2nd Joint International Conference on Maritime Cooperation သို့ တက်ရောက် ဆွေးနွေးခြင်း

0

သေနင်္ဂမဟာဗျူဟာလေ့လာရေးဖွဲ့ Founder & Executive Director ဒေါက်တာနိုင်ဆွေဦးသည် နိုဝင်ဘာလ (၇) ရက်နေ့က နေပြည်တော် Hilton ဟိုတယ်တွင် ပြုလုပ်သော ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး ကွန်ဖရင့် (2nd Joint International Conference on Maritime Cooperation “The Maritime Domain in a Rapidly Changing World: Challenges and Opportunities in Asia and the Pacific “) သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ကွန်ဖရင့်အား မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar – ISIS) နှင့် ဂျာမနီနိုင်ငံ KAS အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပါသည်။ ဂျာမနီနိုင်ငံဘက်မှ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီးများ၊ သံအမတ်ကြီးများနှင့် ပညာရှင်များတက်ရောက်ခဲ့ကြပါသည်။ စင်ကာပူနှင့် တောင်ကိုရီးယားမှ ပညာရှင်များလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံဘက်မှ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော် (ရေ)၊ ရေကြောင်းရဲ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar – ISIS) ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။

ဒေါက်တာနိုင်ဆွေဦးသည် ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် တပ်မတော် (ရေ) ၏ အခန်းကဏ္ဍဆွေးနွေးခြင်းတွင် မြန်မာ့ပင်လယ်ရေကြောင်းလုံခြုံရေး စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard) ဆိုင်ရာ အခန်းကဏ္ဍနှင့် ပတ်သက်ပြီးလည်း အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

Share.

About Author

Leave A Reply