USI National Security Seminar သို့ တက်ရောက်ဆွေးနွေးခြင်း

0

USI National Security Seminar သို့ တက်ရောက်ဆွေးနွေးခြင်း

အိန္ဒိယနိုင်ငံ The United Service Institution of India (USI) ဒါရိုက်တာ ဒုတိယဗိုလ်ချုပ်ကြီး PK Singh (ငြိမ်း) ၏ ဖိတ်ကြားချက်အရ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးနှင့် ဦးသိန်းထွန်းဦးတို့သည် နိုဝင်ဘာ ၁ ရက်မှ ၂ ရက်နေ့အထိကျင်းပသော 39th USI National Security Seminar on Evolving Geo-politics of the Indo-Pacific Region Challenges  and Prospects သို့ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat က တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ဒေါက်တာ နိုင်ဆွေဦးသည် ဒုတိယနေ့  Session IV Furtherance of Economic and Security Cooperation in Indo – Pacific Region တွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။

အိန္ဒိယတပ်မတော်၏ Think Tank တစ်ခုဖြစ်သော United Service Institution of India အား ဗြိတိသျှ ကိုလိုနီခေတ် ၁၈၇၀ မှာ စတင်တည်ထောင်ခဲ့ပြီး သက်တမ်း ၁၄၈ နှစ် ရှိပြီ ဖြစ်ပါသည်။ ကြည်း ရေ လေ ဦးစီးချုပ် (၃) ဦးက Vice Patron အနေဖြင့် ပါဝင်ပြီး တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား တပ်မတော်အရာရှိကြီးများဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply