကသိုလ်မှ ပါမောက္ခ လိဖ် အဲရစ် အက်စ်လေကို သုံးသပ်သည်။
သူက ဆက်လက်ပြီး အမေရိကန်နှင့် တောင်ကိုရီးယားကို သတိပေးလိုသည်မှာ မြောက်ကိုရီယား၏ လုပ်ဆောင်ချက်များကို ဖြိုဖျက်ရန် ကြိုးပမ်းပါက အရင်းအနှီးကြီးမားစွာ ပေးဆပ်ရနိုင်သည်။ တစ်ကမ္ဘာလုံးတွင် ရင်းမြစ်များ ရှားပါးလာချိန်၌ အာရှ၏ တည်ငြိမ်မှုအား ခြိမ်းခြောက်ခြင်းဖြင့် ပြုံယမ်းသည် တာဝန်သိ နျူကလီးယား စွမ်းအင် (Responsible Nuclear Power) ကဲ့သို့သော အစားထိုးမှုကို ကမ္ဘာကြီးအား တောင်းဆိုခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က အမေရိကန်အစိုးရသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မြောက်ကိုရီးယားအား ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့ပြီးကြောင်းနှင့် အခြား လုပ်နိုင်ဖွယ်ရှိသည့်အချက်များကိုလည်း ရှာဖွေနေကြောင်း ပြောသည်။ သံတမန်ရေးဆိုင်ရာ ဆွေးနွေးပွဲများ လုပ်ဆောင်ရန် ဖွင့်ထားကြောင်း မြောက်ကိုရီးယားအား အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း လက်ခံခြင်း မရှိဟု သူ(မ)က ဆိုသည်။ သူ(မ)က အမေရိကန်၏ ရည်ရွယ်ချက်မှာ အိမ်နီးချင်းနိုင်ငံများအား လုပ်ဆောင်နေသော မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ရပ်တန့်ပစ်ရန်ဟု ဆိုသည်။
မြောက်ကိုရီယားက ၎င်း၏ စမ်းသပ်မှုများသည် မိမိကိုယ်ကို ခုခံပိုင်ခွင့်နှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရှင်းလင်းချက် ထုတ်သည်။ ဇန်နဝါရီလအစောပိုင်းက ပြုလုပ်သည့် အသံလွန်ဒုံးပျံစမ်းသပ်မှု နှစ်ခုအပြီးတွင် အမေရိကန်က ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်ခဲ့ပြီးနောက် ပိုမိုပြင်းထန်သော လုပ်ဆောင်မှုများ ပြုလုပ်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။
Source: North Korea tests Longest-Range Missile since 2017, Kim Tong-Hyung and Mari Yamaguchi, The Diplomat, February 01, 2020.

Share.

About Author

Leave A Reply