မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်စစ်သံမှူး လာရောက်တွေ့ဆုံခြင်း
ရန်ကုန် သြဂုတ် ၂၂
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးနှင့် ဦးသိန်းထွန်းဦးတို့အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ပါကစ္စတန်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးကြီး Muhammad Umar Kalid က ယနေ့နံနက်ပိုင်းတွင် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရုံးသို့ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စစ်ဖက်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်သဘောထားချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့