6th Myanmar – Bangladesh Bilateral Experts Meeting တက်ရောက် ဆွေးနွေးခြင်း

0

6th Myanmar – Bangladesh Bilateral Experts Meeting တက်ရောက် ဆွေးနွေးခြင်း

သေနင်္ဂမဟာဗျူလေ့လာရေးအဖွဲ့ (TISS – Myanmar) တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးသည် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ စင်ကာပူနိုင်ငံ Parkroyal on the Beach Hotel တွင် ပြုလုပ်သော 6th Myanmar – Bangladesh Bilateral Experts Meeting အား တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဖက်မှ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဌ အငြိမ်းစား သံအမတ်ကြီး ဦးညွှန့်မောင်ရှိန်၊ MISIS အဖွဲ့ဝင်များ ဖြစ်ကြသော အငြိမ်းစား သံအမတ်ကြီး ဦးဝင်လွင်နှင့် ဒေါ်ကြည်ကြည်လှ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ဗိုလ်မှူးချုပ် အောင်သော် (ငြိမ်း)၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) မှ ဦးကိုကိုလှိုင်နှင့် သေနင်္ဂမဟာဗျူလေ့လာရေးအဖွဲ့ (TISS – Myanmar) တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးတို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးရန်နိုင်ခန့်သည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ ဘင်္ဂလာဒေ့ရှ် နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးအဖွဲ့ (Bangladesh Institute of International and Strategic Studies – BIISS) ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် A K M Abdur Rahman၊ ဘင်္ဂလာဒေ့ရှ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာမှုအဖွဲ့ (Bangladesh Institute of Peace and Security Studies – BIPSS) ဥက္ကဌ ဗိုလ်ချုပ် Muniruzzaman (ငြိမ်း)၊ Bangladesh Enterprise Institute (BEI) ခေတ္တဥက္ကဌ သံအမတ်ကြီး Humayun Kabir၊ Research Initiatives Bangladesh (RIB) ဥက္ကဌ Shamsul Bari၊ The National Human Rights Commission of Bangladesh အဖွ့ဝဲ င်နှင့် Research Initiatives Bangladesh (RIB) အမှုဆောင်ဒါရိုက်တာ Dr. Meghna Guhathakurta၊ Bangladesh Enterprise Institute (BEI) မှ အကြီးတန်းသုတေသနဒါရိုက်တာ Mr. Faiz Sobhan၊ ဒါကာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Dr. Amena Mohsin၊ Bangladesh Institute of International and Strategic Studies (BIISS) မှ သုတေသနအရာရှိများ ဖြစ်သော Shanjida Shahab Uddin နှင့် Raian Hossain တို့နှင့် စင်ကာပူနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးမှ တာဝန်ရှိသူတစ်ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများနှင့်  နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

 

Share.

About Author

Leave A Reply