(Zawgyi Version)
(Unicode Version)
ပထမအကြိမ် ဘင်္ဂလားပင်လယ်အော် ပင်လယ်ရေကြောင်းဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခြင်း
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးသည် (၂၀၂၁) ခုနှစ် ဇူလိုင်လ (၂၆) မှ (၂၇) ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်သော ပထမအကြိမ် ဘင်္ဂလားပင်လယ်အော် ပင်လယ်ရေကြောင်းဆိုင်ရာ ဆွေးနွေးပွဲ (First Bay of Bengal Maritime Dialogue) သို့ တက်ရောက် ကာ သမားရိုးကျမဟုတ်သော ရေကြောင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ (Non – Traditional Maritime Security Challenges) နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ ဘူတန်နှင့် ထိုင်း စသည့် BIMSTEC အဖွဲ့ဝင်နိုင်ငံများနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အစိုးရဝန်ကြီးဌာနများ၊ Think Tank များနှင့် BIMSTEC အတွင်းရေးမှူးချုပ်ရုံးတို့မှ တာဝန်ရှိသူများနှင့် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
Dr. Naing Swe Oo, Founder and Executive Director of Thayninga Institute for Strategic Studies (TISS), has participated in First Bay of Bengal Maritime Dialogue, which was held from July 26 to 27, 2021.
Thayninga Institute for Strategic Studies (TISS)