မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်မည့် ရွှေမြွေဟောက် လေ့ကျင့်ခန်း – ၂၀၁၈ (Cobra Gold – 2018)

0

ထိုင်းနှင့် အမေရိကန်တို့သည် နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် အာရှ – ပစိဖိတ်ဒေသ၏ အကြီးဆုံးလေ့ကျင့်ခန်း ရွှေမြွေဟောက် (Cobra Gold) အား လာမည့်နှစ် ဖေဖော်ဝါရီလ ၁၃ မှ ၂၃ ရက်အထိ ကျင်းပမည် ဖြစ်ပြီး နိုင်ငံပေါင်း ၂၉ နိုင်ငံမှ စစ်သည် ၁၂,၀၀၀ ကျော် ပါဝင် လေ့ကျင့်ကြမည် ဖြစ်သည်။

လေ့ကျင့်ခန်းအား ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် Nakhon Ratchasima ရှိ ကြည်းတပ်၏ Surathampitak နှင့် Suranaree တပ်စခန်းများနှင့် လေတပ် အမှတ် (၁) အုပ်စုတို့တွင် ပြုလုပ်မည် ဖြစ်သည်။

လေကြောင်းနှင့် ကမ်းတက်စစ်ဆင်ရေး လေ့ကျင်းခန်းများအား  အရှေ့ဘက် Rayong ပြည်နယ်ရှိ ရေတပ်၏ လေတပ်မနှင့် U – taopao လေဆိပ်၊ Chon Buri ပြည်နယ်ရှိ Sattahip ရေတပ်စခန်းနှင့် Chanthaburi ပြည်နယ်ရှိ ရေတပ်လေ့ကျင့်ရေးကွင်းတို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားစသည့် နိုင်ငံ (၇) နိုင်ငံသည် လေ့ကျင့်ခန်းတွင် အပြည့်အဝပါဝင်လေ့ကျင့်သွားပါမည်။

မြန်မာ၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဂျာမနီ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဆွီဒင်နှင့် ဘရာဇီး စသည့် နိုင်ငံ (၁၀) နိုင်ငံသည် လေ့ကျင့်ခန်းတွင် လေ့လာသူများအဖြစ် ပါဝင်မည်။

Multinational Planning Augmentation Team တွင် ပါဝင်သော နိုင်ငံများ ဖြစ်သည့် သြစတေးလျ၊ ပြင်သစ်၊ ကနေဒါ၊ ယူကေ၊ ဘင်္ဂလားဒေ့ရှ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ဖိလစ်ပိုင်၊ ဖီဂျီနှင့် နယူးဇီလန်  စသည့် (၁၀) နိုင်ငံသည်လည်း ပါဝင်လေ့ကျင့်မည် ဖြစ်သည်။

ထို့အပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံများသည်လည်း လေ့ကျင့်ခန်းတွင် ပါဝင်သွားမည်။

ထိုင်းနိုင်ငံမှ စစ်သည် ၅၆၀၀၊ အမေရိကန်မှ ၅၈၀၀၊ တောင်ကိုရီးယားမှ ၂၀၀၊ ဂျပန်မှ ၁၄၆၊ အင်ဒိုနီးရှားမှ ၆၈၊ စင်ကာပူမှ ၅၀၊ တရုတ်မှ ၄၄နှင့် အိန္ဒိယမှ ၄၄ ဦးတို့ ပါဝင်လေ့ကျင့်သွားမည်။

ထိုင်း စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး Thanchaiyan Srisuwan က Cobra Gold 2018 အား ဖေဖော်ဝါရီ ၁၃ ရက်တွင် Chon Buri ပြည်နယ် Sattahip ခရိုင်ရှိ ရေတပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ဌာနချုပ် (Royal Thai Navy SEAL headquarters) တွင် ဖွင့်လှစ်ပေးသွားမည်။

ကမ်းတက်စစ်ဆင်ရေးလေ့ကျင့်ခန်း (Amphibious Landing drills) များနှင့် အရပ်သားများအား ရွေ့ထုတ်ရေးလေ့ကျင့်ခန်း (Non – combatant Evacuation Operation) များအား ဖေဖော်ဝါရီ ၁၇ တွင်  Sattahip ခရိုင်ရှိ Hat Yao နှင့် Sattahip ရေတပ်စခန်းတို့တွင် ပြုလုပ်သွားမည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူမှုရေး လုပ်ငန်းများ (Humanitarian Civic Action) နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး/ ဘေးအန္တရာယ်ကယ်ဆယ်ရေး (Humanitarian Assistance/ Disaster Relief) ဆိုင်ရာလေ့ကျင့်ခန်းများအား ဖေဖော်ဝါရီ ၂၂ တွင် Chachoengsao မြို့တွင် လည်းကောင်း၊ ပေါင်းစပ်လက်ရုံး လက်တွေ့ ပစ်ခတ်စဉ် (Combined Arms Live Fire Exercise) အား ဖေဖော်ဝါရီ ၂၃ တွင် Chanthaburi ပြည်နယ်တွင် လည်းကောင်း ပြုလုပ်သွားမည်။

ထိုင်းတပ်မတော်မှ JAS – 39 Gripen တိုက်လေယာဉ် (၅) စီး၊ F -16 တိုက်လေယာဉ် (၁၅) စီး၊ L – 39

အမောင်းသင် လေယာဉ် (၄) စီး၊ Alpha Jet အပေါ့စား တိုက်ခိုက်ရေးနှင့် တန်းမြင့် အမောင်းသင်လေယာဉ် (၄) စီး၊ C – 130 သယ်ယူပို့ဆောင်ရေး လေယာဉ် (၁) စီးနှင့် EC – 725 ရဟတ်ယာဉ် (၁) စီးတို့ ပါဝင်လေ့ကျင့်သွားမည်။ အမေရိကန်ဘက်မှ F – 16CM (၆) စီး၊ F/A – 18D (၁၀) စီး၊ C – 130J (၂) စီးနှင့် C – 130H (၂) စီးတို့ ပါဝင်မည်။

အမေရိကန်ရေတပ် ကမ်းတက်တိုက်ခိုက်ရေး စစ်ရေယာဉ် USS Bonhomme Richard သည်လည်း ထိုင်းပင်လယ်ကွေ့တွင် ပြုလုပ်မည့် လေ့ကျင့်ခန်းတွင်း ပါဝင်လေ့ကျင့်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ရွှေမြွေဟောက် (Cobra Gold) လေ့ကျင့်ခန်းအား ၂၀၁၃ ခုနှစ်မှ စတင်ကာ လေ့လာသူ (Observer) အဖြစ် နှစ်စဉ် ပါဝင်လျက်ရှိသည်။

Naing Swe Oo

Thayninga Institute for Strategic Studies

(Photos: Cobra Gold 2017)

Source: https://www.bangkokpost.com/news/politics/1344926/us-thailand-plan-cobra-gold-2018

Share.

About Author

Leave A Reply